You are viewing a single comment's thread from:

RE: Steemit Platform နှင့် စီးပွားရေး ( Henry Aung )

in #myanmar7 years ago

ကိုယ့်ငွေ ကိုယ့်လုပ်အား မပါပဲ နဲ့ အမြတ်အစွန်းရမယ်ဆိုတာကိုတော့ လူတိုင်းစိတ်ဝင်စားနိုင်ပေမယ့် မိမိရဲ့ ကိုယ်ပိုင်ငွေကြေး ရင်းနှီးစိုက်ထုတ်ထားခြင်းမရှိတဲ့ လုပ်ငန်းကို ၀င်ရောက်လုပ်ကိုင်နေကြမယ်ဆိုရင် ရေရှည်မှာ အဲဒီ member တွေက လုပ်ငန်းအပေါ်မှာ အလေးထားမှု လျော့မယ်လို့ထင်မိပါတယ်။ ကိုယ်တိုင်က တစ်ခုခုကို အရင်းအနှီးအဖြစ် စိုက်ထုတ်လုပ်ကိုင်မှသာ လုပ်ငန်းအပေါ်ကိုရော အမြတ်အစွန်းတွေအပေါ်ကို အရေးထား လေးစားကြမယ်ထင်ပါတယ်ဆာဟင်။ Share ထည့်ဝင်နိုင်ပါတယ်ပြောလည်း လူတိုင်း စိတ်ဝင်စားကြမယ်မထင်ဘူး။ အောင်မြင်လာတဲ့အချိန်ဆိုရင်တော့ အခြေအနေပြောင်းသွားမှာပါ။ မအောင်မြင်သေးရင်တော့ ဆာဟင်ပြောသလို စောင့်ကြည့်အနေအထားနဲ့ပဲ ရှိနေကြမယ်ထင်ပါတယ်။

Sort:  

မှန်တယ် ကိုစိုး... ကျွန်တော်တို့အနေနဲ့ steemit ကို အခြေခံပြီး စီးပွားရေး လုပ်ကို လုပ်ရမှာပါ။ တသက်လုံး စာရေးနေလို့လည်း မဖြစ်နိုင်ဘူးလေ။ ကျွန်တော် ဖြစ်စေချင်တာက စောင့်ကြည့် ဆိုတဲ့ အနေအထားထက် ရသလောက်ယူထားပြီး အချိန်ကျလာတဲ့အခါ အရင်းအနှီးကို Steem Power ကထုတ်ယူကြဖို့ပါ။ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.048
BTC 65862.60
ETH 1943.54
USDT 1.00
SBD 0.51