MEIZU M6T

in #meizu8 years ago

Meizu ကနေ ဘတ်ဂျတ်ဖုန်းအသစ်တစ်မျိုးဖြစ်တဲ့ Meizu M6T ကို တရားဝင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ အခု Meizu M6T စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်ပဲရှိမှာဖြစ်ပြီးတော့ ပေးရတဲ့ဈေးနဲ့ တန်တဲ့ စမတ်ဖုန်းတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။
IMG_20180603_122026.jpg
ဘာဖြစ်လို့လဲဆိုရင် Meizu M6T စမတ်ဖုန်းမှာ 5.7″ HD+ 18:9 Ratio Display ပါဝင်မှာဖြစ်ပြီးတော့ Processor အနေနဲ့ MediaTek MT6750 CPU ကို RAM 3GB ဒါမှမဟုတ် 4GB နဲ့ တွဲဖက်ထားတာဖြစ်ပါတယ်။ RAM ရွေးချယ်မှုပေါ်မှုတည်ပြီး Storage ကလည်း 32GB ကနေ 64GB စသဖြင့်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
IMG_20180603_122035.jpg
ကင်မရာပိုင်းအနေနဲ့ Meizu M6T စမတ်ဖုန်းက ဘတ်ဂျတ်ဖုန်းတစ်ခုဖြစ်ပေမယ့် Dual Camera ကို အသုံးပြုထားပြီး 13MP + 2MP Back Camera နဲ့အတူ Selfie Camera ကိုလည်း 8MP တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

Meizu M6T ကို Black ၊ Gold နဲ့ Red ဆိုပြီး အရောင် ၃ မျိုးနဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ အနိမ့်ဆုံး ၇၉၉ ယွမ် (မြန်မာငွေ ၁ သိန်းခွဲ) ကနေ ၁၀၉၉ ယွမ် (ငွေကျပ် ၂ သိန်း ၃ သောင်းဝန်းကျင်) အထိ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
source