လေးစားထိုက်သူ (ဇာတ်သိမ်း)
အပိုင်း ၁ ဖတ်ရှုရန်
အပိုင်း ၂ ဖတ်ရှုရန်
လူတစ်ဦးကား စိတ်ကြည်နေသောအခါ မြင်သမျှတွေ့သမျှအပေါ် ကြည်နှုးနေတတ်သည်မှာ သဘာဝပင်။ယခု ကိုမြင့်ဦးတစ်ယောက်လည်း၏သို့ပင်ဖြစ်နေလေသည်။ မိမိရည်ရွယ်ချက်ပြည့်ရန်ကား သိပ်မလို့တော့ပေ။
" မယ်လှ ထမင်းခူးကွာ စားသောက်ပြီးရင် ငါဆိုင်သွားတော့မလို့"
"ကိုမြင့်ဦးရယ် ရှင့်နှယ် အစောကြီးရှိပါသေးတယ် ဘာလို့များ ဒီလောက်လောနေရတာလည်းတော်"
ဟုတ်တော့လည်း ဟုတ်ပေသည်။မလှပြောလည်းပြောချင်စရာပင်၊အချိန်ကား အတော်ပင်စောနေသေးလေသည်။
ဆိုင်သို့ရောက်၍ ခင်းကျင်းစရာရှိသည်တို့အား ခင်းကျင်းပြီမကြာခင်၌ပင် မလှတစ်ယောက် ရောက်ရှိလာလေသည်။
"အမယ် ဒီလင်မယားနှစ်ယောက် ဝိရိယ ကောင်းနေကြပါလား "
နံနက်ခင်း ပန်းဈေးသွားရောင်းမည့် ကိုဋ္ဌေး ပြောလည်းပြော ရင်းနှင့် ဆိုင်အတွင်းသို့ဝင်ရောက်ထိုင်လေသည်။
ကိုမြင့်ဦးတစ်ယောက် ရပ်ကွက်အတွင်း မိမိတို့ထက် အရင်ရောက်နေသော ကိုဌေးအား မိမိဆောက်ချင်သည့် တံတားလေးများအတွက် အကြံဥာဏ်တောင်းလေတော့သည်။
"ဒါကတော့ လုပ်မယ်ဆို ကောင်းတာပေါ့ ကိုမြင့်ဦးရ။ ရပ်ကွပ်လူကြီးတွေကိုလည်း အကျိုးကြောင်းပြောပြကြတာပေါ့ဗျာ။ကောင်းတာလုပ်တာဘဲ လူကြီးတွေလည်း လက်မခံစရာ အကြောင်းမရှိပါဘူးလေ။"
ဤသို့ဖြင့် တံတားဆောက်လုပ်ရန် လိုအပ်သည့် ပစ္စည်းများ၊လုပ်အားခကုန်ကျငွေများကို စရင်းတွက်ကြလေတော့သည်။
မိမိ၌စုဆောင်းထားသည့် ငွေလေးနှင့် ချင့်ချိန်ကြည့်သည့်အခါ တံတားလေး ၂ စင်း တွက် လောက်ငှမှုရှိနေပြီဖြစ်ကြောင်းသိရလေသည်။ ထို့ကြောင့် အချိန်ဆိုင်းမနေဘဲ နောက်တစ်နေ့၌ပင် စတင်၍ တံတားဆောက်ခြင်းအား ပြုလုပ်ကြလေတော့သည်။
မလှသည်လည်း ကိုမြင့်ဦးအနေဖြင့်တံတားဆောက်မည်ဆိုသော်လည်း ငြိုငြင်ခြင်းမရှိပေ။ ဇနီးကောင်းတစ်ဦးပီသစွာ အားပေးခြင်းပင် ပြုလေ၏။
ကိုမြင့်ဦးလည်း တံတားဆောက်နေရာသို့ပြေး၍ကြည့်လိုက်၊ ဆိုင်သို့ ပြန်လာလျုက်နှင့် အတန်ပင် အလုပ်ရှုပ်နေရှာပေသည်။
"ကိုမြင့်ဦးရယ် ရှင့်နှယ့် နားနားနေနေလေး နေပာအုန်း . . . ကိုယ်တိုင်လည်းလုပ်တတ်တာမှမဟုတ်တာ တံတားဆောက်တဲ့လူတွေ သူတို့ဘာသာ ဆောက်တတ်ပါတယ်ရှင်"
"မင်းမသိပါဘူး မယ်လှရာ၊ ငါသွားသွားနေတယ်ဆိုတာ ကိုယ်တိုင်လုပ်တတ်လို့တော့ ဘယ်ဟုတ်ပမလည်း။ကိုယ်လှူထားတဲ့ တံတားလေးကိုကြည့်မိတိုင်း ပီတိဖြစ်လို့ပါ။"
ကိုမြင့်ဦးနှင့် မလှတို့ဇနီးမောင်နှံ ကြိုးစားစုဆောင်း၍ လှူတန်းမှုကြောင့် ရပ်ကွက်လေးအတွင်း ကွန်ကရစ်တံတားလေးများ အတန်ပင် များလာလေသည်။
ဤမျှနှင့် ရပ်တန့်ရန် သူတို့ဇနီးမောင်နှံနှစ်ဦး ဆန္ဒမရှိကြပေ။ တတ်နိုင်သမျှ ဆက်၍ လှူဒါန်းဆောက်လုပ်သွားဦးမည်ဟူ၍ ဆုံးဖြတ်ထားကြလေသည်။
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
တော်လိုက်တဲ့ဇနီးမောင်နှံကုသိုလ်လုပ်တတ်တာ
ဟုတ်တယ်ဗျာ တစ်ကယ်တော်တယ်
ကုသိုလ်ယူတတ်သူများပ
အမှန်ပေါ့ ဦးထွေး
ဒီလိုလူတွေ များများပေါ်ထွက်လာရင်တော့ တိုင်းပြည်အေးချမ်းမယ်
ဟုတ်တယ်အမရေ အာ့လိုလူမျိုးတွေများများလိုအပ်တာ
တော်လိုက်တဲ့ ဇနီးမောင်နှံ
Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
မယ်တစ်ထမ်းမောင်တစ်ရွက်ကိုပြောတာ အဲ့ဒါ
တင်ပ ဘုရား