မှော်သေတ္တာ

in #my6 years ago (edited)

image

မှော်သေတ္တာ

သို့နှင့် ကျနော် တန်ဖိုးထားရတဲ့ ----- ကို ရင်းပြီး ရလာတဲ့ “ မှော်သေတ္တာ ” ကို မဖွင့်ရက်ဘဲ ကျနော်တို့ မိသားစုဝင်တွေပဲ သိနိုင်မယ့် ဂူကြီးထဲမှာ လှို့ဝှက်စွာပဲ သိမ်းထားမိလိုက်တော့တယ်။

ဒီလိုနဲ့ ကျနော်လည်း ဇရာတွေထောင်းလို့ ဒီလောကကြီးထဲက ထွက်ခွာရမယ့် အချိန်ကို ကပ်လာခဲ့ပြီ။ ကျနော်သာမရှိတော့ရင် မှော်သေတ္တာအကြောင်းလည်း လူမသိ၊ သူမသိနဲ့ စုန်းစုန်းမြုပ်ရတော့မယ်။ ကျနော် လူ့လောကကြီးထဲက မထွက်ခွာသွားခင် တစ်ခုခုတော့ လုပ်ခဲ့မှဖြစ်တော့မယ်။

“ ကဲ ညီမလေးရေ… ဖေဖေ့ဆန္ဒအရ ဂူကြီးထဲတော့ ရောက်လာခဲ့ပြီ… ”

“ ဂူကြီး ပျော်စရာကြီးနော် ကိုကြီး… နံရံတွေမှာရေးထားတဲ့စာတွေကလည်း သူ့အလိုလိုပြောင်းနေတယ်…”

“ အေးဟ… ဟာသတွေရော၊ ဗဟုသုတရမယ့်စာတွေရော၊ ရှေ့ဖြစ်ဟောစာတမ်းတွေရော စုံလို့ပါလား ”

image

“ ဒါ သမီးတို့ ဘိုးဘွားတွေ လေ့လာခဲ့သမျှတွေကို ရေးထားတာဖြစ်မယ်နော်… ကိုကြီး…”

“ အင်း… ထင်ရတာပဲ ”

“ ဟာ… ကိုကြီးရေ… လာကြည့်ပါဦး။ ဒီမှာ “ မှော်သေတ္တာ ” တွေ့ပြီ။
" ညီမလေး ဖွင့်ကြည့်လိုက်ရမလား ”

“ နေပါဦးဟာ… ဖေဖေ့ဆန္ဒအရ လူအများကို အခွင့်အရေးပေးရမယ်လေ…”

“ ဟင်… ကိုကြီးကလည်း ဖေဖေစာရေးထားတာက “ မှော်သေတ္တာ” ကို ဖွင့်ချင်ရင် တန်ဖိုးထားရတဲ့ ----- ကို သုံးမှရမယ်ဆို… လူတွေက ပါချင်ပါ့မလား ကိုကြီးရဲ့…. ”

image

“ အင်း… ဒါကတော့… သူတို့ ဆန္ဒပေါ့ကွယ်… ကိုကြီးတို့ကတော့ ပြောတာတော့ ပြောပြရမှာပဲ…”
“ ဒါဆို… နောက်ရက်နည်းနည်းကြာမှ “ မှော်သေတ္တာ ” ကို ဖွင့်ခွင့်ပေးလိုက်ပါလား… ကိုကြီး။ အခုက လူတွေ တကယ်ဖွင့်ချင်၊ မဖွင့်ချင် မေးကြည့်ရအောင်လေ…”

“ အေးကွာ… ငါ့ညီမသဘော…
မေးကြည့်ရအောင်…”
တန်ဖိုးထားရတဲ့ ---- ကို သုံးပြီး “ မှော်သေတ္တာ ” ထဲကနေ ဘာတွေရမလဲဆိုတာ..

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 61250.32
ETH 3377.05
USDT 1.00
SBD 2.48