steemit myanmar

in #myanmar8 years ago

#​မောင်​ဖီလာ ...

ဘိုဟီးမီးယန်းများ

ငယ်တော့ ပိုပြီးမှားလို့ကောင်းတယ်
အင်္ကျီလက်ကိုပင့်တင်
လူမိုက်ကို ဂစ်တာနဲ့ရိုက်ပစ်လိုက်တုန်းက
သူ့သူရဲကောင်းဟာ တော်တီလာဖလက်ရပ်ကွက်ထဲက'ဒင်နီ'
ဘီယာအမြုပ်တွေလို သူ့သွေးကပွက်ပွက်ဆူလို့
ခင်ဗျားအသက်အရွယ်ရောက်ရင်
ခင်ဗျားထက်ပိုကောင်းတဲ့ပန်းချီကားတွေ ကျွန်တော်ရေးမယ်
စိတ်ထဲက'ဂေါ်ဂင်'ကို ဒီလိုကြိမ်းမိတယ်
ပျော့ညံ့ဖို့ဘယ်ကိစ္စမှ ငါတို့ဆီလာမသန်စွမ်းနဲ့
ငါတို့ခေါင်းထဲ အဆိပ်ပြင်းတဲ့မြွေတွေ အထွေးလိုက်ခွေလို့
ငါတို့ဆီ ဂျင်းဘောင်းဘီ
ငါတို့ဆီ စကေဘာ
ငါတို့ဆီ အရိုးခေါင်းခါးပတ်နဲ့လာခဲ့
'ဂျွန်ဘောက်(စ်)'ဆိုတဲ့ လူတစ်ယောက်ဟာ
လူငယ်စိတ်နဲ့ မစ္စစ္စပီမြစ်ကြီးကိုဖြတ်ကူးခဲ့တာ ငါပြောပြမယ်
ကိုချောနွယ်ဟာ လူငယ်စိတ်နဲ့ 'ဖျံဖမ်းသမား'ကဗျာကိုရေးခဲ့တဲ့အကြောင်း ငါပြောပြမယ်
လူငယ်ဆိုတာ သူပုန်စိတ်ကလေးနည်းနည်းတော့ရှိတာပဲ
ခလုပ်တိုက်ရင် တိုက်မိတဲ့အုတ်ခဲကို ဆဲထည့်လိုက်မယ်
'မက်ဒေါနား'လို အမယ်အိုကြီးကိုခေါက်ထားပြီး
'ဘရစ်တနီစပီးယား'ဆီသွားဖို့လည်း သူတို့သိတာပဲ ။
ဒုက္ခ နေရောင် အမှောင်နဲ့ဂစ်တာကြိုး
ဇွတ်တိုးဝင်လာတဲ့ လောကဓံဆိုလည်း
ခေါင်းရှစ်စိတ်ကွဲသွားဖို့ပဲရှိတယ်
သူတို့ဆီမှာ မီးညှိပါ
သူတို့အသံကို ဆုပ်ကိုင်ပါ
သူတို့အရောင်ကို နားစွင့်ပါ
"အသက်၄၀ကျော်မှ ကဗျာဆရာဗျ"ဆိုလည်း
လကမ္ဘာဆိုတာ လူညံ့တွေအတွက်
အမြဲနောက်ကျတတ်တဲ့အိပ်မက်ပဲ
လရောင်ဟာ ကင်းဗတ်စပေါ်မှာထက်
အပြင်မှာ ပိုပြီးရွေ့လျားလှပါတယ် ။ ။

မောင်ဖီလာ

Coin Marketplace

STEEM 0.07
TRX 0.29
JST 0.045
BTC 68331.40
ETH 2062.39
USDT 1.00
SBD 0.49