ိန်းမူး

in #myanmar8 years ago

ခုဖြစ်နေတဲ့ အမှုနဲ့တော့ မဆိုင်ဘူး ၊ ဒီတိုင်း ကြုံလို့ပြောဦးမယ်!

'မူးလို့ ဒိန်းမိပါတယ်'ဆိုတာကို ဘယ်သူပြောပြော လက်မခံဘူး
မူးလို့ ဒိန်းတယ် ဆိုတာ လိမ်တာ..
ဒိန်းချင်လို့ မူးတယ်ဆိုတာပဲ ရှိတယ်..

ပြောတာကို သဘောပေါက်တယ်မလား?

(တချို့)သမီးရည်းစားတွေဆို အတူတူကလဲ နေချင်တယ်
နေကြရအောင်ဆိုပြီး ပြောလို့က မထွက်
အဲ့တော့ ဘာလုပ်လဲ..
တစ်ယောက်က အမူးသောက်၊ တစ်ယောက်က အလိုလိုက်
ပြီးရင် မူးသွားပြီဆိုပြီး ဂျိမ်း!
မူးတဲ့သူက မူးလို့ဖြစ်သွားရတာဆိုပြီး အကြောင်းပြ
မမူးတဲ့သူက အတင်းဖြစ်သွားရတာဆိုပြီး လက်ခံ ၊
နောက်အခါတွေကျ မူးလဲဂျိမ်း မမူးလဲဂျိမ်း, တဂျိမ်းဂျိမ်း
လမ်းက ပွင့်သွားပြီကိုး!!

ပထမတစ်ခေါက် လမ်းဖောက်ရာမှာ ဆယ်စုနှစ်တစ်ခုကြာ
ကြည့်ရှု့သင်ကြားလာတဲ့ မြန်မာပေါကားထဲက အကွက်ကို
အသုံးချလိုက်ကြတာကလား!
ပေါကားတွေထဲမှာ ရေနွေးကြမ်းတွေ တစ်လီတာလောက်
်သောက်ပြပြီး တဂျိမ်းဂျိမ်းတွေ ဒိန်းပြနေကြတာ..
အပြင်မှာ အရက်ကို အဲ့လောက်သောက်ပြီး တကယ်မူးကြည့်
အဲ့ကောင် ဥသြတွေဆွဲ လေးဖက်တွေထောက်ပြီး
ဒိန်းဖို့မပြောနဲ့ , ကိုယ့်ဘောင်းဘီတောင် ကိုယ်ချွတ်မရဘူး ။

အောက်ပါအရည်အချင်းကို ထုတ်ပြချင်ကြတာများ..
ဘီယာတစ်ဘူးလောက်သောက်ပြီး စော်နား မူးပြတဲ့အကောင်နဲ့
စပိုင်တစ်လုံးလောက်သောက်ပြီး မူးချင်ယောင်ဆောင်တဲ့ စော်နဲ့
ဂျိမ်းချင်တဲ့ စော်လေးတွေ့ရင် ခေါ်သွားပြီး အတူတူသောက်,
အလိုလိုက်ချင်တဲ့ ဘဲနဲ့တွေ့ရင် လိုက်သွားပြီး အတူတူသောက်,
ဒါတွေ ဒါတွေဟာ . .
အရက်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတယ်လို့ ခေါ်တယ်!

ပြောချင်တဲ့ပွိုင့်က ခုမှရောက်လာတာ -_____-

မလုပ်ကြပါနဲ့ကွာ . .
အရက်က သူ့ဟာသူနေတာပါ
အရက်ကို သိက္ခာမချကြပါနဲ့
အရက်ကို ခုတုံးမလုပ်ကြပါနဲ့
အရက်ကို ကိုယ်ကျိုးအတွက် နာမည်မဖျက်ပါနဲ့

နယ်မြေစည်းမခြား အရက်သမားများ မြတ်နိုးတဲ့အရက်ကို
တဏှာပေမ နှာထတဲ့ကိစ္စတွေနဲ့ ရောမပစ်ကြပါနဲ့

အသုံးချချင်တယ်ဆိုရင်တောင် ကျေးဇူးပြုပြီး ရိုးသားကြပါ!
မူးလို့ မှားမိပါတယ်တွေ ဘာတွေ မလုပ်နဲ့
မှားချင်လို့ မူးတယ်၊ ရဲဆေးတင်တယ်..ဘာဖြစ်လဲ ဒဲ့ပဲပြော
အဲ့ဒါဆို လက်ခံပေးမယ်!

#အရက်အပေါ်မှာရိုးသားပါ
#အရက်နှင့်တဏှာ
ခွဲခြားပါ
#အရက်ကိုအပြစ်ဖို့မည့်အကြံဒို့လက်မခံ
#ကိုယ်ကျိုးရှာအရက်သမားတုများအား_ဆန့်ကျင်ကြ
#save_water
#drink_beer

ကိုယ်ကျိုးမဖက် မူးခြင်းသက်သက်သာ နှစ်သက်သည့်
#သောက်ပြီးစကားများ_သောက်စကားများကောင်
😑

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 71239.39
ETH 2186.69
USDT 1.00
SBD 0.49