လူမိုက်တွျေ့န်နော်

in #mm6 years ago

မနေ့ညကအဖြစ်အပျက်လေးပါ ကျွန်နော်သူငယ်ချင်းဘီယာဆိုင်
မှာထိုင်ရင်းစကားပြောနေကျပါတယ် ကောင်တာမှာထိုင်ပီး ကျွန်
နော်လဲဘီယာယူသောက်ပါတယ် သူငယ်ချင်းအသိတယောက်နဲ့
လူငယ်တယောက် အတူသောက်နေတာတွေ့ရတယ် တစ်နာရီ
လောက်ကြာတော့ လူငယ်ကပြန်သွားတယ် ဟိုတယောက်က
လဲ ပိုက်ဆံရှင်းပီး အပြင်ထွက်သွားမယ်ပြောပြီး ဖုန်းတစ်လုံး
ကျွန်နော်တို့ရှိတဲ့ကောင်တာမှာလာအပ်တယ်ဗျ စောစောက လူ
ငယ်လာရင်ပေးလိုက်ပါတဲ့ ဒီလိုနဲ့ သူပြန်သွားတယ် ခနအကြာမှာ
လူငယ်ကောင်လေးရောက်လာပီး ဖုန်းအပ်ခဲ့တယ်ပြောလို့လာယူ
တာတဲ့ ဒါနဲ့ကျွန်နော်တို့ပေးလိုက်တယ် ခေါင်းလေးညိမ့်ပီး ကျေး
ဇူးပါလို့ပြောသွားတယ် မကြာဘူးဗျာ တစ်နာရီလောက်ကြာတော့
ဟိုတယောက်ပြန်ရောက်လာတယ် ရှေ့နောက်ဆိုသလိုပဲ လူငယ်
ကောင်လေးလဲပြန်ရောက်လာတယ် သူ့ဖုန်းပေးပါလို့တောင်းနေ
တာတွေ့ရတယ် ဟိုလူလဲကောင်တာမှာလာပီး ဖုန်းတောင်းတယ်
ကျွန်နော်တို့လဲ စောစောလေးကမှ အဲ့ကောင်လေးလာယူသွား
တယ်လေကွာလို့ပြောလိုက်တော့ ကောင်လေးကမယူဘူးငြင်းပါ
လေယောဗျာ ကျွန်နော်လဲ မင်းတောင်ကျေးဇူးပါဆိုပီးခေါင်းတောင်
၂ခါညိမ့်ပြသွားတယ်ကွလို့ပြောလိုက်တယ် မယူဘူးပဲပြောတယ်ဗျာ
သူငယ်ချင်းကတော့ ပြန်ပေးလိုက်တဲ့အကြောင်းပြောနေတာတွေ့ရ
ပါတယ် ဟိုလူလဲစိတ်မရှည်တော့ဘူးထင်တယ် ဘယ်လောက်
အတန်လဲ ဘယ်လောက်ပေးရမလဲပြောတော့တာပေါ့ အဲ့လို့ကျ မ
ဟုတ်ပြန်ဘူးဗျ လူငယ်က သူနဲ့ခနလိုက်ခဲ့ပါလို့ဟိုလူကိုခေါ်ပါလေ
ရော ဟိုလူကလဲ ပါးနပ်တဲ့လူမိုက်တစ်ယောက်ဆိုတာ ကျွန်နော်
သိလိုက်တယ် မင်းဘာသဘောလဲတဲ့ မင်းကိုဘယ်သူခိုင်းတာလဲ
မေးတော့ မဟုတ်ပါဘူး ပြောစရာရှိလို့ပါလို့ပြောတယ် ကျွန်နော်
လဲဖုန်းယူသွားသိနေတော့ ဝင်ပြောတယ် သူငယ်ချင်းက ကျွန်နော့
ကိုလက်ဆွဲပီးကောင်တာဆီပြန်လာတယ် မပြောနဲ့တဲ့သူတို့အ
ကြောင်းရှိတယ်တဲ့ ဟိုလူက နှာခေါင်းကိုအမြဲတမ်းပွတ်နေတာသ
တိထားမိတယ် ကျွန်နော်လဲ သူငယ်ချင်းကိုမေးလိုက်တယ် ဟိုလူ
ကဆေးသုံးထားတာလားလို့ ဟုတ်တယ်တဲ့ မင်းဆိုင်ထဲမှာ မင်းမ
ကြောက်ဘူးလားဆိုတော့ သူ့အပိုင်းနဲ့သူတဲ့ ကျွန်နော်သဘော
ပေါက်ပီလေ ပြန်တော့မယ်ကွာဆိုပီး ချက်ချင်းပဲထပြန်ခဲ့ပါတယ်
ဟိုနှစ်ယောက်လဲဘာတွေဆက်ဖြစ်လဲမသိတော့ပါဘူး ကျွန်နော်သိ
လိုက်တာက အဲ့နေရာနဲ့မပတ်သက်အောင်နေဖို့ဆိုတာပါပဲ။

       HFS-35 ![image](https://img.esteem.ws/z6l9608jj7.jpg)
Sort:  

သင်ခန်းစာတစ်ခုရလို့ ကျေးဇူးပါ

Good post bro.

ဘီယာ​သောက်​တယ်​​ပေါ့

တခါတလေပေါ့😁

ကောင်းပတယ်​ခင်​ဗျာ

ဆိုက်ကားများများစီးပါ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57207.57
ETH 2995.57
USDT 1.00
SBD 2.26