အသစ်တွေ မရှိတော့ပြီလား
စာအုပ်ကောင်းတွေဆို လူတွေညွှန်းကြအြေပာကြတဲ့ စာအုပ်တွေဆိုလည်း လွန်ခဲ့တဲ့ နှစ်ဆယ်စုနှစ်ချီ ရာစုချီအဟောင်းတွေကများ။
စာအုပ်သစ်တွေ ထုတ်တဲ့အထဲက စာအုပ်ကောင်းဟဆိုလည်း သူများဆီက နှစ်ဟောင်းစာအုပ်ကများ။
အများပြည်သူအတွက် ပြော ကြဆိုကြစကားဝိုင်းတွေနာမည်ကြည့်တော့လည်း ယောမင်းကြီး တို့ မဟာပညာကျော် တို့ နာမည်တွေက ခေတ်ဟောင်း နာမည်တွေပေးထား။ မဟာပညာကျော်ဆိုတာ ရှေးခေတ်က ရှင်ဥတ္တမကျော် ကို ဆိုလိုတယ်ထင်တာပဲ။
အသစ်တွေ မရှိတော့လို့ အဟောင်းတွေကိုပဲ လူထု စိတ်ကတပ်မက်နေတာလား။ လူတွေကိုက ခေတ်ဟောင်းကို ပိုတပ်မက်ဖက်တွယ်နေတာလား ဆိုတာကိုတော့ .......။
photo credit - https://allevents.in/yangon/ယောမင်းကြီးဇရပ်-talk-show/20002658141217

Nice Post
ရှိမှာပါ
အင်းဒါလဲ စဉ်းစားစရာပဲ လူတွေက စာအုပ်အသစ်တွေကို ရှာမဖတ်ချင်တော့တာလား။ ဒါမှမဟုတ် စာအုပ် review ရေးတဲ့သူတွေကပဲ ကောင်းအောင်မရေးနိုင်တာလား။
ဒီခေတ် စာရေးဆရာအတော်များများကပေါ်ပင်တွေပဲလို့ ထင်တယ်။ အရင်စာရေးဆရာတွေလောက် ဖတ်အားရေးအား မကောင်းကြပဲ လူသိများလို့ စာရေးဆရာဖြစ်လာကြတာနဲ့ တူနေတယ်။ ဒီခေတ်ထဲက ရသ စာရေးဆရာတွေဆိုရင် တကယ့်ရသအားကောင်းကောင်းကို ရေးနိုင်သူတွေကို လက်ချိုးရေလို့ ရနေပြီလေ..အရင်တုန်းက စာရေးဆရာတွေက ဝမ်းစာပြည့်တယ်လို့ ဆိုချင်တယ်..အခုခေတ်ကျတော့ လူတေ်ွက ကြိုက်လို့ ဖတ်ကြတာထက် လူ့အကြိုက်ကို လိုက်ရေးလာကြတယ်လို့ပဲ မြင်မိတယ်...ကျမအမြင်ပါ
အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကိုမှီမယ်မထင်ပါဘူးဗျာ
nice post