You are viewing a single comment's thread from:

RE: My very first mommy life!

in #myanmar8 years ago

မိခင်မေတ္တာမှတ်တမ်းတစ်ခုပါပဲ ပထမဆုံး သားဦးလေးလည်းဖြစ်လေတော့ မိခင်တွေက သေချာပေါက်အချစ်ပိုကြမှာပါပဲ အလိုလိုက်သင့်တာကို အလိုလိုက်ပေးပြီး အလိုမလိုက်သင့်တာကိုတော့ လုံးဝအလိုမလိုက်ခဲ့ဘူးဆိုရင် သူကြီးပြင်းလာတဲ့အချိန်မှာ လမ်းမှန်ပေါ်ရောက်နေပါလိမ့်မယ် မိခင်ရဲ့ မေတ္တာတင်မကပါဘူး ဖခင်ရဲ့ မေတ္တာကိုလည်း နားလည်အောင် သင်ကြားပေးဖို့လည်း EQ IQ တို့ထက် အရေးကြီးပါလိမ့်မယ်ဗျာ ဘာကြောင့်ဆို သားသမီးအများ ဖခင်ကို မခင်တွယ်တတ်တာ မြင်နေရလို့အကြံပြုတာပါ အေးချမ်းတဲ့မိသားစုလေး ဖြစ်နိုင်ပါစေဗျာ

Sort:  

ဟုတ်ကဲ့အစ်ကို သားသားကတော့ အင်မတန်ကို သူ့အဖေကိုတွယ်တာတာမြင်ရလို့ စိတ်ချမ်းသာရပါတယ်။ ဒါပေမယ့်လည်း တခါတလေ သူ့အဖေက ဖြစ်ချင်စိတ်တွေများပြီး ခလေးကို ဖိအားပေးသလို ဖြစ်နေတတ်တော့ ညီမက ရှေ့ကနေ ကာဆီးနေရသလိုတွေတော့ရှိတယ်။ ပေးတဲ့ဆုနဲ့လည်း အမြဲပြည့်နိုင်အောင် ကြိုးစားပါ့မယ်။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.061
BTC 68240.57
ETH 2060.06
USDT 1.00
SBD 0.50