" သေးငယ်သော အပစ် "
အချိန်ကာလကား 1986 ခုနှစ် နှင်းမှုန်ဖွေးဖွေးကျနေသော ဆောင်းမနက်ခင်းကာလဖြစ်သည်။ နေရာ ဒေသကား နယ်မြို့လေးတစ်မြို့၏ ကိုယ်တော်၏ဝိဥာဏ်တော်များ နာမတော်များဖြင့် ကိန်းအောင်းရာ ဘုရားကျောင်းတစ်ခုတွင်ဖြစ်သည်။

Image source
အရှေ့အလယ်ပိုင်းဒေသမှာ အာမဂေဒုန်စစ်ပွဲ ဖြစ်မှာလား။ မဖြစ်ပါဘူး။ အာမဂေဒုန်စစ်ပွဲဟာ ဒေသတစ်ခုတည်းမှာ မဟုတ်ဘဲ ကမ္ဘာနဲ့ချီဖြစ်ပါလိမ့်မယ်။—ယေရမိ ၂၅:၃၂–၃၄; ယေဇကျေလ ၃၉:၁၇–၂၀။

Image source
ဘုရားကျောင်းအတွင်းမှ သမ္မာကျမ်းစာဖတ်နေကြသံများ ခပ်အုပ်အုပ်ထွက်ပေါ်လာပြီးနောက် ကိုယ်တော်၏ နာမတော်ကို ချီးကျူးကြပြီး " အာမင် " ဟူသော သံပြိုင်ထွက်ပေါ်လာပြီး တနင်္ဂနွေ တစ်ရက်၏ ဘုရားကျောင်းတက်ခြင်းအမှု ပြီးဆုံးက အသီသီ အိမ်ပြန်ကြလေတော့သည်။
အများသူငါ အသီးသီးအိမ်ပြန်ကုန်ကြသော်လည်း " ဦးဆန်းအောင် " မှာမူ ကျမ်းစာအုပ်ကလေး ရင်မှာပိုက်လျက် ချီတုံချတုံဟန်ဖြင့် တစ်ခုခု စဉ်းစားလျက် ရှိသည်။ နောက်ဆုံးတွင်မူ ဆုံးဖြတ်ချက်တစ်ခုအား အခိုင်အမာ ချလိုက်ဟန်ဖြင့် ကျောင်းဝင်းအတွင်းရှိသော " ဖာသာ " ကြီးရှိရာသို့ ဦးတည်သွားလိုက်ပေတော့သည်။
" ဖာသာ "
ဦးဆန်းအောင်၏ ခေါ်သံကြောင့် စာအုပ်များကို စီရီနေသော " ဖာသာ " ကြီးက လှည့်ကြည့်ပြီး " သြော် ဦးဆန်းအောင် မပြန်သေးပဲ ကိုး "
" ပြောစရာများ ရှိနေလား ဦးဆန်းအောင် " ဟု မေးလိုက်လေသည်။
" ပြောစရာ ဆိုတာထက် အနှစ်သုံးဆယ် နီးပါးလောက် လိမ်ညာမိသလို ကျူးလွန်ထားမိတဲ့ အပစ်တွေကို ကိုယ်တော့်ဆီမှာ ဒီနေ့ တိုင်တည် ဆေးကျော ချင်လို့ပါ ဖာသာ "
" မင်္ဂလာစကားပါပဲ ဦးဆန်းအောင် "
" အပစ်ကို ကျူးလွန်ထားမိပြီး ဒီအတိုင်းနေတာနဲ့စာရင် ဘုရားသခင်ဆီမှာ ဆေးကြောဝန်ခံ လိုက်တာက အကောင်းဆုံးပါ " " ဒါနဲ့ ဦးဆန်းအောင် က ဘယ်လိုအပစ်တွေ ကျူးလွန်ထားခဲ့မိလို့ လဲ "
" ပြောပြပါ့မယ် ဖာသာ ဒီလိုပါ။
" လွန်ခဲ့တဲ့ 1945 ခုနှစ်လောက်က ဒုတိယကမ္ဘာစစ်မီးက မြန်မာနိုင်ငံကိုပါ ကူးစက်လာတဲ့အချိန်တုန်းကပေါ့ "

Image source
ဦးဆန်းအောင်၏ မျက်လုံးတွင် အတိတ်ကမြင်ကွင်းတစ်ခုကို မြင်ယောင်သွားမိတော့သည်။ 1945 ခုနှစ်လောက်က နာဇီအာဏာရှင် " ဟစ်တလာ " ၏ အာဏာရူးထမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး အတိဒုက္ခရောက်ကာ ဒုတိယကမ္ဘာစစ်၏ မကောင်းကျိုး ကို ကမ္ဘာ့နိုင်ငံ အတော်များများ ခံကြရလေသည်။ မြန်မာနိုင်ငံသည်လည်း ထိုဆိုးကျိုးကို ခံစားရသည် ဖြစ်ရာ ပြည်သူများအတော်လေး ကသီလင်တုဖစ်ခဲ့ကြရပေသည်။
