တစ်နှစ်ဟောင်း တစ်နှစ်ပြောင်း

in #myanmar8 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


“အဖော်များရယ် ပျော်နေတဲ့ဟန် ဆိုစကားရယ် ဖော်ရွှေတဲ့သင်္ကြန် ဒီနှစ်သင်္ကြန် ဟိုနှစ်သင်္ကြန် နောင်နှစ်အတာသင်္ကြန် စောင့်ကြိုနေမည်အမှန်” ဒီနှစ်မှ သင်္ကြန်မစရသေး နောင်နှစ်သင်္ကြန် စောင့်တဲ့သူတွေလည်း စောင့်နေကြလေရဲ့။ “ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တကာရောက်ခဲ့ပြီ” ဆိုကာ မနှစ်က ရည်းစားကို ရှာဖွေရန်အားခဲသူများကလဲ အားခဲနေကြလေရဲ့။ “ဒီမှာ တင်းတယ် တင်းတယ် တင်းတယ် တင်းတယ်ဟေ့” ဆိုကာ ဘာတင်းမှန်းမသိသူများကလည်း အသားကုန် တင်းနေကြလေရဲ့။ “က က မမ ကိုယ်တိုင် က” ဆိုကာ ဇွတ်ရော အတင်းရော ကခိုင်းသူ များကလည်း ကခိုင်းနေကြလေပြီ။ “မိချောရေ မိချောရေ ပက်အုံး မိချောရေ မိချောရေ မုန့်လုံး” ဟု ဆိုကာ ပက်အုံး နဲ့ မုန့်လုံး ရောကြိတ်နေသူတွေကလည်း ရောကြိတ်နေကြလေ၏။ အချိန်ကာလတို့သည် ရပ်တန့်မနေ ရွှေ့လျားနေသည်ကိုပင် မေ့လျော့နေမိတယ်ထင်။ တစ်နှစ်ဟောင်းလို့ တစ်နှစ်ပြောင်းတော့မယ်။ တနည်းပြောရမယ်ဆိုရင်ဖြင့် သေရန် တစ်နှစ်နီးလာပါပြီလို့ပြောရမှာပဲ။ ဘာတွေများကောင်းကျိုးတွေ လုပ်ထားပြီးပြီလည်းဆိုတာကတော့ ကိုယ်တိုင်ပင် မသေချာ။ မရေရာသေး။ ဒါကိုတော့ မေ့ချင်ယောင် ဆောင်နေချင်ပါသေးတယ်။ သတိရရင် သေရမှာ ကြောက်နေသေးသကိုးဗျ။ သင်္ကြန်အချိန်အခါကလည်း နီးကပ်လာနေပြီ။ ဒါကိုတော့ သတိမရစရာအကြောင်းမရှိ။ သင်္ကြန်သီချင်းသံတွေက မကြားချင်အဆုံး ဖြစ်နေတာကိုး။ သင်္ကြန်သီချင်းသံတညံညံဖြစ်နေတဲ့အပြင် လူတွေကလည်း လှုပ်လှုပ်ရှားရှား သွားလာနေလိုက်ကြတာ တက်ကြွနေလိုက်ကြတာ အလှူအတန်းလုပ်ချင်သူတွေက တစ်မျိုး၊ လူငယ်တွေကလည်း လည်ဖို့ပတ်ဖို့အတွက် ဆံပင်တွေကို အရောင်တွေဆိုးနေကြတာ မမြင်ချင် အဆုံးပေါ့လေ။ သူ့ခေတ်နဲ့သူ့အခါဆိုတော့ ဟုတ်နေကြတာပဲ။ တစ်နေ့က ဆံပင်ညှပ်မလို့ ဆံသဆိုင်သွားပါတယ်။ ဆံပင်ဆေးဆိုးနေတဲ့အတွက် ဟိုဆိုင်မအား ဒီဆိုင်မအား တန်းကိုစီနေတဲ့ကြားထဲ အတင်းဝင်တိုး ဆံပင်ညှပ်ပစ်လိုက်ရတယ်။ တတ်နိုင်ဘူး။ အဲလိုမှ မတိုးရင် ဆံပင်ညှပ်ရဖို့ မလွယ်ကူဖြစ်နေတာကိုး။


