Chef (2017) အညွှန်း

in #msu-0636 years ago (edited)

Chef (2017)

မနှစ်တုန်းက ထွက်ခဲ့တဲ့ ကားဆိုပေမယ့် ကျွန်တော် ဒီနှစ်မှ ကြည့်မိတယ် ဘာလို့ မကြည့်မိလဲဆိုတော့ ဇာတ်ကားနာမည်ကြောင့်ပါ Chef ဆိုတော့ စာဖိုးမှူးကားပဲ အစားအသောက်တွေချက်ပြုတ်တာကိုရိုက်ပြမယ်ထင်ပြီး မကြည့်ခဲ့တာပါ ကြည့်ရင်း ဗိုက်ဆာမှာစိုးလို့ ဆိုပါတော့။ မနေ့က မိုးအေးအေးနဲ့ ကြည့်စရာလဲ မရှိ အိမ်မှာချက်ထားတဲ့ဟင်းကလဲ​ မကောင်းတော့ ဒီကားလေးကို ကြည့်မယ် ဒီကားထဲက ဟင်းလျာတွေကို ငမ်းပြီး ထမင်းစားမယ်ဆိုပြီး ကြည့်လိုက်တာ ထမင်းပန်ကန်ပါ ဘေးချပြီး ဇာတ်လမ်းဆုံးအောင်ကြည့်သွားမိပါတော့တယ်။

ဒီကားလေးထဲမှာ မင်းသားပြောတဲ့စကားတစ်ခွန်းကို အခုထိတွေးတိုင်း ရယ်ချင်စိတ်ပေါက်တုန်းပဲ
(လူတွေက ပုံမှန်အားဖြင့် နှလုံးသားနောက်ကိုလိုက်ကြတယ် ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်နှာခေါင်းနောက်ကို လိုက်ခဲ့တယ်) တဲ့။ ဒါကတော့ စာဖိုမှူး ဖြစ်ချင်လွန်းလို့ အသက်၁၅နှစ်အရွယ်မှာ အိမ်ကနေ ထွက်ပြေးပြီး အချက်အပြုတ်ပညာသင်ခဲ့တဲ့ စာဖိုမှူး ရိုရှန်ပြောတဲ့စကားပါ။ ရိုရှန်ဟာ ငယ်ငယ်ကတည်းက စာဖိုမှူး တစ်ယောက် ဖြစ်ချင်တဲ့ အိမ်မက်နောက်ကိုလိုက်ရင်း သူဟာ စာဖိုမှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်. သူဟာ စာဖိုမှူး ဆိုတဲ့ ဂုဏ်ပုဒ်ကို အရမ်းရူးသွပ်ကာ သူ့ရဲ့ အချက်ပြုတ်ပညာကို ထိပါးရင် နည်းနည်းမှ ကြိုက်သူမဟုတ်ပါ။ ကုန်ကုန်ပြောရရင် ဝါသနာကိုရူးသွပ်လွန်းလို့ အမေရိကားက နာမည်ကြီးစားသောက်ဆိုင်က စာဖိုမှူးအလုပ်ကို မစွန့်လွှတ်နိုင်လို့ မိန်းမနဲ့ကွဲ သားနဲ့ ခွဲ ကာ နေထိုင်သူပါ။ တစ်နေ့ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီစားသောက်ဆိုင်ကနေ အလုပ်ပြုတ်ပြီး ဇနီးဟောင်းနဲ့​သူ့သားလေး ရှိရာ အိန္ဒိယကို ပြန်လာပါတယ်။ ဇနီးဟောင်းရဲ့အိမ်မှာ နေထိုင်ရင်း သူ့သားလေးနဲ့ ရင်းနှီးမှု ရကာ မိသားစုရဲ့နွေးထွေးမှုအရသာကို သူတဖန်ပြန်ခံစားမိပါတော့တယ် ။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတောကို ဒီကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။
ဒီကားထဲကစကားတွေ အတွေးအခေါ်တွေ ပညာပေးတွေက ကြည့်ရသူရဲ့ စိတ်နှလုံးကို သိမ်းပိုက်စေမှာ အမှန်ဖြစ်လို့ သေချာလေးအချိန်ပေးကာ စိတ်နှစ်ပြီး ကြည့်ဖို့ မှလိုက်ပါရစေ။

Photo Credit: https://www.imdb.com/title/tt5745450/mediaviewer/rm2770673664

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Hi @dezemyule, you have passed our validation. To finalize your registration go to the following url and grant @Upvotebank access to use your vote - https://steemconnect.com/authorize/@upvotebank?scope=vote

ဇာတ်​အိမ်​ခိုင်​တဲ့ကား​တွေ ကြိုက်​တယ်

Good movie

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61265.70
ETH 3429.20
USDT 1.00
SBD 2.50