သူနဲ့ငါ

in #msu7 years ago

အရာရာသည် ပြောင်းလဲနေကြသည်။
သူ့မှာတော့ လျင်မြန်စွာခြင်း နှေးကွေးခြင်းမရှိသော်လည်း ငါ့အတွက်တော့ ပြကွက်တွေကို အမြန်ရစ်နေသလို လျင်မြန်စွာ ပြောင်းလဲနေကြသည်။ သိပ္ပံကိုလည်းအနည်းငယ် ဟိုတစ်စ ဒီတစ်ဖတ်မိတော့ အတိတ်က အ၇ိပ်တွေကို မှန်းဆပုံဖော်ကြည့်မိသသည်။
သမိုင်းကို ဟိုတစ်စ ဒီတစ်စ မြည်းစမ်းဖူးတော့ သမိုင်းတင်နိုင်တဲ့ခေတ်ကာလက အရာတွေကို မှန်းဆစရာမလိုဘဲ အတိတ်ကိုပြန်မြင်ရပြန်သည်။ အတိတ်နဲ့ ပစ္စုပ္ပါန် ကို အလီလီ အလာလာ လူးလားခေါက်တုန့်ပြန်မိရင်း တစ်ခါတစ်ခါ အနာဂတ်ထိ ခရီးကျွံမိပြန်သည်။ ဖြစ်တည်ခဲ့ခြင်းတိုင်းကို မြင်မိတော့ ဆန္ဒသည်အရာရာကို လိုလားမိနေသည်။ ဖြစ်တည်ခဲ့ခြင်းတိုင်းရဲ့ ပြောင်းလဲမှု အဆင့်တိုင်းကို မပျက်မယွင်းသိမ်းဆည်းထားချင်မိလာသည်။ ငါဟာ အဖိုး ရဲ့ဖြစ်ခြင်းအဖွားရဲ့အဖေရဲ့ဖြစ်ခြင်း အမေရဲ့ဖြစ်ခြင်း စသဖြင့် လောကမှာ ငါသိဖူးသော ရှိခြင်းဖြစ်ခြင်းများသာမက ငါမသိသောရှိခြင်း ဖြစ်ခြင်း များကိုပါ ငါဆုပ်ကိုင်ထွေးပိုက်သိမ်းဆည်းထားချင်နေမိသည်။
ငါသည် အရာရာ ကို ထွေးပိုက်ပွေ့ဖက်သိမ်းစည်းထားခြင်းမိသည်။ သို့သော် ငါထွေးပိုက်မိသည်က ငါထွေးပိုက်ချင်သည်များမဟုတ်ဘဲ ထွေးပိုက်ချင်သော င့ါ ဆန္ဒများသက်သက်သာ။
သို့မဟုတ် ငါ ထွေးပိုက်မိသည်က အရိပ်များသက်သက် သို့မဟုတ် ငါဘာကိုမှ အမိအရ မဆုပ်ကိုင်မထွေးပိုက်နိုင်ခဲ့။ နောက်ဆုံး နှမြောတသစွာ သိခဲ့ဖူးတယ်ဟု ကြည့်နေယုံလေးသက်သက်သာ ။ ဒါလည်း ခနလေး ပါပဲ။ တကယ်တော့ ငါ့ကိုယ်ငါပင် အမိအရဖမ်းဆုပ်ခြင်းငှာ ငါမစွမ်းနိုင်ခဲ့ပဲလေ။

Kyaw Thu Ra
MSU - 056

Photo credit

ac-origins-1-620x349.jpg

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.061
BTC 65980.98
ETH 2012.56
USDT 1.00
SBD 0.50