တစ်နေ့ ထိုတစ်နေ့ကို ဦးဆန်းအောင် ကောင်းကောင်းမှတ်မိပေသည်။ စစ်ဘေးစစ်ဒဏ်ကို ကြောက်ရသေကြောင့် စောစောစီးစီးချက်ပြုတ်စားသောက်ကာ မီးများကို မှိတ်၍ အိမ်သားများအား အိပ်ထားစေလိုက်သည်။ မိမိကိုယ်တိုင်မှာမူ မအိပ်စက်နိုင်သေးပဲ ကမ္ဘာ့အရေး မြန်မာ့အရေးနှင့် မိမိ မိသားစုရှေ့ ရေးအတွက် ဦးဆန်းအောင် တွေးပူနေမိလေသည်။ ထိုစဉ် အိမ်ရှေ့ မှ " အိမ်ရှင်တို့ အိမ်ရှင်တို့ " ဟု ခပ်အုပ်အုပ်ခေါ်သံကို ဦးဆန်းအောင် ကြားလိုက်ရသဖြင့် တံခါးကို အသာဖွင့်၍ လက်နှိပ်ဓါတ်မီးက တစ်ဖက် အရေးအကြောင်းရှိက ကာကွယ်ရန် ပြုလုပ်ထားသော လက်ကိုင်တုတ် ကိုဆွဲကာ အပြင်ထွက်ခဲ့လိုက်လေသည်။
အိမ်ရှေ့တွင် ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်အားတွေ့ရလေသည်။ ယောက်ျားဖြစ်သူမှ သူတို့ဟာ လူကောင်းများဖြစ်ပါကြောင်း အိမ်ထဲသို့ ဝင်ခွင့်ပြုပါရန် အကြောင်းကို မြန်မာစကားမပီမသဖြင့် ပြောပြနေလေသည်။ ဦးဆန်းအောင်လည်း ထိုလူနှစ်ယောက်အားအကဲခတ်၍ ရန်သူတော့ မဟုတ်တန်ရာ ဆုံးဖြတ်ကာ အိမ်ထဲဝင်ခွင့်ပြုလိုက်လေသည်။
အိမ်ထဲရောက်သောအခါ သူတို့သည် ဂျူးလူမျိုးလင်မယား နှစ်ယောက်ဖြစ်ကြောင်း အရင်ပြောလေသည်။ နာဇီအာဏာရူး ဟစ်တလာက ဂျူးများကို လူမျိုးတုန်း သတ်ဖြတ်နေသလို သူရဲ့ မဟာမိတ်နိုင်ငံများကိုလည်း ဂျူးလူမျိုးတွေ့လျှင် ရှင်းလင်းခိုင်းထားသောကြောင့် ဟစ်တလာ၏ မဟာမိတ်များဖြစ်သော ဂျပန်များကလည်း မြန်မာနိုင်ငံတွင် ရှိနေသောကြောင့် သူတို့ အသက်အန္တရာယ်မှာ စိုးရိမ်ရသောကြောင့် သူတို့ကို ကယ်ပါရန် ဝှက်ထားပေးပါရန် ပြောကြလေသည်။ သူတို့ကို ဝှက်ထားရသောကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် တစ်လဒေါ်လာတစ်ထောင်ပေးမှာ ဖြစ်သလို စစ်ကြီးပြီးဆုံး၍ အေးချမ်းခဲ့ပါက ဒေါ်လာမြောက်များစွာ ထပ်ပေးပါ့မည်ဟု ကမ်းလှမ်းလာခဲ့ပါသည်။
ဦးဆန်းအောင် သေချာစဉ်းစားရလေပြီ။ ထိုအချိန်အခါက တစ်လဒေါ်လာတစ်ထောင်သည် မနည်းလှပေ။ စစ်ကြီးဖြစ်နေသောကြောင့် အလုပ်အကိုင်များ ရှားပါးကာ စားသောက်စရာများကလည်း ဈေးကြီးလှပေရာ ထို ဒေါ်လာတစ်ထောင်အတွက်ဖြင့်ပင် ဦးဆန်းအောင် ဝှက်ထားပေးဖို့ ဆုံးဖြတ်လိုက်လေသည်။
" အဖြစ်ကတော့ အဲဒါပါပဲ ဖာသာ ရယ်။
