သူခိုးက လူဟစ် တယ်

in #myanmar8 years ago (edited)

image
ဒီမယ် ဒီမယ်
မပြောချင်လည်း ပြောထွက်လာရတဲ့စကားသံတွေရဲ့အစက
ရှင့်ဘေးက အနေအထိုင်မတတ်သူတွေရဲ့
မြောင်းဖောက်နေတဲ့လက်တွေကြောင့်ဆိုတာ
ရှင်မသိဘူးကိုးးး

လူ့စည်းဘီလူးစည်းဆိုတာနားမလည်
ဂုဏ်ပုဒ်တစ်ခုကိုသားရေယိုပြီး
အနေနီးမှုကိုသာယာကာ
သူ့လူကို ငါ့လူလို့လုပ်ချင်
ဂုဏ်သိက္ခာ တရား မိုင်းနပ်ပြနေတဲ့
လူတွေကို ရှင်အားနာနာနဲ့ ပြောဆိုဆင်ဆံ

ရိုးသားပါတယ် ရိုးသားပါတယ်ဆိုပီး
ခိုးစားလားလို့ မမေးရသေးခင်တောင်
ပိုင်ရှင်ကို ပြန်ပီး
သူခိုးက လူ ပြန်ဟစ်နေတဲ့ မိန်းမတွေကိုလည်း
ကျွန်မက ပြုံးပီးတော့ပဲကြည့်နေဖြစ်တယ်လေ
ခိုးစားမဲ့ အရာကို ဒီလောက်တောင်
တန်ဖိုးထားနေရင်
ပိုင်ရှင်အစစ်က ဘယ်လောက်မြတ်နိုးမလဲ
သူတို့ကိုယ်ချင်းမစာတတ်ကြရှာဘူးလေ

အားနာတတ်ခြင်းကို
ကာဗာယူပီး ဘေးနားကိုကပ်
သူများလူကို နိုက်ရမှ အသက်ရှူဝမယ်ထင်နေတဲ့
ကညာပျိုတွေနဲ့
အားနာတတ်တဲ့ ရှင်နဲ့
အမြင်မတော်ရင် ပြောတတ်တဲ့ကျွန်မနဲ့
ပြသနာမီးပွားတွေကတော့ ဖိတ်စင်နေဦးမာပါပဲ

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.063
BTC 68211.08
ETH 2103.72
USDT 1.00
SBD 0.51