The most loving one be me

in #love8 years ago

FB_IMG_1516516466203.jpg

The most loving one be me
W.H Auden ရဲ့ ကဗျာလေးတစ်ပုဒ်ပါ

သူတို့စောင့်ရှောက်သော်ငြား
ကိုယ်ငရဲရောက်နိုင်သား
ကြယ်တွေကို ငေးကြည့်ကာပင်
ကိုယ်တရေးရေးသိမြင်
မြေပေါ်မှာဖြင့်
အနည်းဆုံးတော့ လစ်လျူရှု့သင့်
လူ သို့မဟုတ် တိရစ္ဆာန်ကို ကိုယ်တို့ ကြောက်ရမယ်ထင့်
ကြယ်ဆိုတာ ကိုယ်တို့အတွက် လောင်ကျွမ်းနေရ
ကိုယ်တို့က ဘာမှပြန်မပေးနိုင်ဘူးဆိုရင်
ဒါမျိုးဟာကောင်းရဲ့လား
ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ
အပြစ်မတင်တတ်တဲ့ ကြယ်တွေကို
ချီုးကျူးငေးမောသူ ကိုယ်ဟာ
ကြယ်တစ်စင်းကို
တစ်နေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး
ကြယ်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရင်
ဒါမှမဟုတ် သေဆုံးသွားခဲ့ရင် ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း
ပိန်းပိတ်တဲ့အမှောင်ရဲ့ ခမ်းနားမှု့ကို ခံယူရတော့မယ်
အချိန်တော့နည်းနည်းယူရမှာပေါ့

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.049
BTC 70644.93
ETH 2075.49
USDT 1.00
SBD 0.47