မေတ္တာထားကြဖို့လိုနေပြီ

in #my8 years ago

image-0-02-06-c0744c69d443098d09d7a5ea0c2831dbf8ce3c1830fc245bd59b0e8551fbb2ed-V.jpg

မတ္တရာမြို့နယ်၊ သဲကောကျေးရွာအုပ်စု၊
ပွဲတိုင်းပျော်ကျေးရွာနေ မြစ်ကောက်-အမက
ကျောင်းအုပ်ကြီး ဦးxxxxxxသည်
၅.၇.၂၀၁၈ ရက်ည (၈)နာခန့်က
၎င်းနေအိမ် ဒရင်းပက်ပေါ်တွင်
ဝဲမျက်လုံး ယာမျက်လုံးညိုမဲဒဏ်ရာများ
မျက်လုံးအောက် ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာ
နှဖူးပေါက်ပြဲဒဏ်ရာများဖြင့်
သေဆုံးနေကြောင်းxxxxxxxxxx

  ဒီမနက် မျက်စိနှစ်လုံး ဝါးကနဲ့ဖွင့်လိုက်

ကတည်းက ဒီလူသတ်မှုသတင်းကြားလိုက်
ရတော့ ဘာတွေဖြစ်နေပြီလဲ လောကကြီး
ရယ် လို့အားအင်ချိနဲ့စွာ မေးလိုက်မိပြီ..
ကျုပ်တို့နယ်မြေမှာ လူသတ်မှုဖြစ်ပြန်ပြီဗျာ.
ဟိုတလောကလည်း ယောက်ျားက မိန်းမကို
ဖောက်ပြန်လို့ဆိုပြီးသတ်လိုက်တယ်..ဟော
အခုလည်း သတ်ပြန်ပြီတဲ့..တပါတ်အတွင်းကို
(၂)မှုလောက်ဖြစ်နေတော့မှုခင်းပညာပေးတွေ
အားနည်းလို့လား?ပညာ ပေးလျက်နဲ့မလိုက်နာ
တလား?မေးစရာဖြစ်နေပြီ.သို့သော်လည်း
သတ်ရတဲ့အကြောင်းအရင်းတော့ရှိပေမယ့်
လည်း ကိုယ့်ဒေါသကိုတော့အတတ်နိုင်ဆုံး
ထိန်းသိမ်းသင့်တာပေါ့..
လူတွေဟာတစ်ဦးနှင့်တစ်ဦး မေတ္တာထားကြ
မယ်ဆိုရင် ကမ္ဘာကြီးငြိမ်းချမ်းဖို့အသားထားလို့
ဦးစွာ မိမိစိတ်မှာ ငြိမ်းချမ်းလိမ့်မယ်ဆိုတာ
အသေအချာပါပဲ.. ဒီလိုဖြစ်စဉ်မျိုးဖြစ်ပွါမှုနည်း
အောင် လူတိုင်း ကိုယ်ကျင့်သီလကိုစောင့်ထိန်း
မယ်ကြဖို့လိုပါပြီ..သီလအစွမ်းကြောင့်လည်း
ကိုယ့်မိသားမှစလို့ ကမ္ဘာကြီးအထိစိတ်ချမ်းသာ
ကြမှာပါ.
ဒါကြောင့် မေတ္တာထားဖို့ လိုအပ်နေပြီ..

Coin Marketplace

STEEM 0.07
TRX 0.31
JST 0.056
BTC 74502.42
ETH 2339.26
USDT 1.00
SBD 0.52