ကျွန်တော်နဲ့ Expressကားပေါ်ကဖြစ်ရပ်
လွန်ခဲ့တဲ့ 5နှစ်လောက်က ကျွန်တော်မန္တလေး
ကိုအလုပ်ကိတ်စနဲ့သွားခဲ့တုံးကဖြစ်ခဲ့တာလေးတစ်
ခုပြောပြချင်ပါတယ်...အဲတုံးက ရန်ကုန်-မန္တလေး
အမြန်လမ်းမကြီးက ခဏခဏ ကားတွေမှောက်လိုက် တိုက်လိုက်
ဖြစ်နေတဲ့အချိန်မှာပေါ့...ခုလောက်လမ်းတွေကို
ပြင်ဆင်မူတွေ မလုပ်ရသေးဘူး...ကိုယ်ကလည်း
မဖြစ်မနေသွားရမှာဆိုတော့ မသွားချင်သွားချင်နဲ့
သွားရတော့တာပေါ့...လမ်းဟောင်းကသွားရင်
ကြာလို့ အမြန်လမ်းကသွားဖို့ပဲ
ဆုံးဖြတ်ရလိုက်တယ်။
အောင်မင်္ဂလာ အဝေးပြေးကားဝင်းကနေ လက်
မှတ်ဝယ်ရတယ်...ဖြစ်ချင်တော့ လက်မှတ်က
နောက်ဆုံးကားရတယ်...ည9နာရီထွက်မဲ့ကားနဲ့
ခုံနံပတ်က နောက်ဆုံးတန်း နှစ်ခုံကျော်လောက်
ရတယ်...ကျွန်တော်ခုံနံပတ်က မှန်ဘက်နားမှာ...
အိမ်ကနေ 1နာရီလောက် ကြိုထွက်ခဲ့ပြီးတော့အ
ဝေးပြေးကို 8:30လောက်ရောက်တယ်၊ကားကအ
ဆင်သင့်ရောက်နှင့်နေတော့ အထုပ်တွေဘာတွေ
တင်ပြီးတက်ထိုင်နေလိုက်တယ်...ကျွန်တော်က
ကားမူးတက်တော့ အိမ်ကထဲ့ပေးလိုက်တဲ့ B6 နှစ်
လုံးသောက်ပြီး မှိန်းနေလိုက်တော့တယ်...ကား
9နာရီကျော်မှ စထွက်တယ်...ကားထွက်တော့
ကျွန်တော်လဲ မျက်လုံးလေးဖွင့်ပြီး ကားထဲလိုက်
ကြည့်လိုက်တော့ လူကသိပ်မပါဘူး ကျွန်တော်လဲ
နှစ်ခုံကိုတစ်ယောက်ထဲအေးဆေး ထိုင်လိုက်ရမှာ
ဆိုတော့ ကိုယ့်ဟာကိုသာယာနေတာပေါ့...ဘေးခုံ
လှန်းကြည့်လိုက်တော့လည်း တစ်ယောက်မှာမရှိ
ဘူး အနောက်က ခုံတွေကလည်း လူမရှိကြဘူး...
ကားမောင်းအကူ ကောင်လေးတစ်ယောက်ပဲ နောက်ဆုံး ခုံတန်းရှည်မှာ လာအိပ်နေတာတွေ
တယ်...ရှေ့ခုံတွေမှာလဲ တစ်ယောက်စ နှစ်
ယောက်စလောက်ပဲတွေ့မိတယ်...အဲဒါနဲ့ ကျွန်
တော်လည်း ပြန်အိပ်ပြီး လိုက်လာခဲ့လိုက်တာ
115မိုင်ရောက်မှာပဲ ကားထဲကမိုက်နဲ့အော်မှာအိပ်
ချင်မူးတူးနဲ့ နိုးတော့တယ် 115မိုင်ကစားသောက်
ဆိုင်မှာ နွားနို့နဲ့ ပါမုန့်ကြက်ဥကျော်မှာစားပြီး ဟို
တွေးဒီတွေးနဲ့ လူကလည်း အိပ်ရေးကမဝတော့
စိတ်ကမကြည်ဘူးဖြစ်နေတယ်...အဲဒါနဲ့ကားပြန်ထွက်မယ်ဆိုတော့ ကားပေါ်ပြန်တက်ပြီး ကိုယ့်ခုံ
လဲရောက်ရောဝင်ထိုင်ပြီးစောင်ကိုခေါင်းခြုံပြီးအိပ်နေလိုက်တော့တယ်...။
ဇတ်လမ်းကအဲမှာစတာပဲ ကျွန်တော်လဲဆေးအရှိန်
နဲ့ ဘယ်လောက်ပြန်အိပ်ပျော်သွားလဲမသိဘူးလက်
ကနာရီကို လှန်းကြည့်လိုက်တော့ 1:30ကျော်
လောက်တော့ရှိနေပြီး...တစ်ကားလုံးကလည်း သူ
ဟာသူအိပ်မောကြနေကြပြီး...ကားမောင်းတဲ့သူနားမှာတော့သီချင်းသံ တိုးတိုးလေးကိုတော့ကြားနေ
ရတယ်...ကျွန်တော်ဘေးခုံနဲ့ယှဉ်ရက် ခုံမှာတော့
ကလေးအမေတစ်ယောက် သူ့ကလေးကို နို့ကုန်း
တိုက်နေတာလားမသိဘူး လှုပ်2လှုပ်2နဲ့ လုပ်နေ