06.png

Image from google


ဒါနဲ့ တစ်ခုလောက်မေးချင်တယ်။ ဖြေနိုင်သူများ ဖြေသွားကြပါဗျာ။ သင်္ကြန်ကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပေမယ့် ဒီနှစ်မှ သင်္ကြန်အကြောင်း စဉ်းစားမိတယ်။ ခါတိုင်းတော့ တစ်ခါမှ မစဉ်းစားမိပါဘူး။ ဒီနှစ်မှခေါင်းထဲရောက်လာတာဗျ။ မေးချင်တာက သင်္ကြန်ဆိုတာ ဘယ်ကနေ ဖြစ်လာတာလဲဆိုတာလေးပါ။ သိသူများဖြေပေးပါလို့။ အချို့ ဖတ်ဖူးတဲ့စာတွေထဲမှာ သင်္ကြန်က ဗြဟ္မာကြီးဦးခေါင်းကို တန်ခိုးကြီးနတ်သမီးခုနှစ်ပါးက တစ်နှစ်တစ်ကြိမ်လွှဲပြောင်းတဲ့အချိန် ကိုသင်္ကြန်အဖြစ်သတ်မှတ်တယ်ရေးထားကြတယ်။ တချို့ကျတော့လည်း နက္ခတ်တာရာတွေ ပြောင်းရွှေ့လို့ သင်္ကြန်ကျတယ်လို့ ရေးတဲ့သူတွေလည်းရေးကြတယ်။ ဘယ်ဟာမှန်းမသိလို့ပါ။ သင်္ကြန်ဆိုတာကလည်း အရှေ့တောင်အာရှနိုင်ငံတိုင်းမှာ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ သင်္ကြန်ပွဲတော်ကို သူ့တို့ဓလေ့ထုံးစံနဲ့ သူတို့ကျင်းပလေ့ရှိကြတယ်တဲ့။ မဟာသင်္ကြန်တို့ စူဠသင်္ကြန်တို့ဆိုပြီးလည်း ခွဲခြားထားတယ်ဆိုလား။ မြန်မာနိုင်ငံမှာ သင်္ကြန် ၊ ထိုင်းနိုင်ငံမှာ ဆွန်ကရန်၊ ကမ္ဘောဒီးယားမှာ ချိုချနန်သမေး၊ လာအိုနိုင်ငံမှာ ဘီးမိုင်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ နေထိုင်တဲ့ ဒိုင် လူမျိုးတို့ရဲ့ နှစ်သစ်ကူး ရေသဘင်ပွဲတော် ဆိုတာတွေရှိတယ်ဆိုကြတယ်ခင်ဗျ။ သူ့ဓလေ့ သူ့ထုံးစံတွေနဲ့ ကွဲပြားခြားနားပေမယ့် သင်္ကြန် ပွဲတော်ကျင်းပခြင်းရဲ့ ဆင်းသက်လာရာ မူလဇစ်မြစ်ကတော့ အတူတူပဲလို့လဲဆိုကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတော်သည်ကား အလွန် အမှတ်တရဖြစ်စရာများ ပေါများလှပါတယ်။ ပျော်ရွှင်စရာ ကြည်နူးဖွယ်ရာများနဲ့လည်း ပြည့်နှက်နေပါတယ်။


