You are viewing a single comment's thread from:
RE: ကြမ္မာဆိုးကို အရင်းပြု၍ Tin Hlaing Oo(Thayet)
ကောင်းကျိုး ပေးနိုင်သော အခွင့်အရေးများသည် တစ်ခါတလေသာလာတတ်ပြီး လာသောအခါတွင်လည်း အနည်းအကျဉ်းသာလာတတ်ပါသည်။ ဆိုးကျိုးပေးနိုင်သောအခွင့်အရေးများကတော့ အမြဲလာလေ့ရှိပြီး အဖော်အပေါင်းတွေပါ ခေါ်လာတတ်ပါတယ်ဆရာ။ အဲဒီနှစ်ခု မတူညီရတဲ့အကြောင်းလေးတပည့်ကို နည်းနည်းရှင်းပြပေးပါလား ဆရာ။ ရိုသေစွာဖြင့် မေးခြင်းပါဆရာ။
လူတိုင်းမှာအကောင်းမြင်စိတ်ထက်၊ အဆိုးမြင်စိတ်ကများပါတယ်၊ အကြောင်းရင်းက မလုပ်သေးခင် ရပါ့မလားဆိုတဲ့ဒီဟစိတ်၊ ရသွားရင် ဆုံးရှုံးသွားမှာလားဆိုတဲ့ ဗျာပါဒစိတ်၊ အဲဒီစိတ်တွေက အချိန်တိုင်း မိမိ အတွင်းစိတ်ကိုစေ့ဆော်နေတယ်၊ အဲဒီစိတ်ကိုပျောက်ဖို့ အကောင်းမြင်စိတ်နဲ့စေ့ဆော်ဖို့လုပ်ပေးရပါ့မယ်၊ အဲဒီလိုလုပ်ဖို့က ရသမျှ ကိုယ်အတွက် တိုးတက်စေမယ့်အကျိုးတရားများလို့ရှုမြင်တတ်အောင်လေ့ကျင့်ပါ။ စည်းစိမ်ဥစ္စာနဲ့ အတွေ့အကြုံ နှစ်ခုလုံးမှာ စည်းစိမ်းဥစ္စကိုမရရင် အရှုံးလို့လူတိုင်းတွက်ကြတယ်၊ အမှန်က အရှုံးမဟုတ်ပါ၊ ကိုယ်မှန်းတာ ဆယ်သိန်းဆိုပါတော့ ၊ ဆယ်သိန်းတန်ပစ္စည်းမရရင် ဆယ်သိန်းတန် အတွေ့အကြုံ ပညာရပ်ရလိုက်တာပဲလေ၊ ဘယ်မှာရှုံးလို့လဲ၊ အဲဒီလိုမြင်လာရင် အတွငိးစိတ်တန်ခိုးက အမြဲတမ်းအမြတ်ရအောင်ပဲဆွဲခေါ်သွားပါလိမ့်မယ်။