ဖာသာကြီးက " ဦးဆန်းအောင်က သူတို့ကို တစ်လဒေါ်လာတစ်ထောင်နဲ့ ကူညီဝှက်ခဲ့တဲ့အတွက် အပစ်တွေ ဆေးကြောချင်တာလား " သူတို့တွေကရော တစ်လဒေါ်လာတစ်ထောင် ပေးဖို့ အဆင်ပြေကြရဲ့လား။
" သူတို့ အတွက်က တစ်လဒေါ်လာတစ်ထောင်က မခက်ခဲပါဘူး ဖာသာ "
" ဒါဆိုရင် ဦးဆန်းအောင်က ဘယ်အရာကို အပစ်လုပ်ခဲ့မိတယ်လို့ ခံစားခဲ့ရလို့လဲ " သူတို့ပေးတဲ့ လစာနဲ့မတန်အောင် သူတို့ကို ပြန်ကြွေးမွေးမိခဲ့လေသလား။
" အဲ့လိုလည်း မဟုတ်ပါဘူး ဖာသာ " သူတို့ပေးတဲ့ လစာဒေါ်လာတစ်ထောင်ကြောင့် စစ်ကြီးအတွင်းမှာ သူများလောက် အနေအစားမဆင်းရဲခဲ့သလို သူတို့ကိုလည်း အဲ့လို အစားအသောက်မဆင်းရဲစေခဲ့တဲ့အတွက် ကျေးဇူးရှင်လိုပဲ သဘောထားပြီး ကောင်းကောင်းမွန်မွန် ကြွေးမွေးစောင့်ရှောက်ခဲ့ပါတယ် ဖာသာ "
" ဒါဆိုရင် ဦးဆန်းအောင် ဝန်ချတောင်းပန်ချင်လောက်တဲ့အပစ်ကဘာမို့လဲ။ ဘာတွေကျူးလွန်ခဲ့မိလို့လည်း။
" ဒီလိုပါ ဖာသာ ကျွန်တော် သူတို့ကို တစ်ခြားအပစ်တော့ ကျူးလွန်မထားပါဘူး။ ဒါပေမဲ့ ဒီနေ့အချိန်ထိ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားပြီ ဆိုတာ သူတို့မသိကြသေးပါဘူး "
" Oh My God "
Author>>>@aungzawhtwe
MSC : 014
လိမ်ရက်လေအား သနားပါတယ်
သိပ်မလိမ်ရှာပါဘူးလေ။😁😁😁
upvote for me please? https://steemit.com/news/@bible.com/6h36cq
စိတ်ဝင်စားစရာကောင်းတာဖတ်ချင်လှပြီ။
ဇာတ်လမ်းက အဲ့လောက်ပဲလေ။
ဆက်ရန်ကျန်သေးလားဖတ်ရန်မျော်နေပါသည်
ဆက်ရန်မကျန်ပါဘူး။ ကြားဖူးထားတဲ့ ဟာသ လေးကို ဇာတ်လမ်းဆင်ထားတာပါ။
1945ကနေ 1986ထိ
41 နှစ်ကြာဆိုတော့ $492000
အဲ့ဂျူးတွေ တော်တော်ချမ်းသာခဲ့တာပဲ😁
သူတို့က ဘောစိတွေဆိုပဲဗျ။😁😁😁
ရနေတဲ့အခွင့်အရေးလေးက..အရမ်းကောင်းနေတော့
အဖြစ်မှန်ကိုမျက်ကွယ်ပြု ထားပီး..မှေးပီးအခွင့်အရေးကို
သိသိကြီးနဲ့ယူနေတာဆိုတော့...အပစ်ကြီးတာပေါ့
လူ့အဖွဲ့စည်းက အဲ့အတိုင်းဖြစ်နေတာ အန်တီ။ အဲဒါကို ပြောချင်တာပါပဲ။
ဒါကတော့ အပြစ် ကြီးတယ်ထင်တယ်။သူတစ်ပါးကို အချိန်အကြာကြီး လိမ်ညာလှည့်ဖျားထားတာ။
ဟုတ်။
အော်...အဲ့လိုလား
အင်းးအဲ့လိုတဲ့။
Congratulations! This post has been upvoted from the communal account, @minnowsupport, by aungzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thank for your support .
အပြင်မှာတော့ ဂျူးတွေက အတော်လည်သကိုးဗျ အစ္စရေးတောင်ရောကိနေလောက်ရောပေါ့
အင်းး ကိုယ်ရေးတဲ့ဇာတ်ဆိုတော့လည်း တမင် အ ခိုင်းထားလိုက်တာ။😁😁😁