05.png

Image from google


ဘာပဲဖြစ်ဖြစ် ဘယ်ကနေပဲလာလာ ကောင်းတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုရင်တော့ လက်ခံကျင့်သုံးသင့်တယ်ထင်ပါတယ်။ တကယ့်မူလအရင်းအမြစ် ဘယ်ကလဲ။ ဘယ်နိုင်ငံလဲ လိုက်စစ်နေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ကျွန်တော်အထင်အမြင်သာဖြစ်ပါ၏။ ကောင်းတာ ဆိုးတာကလည်း အမြဲဒွန်တွဲနေတတ်တာလဲရှိတယ်ပေါ့။ အခြားနိုင်ငံတွေက သင်္ကြန်တော့ မရောက်ဖူးလို့ မသိပါဘူး။ ဒီက သင်္ကြန်ကတော့ အစိုးရရုံးပိတ်ရက်ရှည်ဆိုတော့ အလှူအတန်းတွေလုပ်ကြတယ်။ ဥပုသ်သီတင်းဆောက်တည်ကြတယ်။ လူကြီးတွေတင်မဟုတ်ပါဘူး။ တချို့ တချို့သော လူငယ်များလည်း ဒီလိုရက်တွေမှာ ကောင်းမှု ကုသိုလ်လေးတွေ မိမိတို့ တတ်နိုင်သလောက်လေးတွေ လုပ်ကိုင်နေကြတာ မြင်ရတော့ ကြည်နူးစရာပေါ့။ ကိုယ်နိုင်သလောက်လေး ဒုလ္လဘရဟန်းဝတ် ကြတယ်။ ဒါတွေကတော့ကောင်းတဲ့အမွေအနှစ် ပေါ့တွေပေါ့နော။ သင်္ကြန်ရေစိုစိုမှာ ချမ်းတာကို အကြောင်းပြုလို့ လူငယ်အများစု မူးယစ်စေတတ်တဲ့အရာတွေ သောက်စား မူးယစ်ပြီးတော့ ရန်တွေဖြစ်ကြ ယဉ်တိုက်မှုတွေဖြစ်ကြ မဖြစ်သင့်တာတွေဖြစ်ကြနဲ့ပေါ့။ ဒါတွေကတော့ မကောင်းတာတွေလို့ပြောရမယ်။ ဆံပင်တွေလည်း အရောင်ကို စုံလို့ပေါ့။ မိန်းကလေးတွေရော ယောက်ျားလေးတွေရော ဆံပင်သားတွေ ပျက်စီးသွားတာ၊ ငွေတွေ ကုန်နေကြတာ မနှမြောမိကြလေသလောမသိ။ အုပ်ထိန်းသူ မိဘများကလည်း ရောင်စုံလေးတွေကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေကြသည်လောမသိ။ အင်းလေ ကောင်းတာတွေချည်းဖြစ်ဖို့ မျှော်လင့်ထားလို့မရတော့ဘူးပေါ့လေ။ အဆိုးဆိုတာကိုလည်း လက်ခံနိုင်ရအောင်ကြိုးစားထား ရမယ်ပေါ့။ သင်္ကြန်ရဲ့ အကြောင်းလေးတွေကို သိအောင်ကြိုးစားရှာဖွေပြီး နောက်ထပ်လည်း ရေးတင်နိုင်အောင် ကြိုးစားပါဦးမယ်။ ခုတော့ ဒီမေးခွန်းအချို့နဲ့ပဲ ရပ်နားလိုက်ပါရစေ။


03.png

Image from google


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

2-Apr-2018 တနင်္လာနေ့(Monday)

Sort:  

Congratulations @ansoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Do not miss the last announcement from @steemitboard!

သကြန်ဆိုတာ ရေပတ်တာပှုလို့ရေချိုကြရင်း ဖြစ်လာတာပါ

ပူလို့ရေထဲဆင်းရင် တေကုန်ပါလိမ့်မယ် ကသက်ရယ်ဖြေးဖြေးလုပ်ပါ

ဘျာလောင်း ပွဲလေး လုပ်ရအောင်

ကျမသိသလောက်တော့..သင်္ကြန်ဆိုတာ...ဗြဟ္မာဏအယူဝါဒရဲ့ယဉ်ကျေးမူ့တခုပါ။ဘာသာကြီးလေးခုမှာ၊အစောဆုံးကျတာက၊ဗြဟ္မာဏအယူဝါဒပါ။သိဒတ္ထမင်းသားတောင်မှ၊ဘုရားမဖြစ်ခင်က၊ဗြဟ္မာဏအယူဝါဒဖြစ်သလို၊လင်္ကျာရံအရှင်သာရိပုတ္တယာရဲ့မိခင်ဖခင်တို့တောင်မှပုဏ္ဏေးမ
ကြီးတွေဖြစ်လို့..ပရိနိဗ္ဗာန်မပြု ခင်..မိခင်ကြီးကိုသွားချွတ်တော်မူသေးတယ်။အဲဒီအယူဝါဒယဉ်ကျေးမူ့တခုကနေ..ဗုဒ္ဓဘာသာတွေလည်း..လက်ခံပြု မူလာတဲ့သဘောပါဘဲ။

အမှန်ပါခင်ဗျာ ဟိန္ဒူဘာသာကနေဆင်းသက်လာတယ်ထင်ပါတယ် ဗုဒ္ဓဘာသာနဲ့တော့ မပတ်ခဲ့ပါဘူးလို့ရေးထားတဲ့စာတွေဖတ်ဖူးပါတယ်ခင်ဗျ ကျေးဇးပါ