တာတွေလိုက်တယ်...မီးကလည်း ညအိပ်မီးလေး
ပဲထွန်းထားတော့ လူကိုတော့သေသေခြာခြာမ
မြင်ရဘူး...လမ်းတစ်ဝက်ကတက်လိုက်လာတယ်
ခရီးသည်လားမသိဘူးဆိုပြီး ကိုယ်ဟာကို စောင်
ကို ခေါင်းကခြုံပြီးပြန်အိပ်နေလိုက်တယ်...အိပ်
ပျော်မယ်မကြံသေးဘူး နှခေါင်းထဲကို နနွင်းနံလိုမျိုး
အနံကြီးကဝင်လာတယ်...မီးနေသည်နံနွင်းနံလိုမျိုးကြီးပေါ့...ကားအဲကွန်းနဲ့ဆိုတော့ အနံကလုံးနေ
လာမသိ တစ်ချက်တစ်ချက် ထောင်းခနဲ ထောင်းခ
နဲရနေတာနဲ့ဘေးခုံက ကလေးအမေဆီကလား
မသိဘူးကွာဆိုပြီးလှန်ကြည့်လိုက်တော့ ကလေး
အမေကဆံပင်အရှည်နဲ့ဆိုတော့မျက်နှာကိုသေချာ
မမြင်ရဘူးကွယ်နေတယ်...အဲဒါနဲ့ကလေးလေးကို
ကြည့်လိုက်တော့ ကျွန်တော်အိပ်ချင်နေတဲ့မျက်
လုံးတွေ ပြူးချင်သွားတယ်...ကလေးကကျွန်
တော်ကို မျက်လုံးကြီး ပြူးပြီးကြည့်နေတာများ
ကြက်သီးထစရာကြီး အဲဒါနဲ့ စိတ်ထဲတစ်မျိုးဖြစ်တာ
နဲ့ မသိမသာအနားကပ်ကြည့်လိုက်တော့မှာ က
လေးက သွားကြီးပါဖြီးပြီး ရီးပြနေတာ မျက်နှာက
လည်းဖူးရောင်းပြီး ကြောက်စရာကြီး ကျွန်တော်
လည်းဘာလုပ်လို့လုပ်ရမှန်းမသိဘူး ကြောက်တာ
လိုလိုလန့်တာလိုလိုနဲ့ ထဘဲပြေးရမလားမသိဖြစ်
နေတာ...ဘယ်ကဘယ်လို ချွေးတွေကထွက်လာ
မှန်းလဲမသိဘူး...ကျွန်တော်လဲမကြည့်မိအောင်
ကိုယ့်ဟာကို ကြိုးစားနေပြီး ဘုရားစာတွေရွတ်နေမိ
တာ ဘာတွေမှန်တော့မသိဘူး...ဒါပင်မဲ့အဲဒါက
ကိုယ့်ခုံဘေးနားမှာဆိုတော့ စိတ်ကမလုံဘူး အဲဒါ
နဲ့ပြန်ပြီးလှည်ကြည့်လိုက်မိတာမှားသွားတာပဲ...
ဒီတစ်ခါသူအမေကပါ ကျွန်တော်ကို မျက်လုံးကြီး
ပြူးပြီး စိမ်းစိမ်းကြီးကြည့်နေတာ မျက်နှာကလည်း
မြင်မကောင်းအောင် ဒါဏ်ရာဒါဏ်ချက်တွေနဲ့
သွေးတွေကလည်း မြင်းမကောင်းဘူး မျက်နှာတစ်
ခုလုံးကို စီးကျနေတာ.. .ကျွန်တော်လဲဘယ်လိုမှ
ဟန်မဆောင်နိုင်တော့ဘူး အောင်မလေးဗျ ဆိုထ
အော်ပြီး ကားအရှေ့ကိုတစ်ချိုးထဲထပြေးတော့
တာဘဲ...ကားထဲလည်း ကျွန်တော်အော်သံလဲ
ကြားရောနိုးလာပြီးဘာဖြစ်တာလဲဆိုပြီးလိုက်ကြည့်နေကြတယ် ကားဆရာကလည်းဘာဖြစ်တာလဲ
ဆိုပြီး ကျွန်တော်ကိုမေးတာနဲ့ ကျွန်တော်လဲ ထိုင်တဲ့ခုံနားမှာကလေးအမေတစ်ယောက်တွေလို့
မျက်နှာကလည်းကြောက်စရာကြီးလို့ ပြောပြလိုက်
တယ်...ကားသမားက သူ့ကားမှာကလေးအမေမ
ပါပါဘူးဆိုပြီးကားအနောက်ဘက် ကျွန်တော်ထိုင်
တဲ့ ခုံဘေးနားသွားကြည့်တာ ဘယ်သူမှာမရှိဘူး
ဖြစ်နေတယ်...ကားသမားကလည်း ကျွန်တော်
ပြောတာကို မယုံချင်ဘူးဖြစ်နေတယ်...ကျွန်တော်
ကလည်း တစ်ကယ်မြင်လိုက်တာ 115မိုင် ကပြန်
ထွက်တော့ ခရီးသည် ပါလာတယ်ပဲထင်တာ
နောက်တော့မှာ ခုလို့ဖြစ်တာဆိုပြီးပြောပြလိုက်ရ
တယ်...ကားထဲမှာပါလာတဲ့ ခရီးသည်တွေလဲ
ကြောက်ပြီး မအိပ်ရဲကြတော့ဘူး...ကားသမားလဲ
အဲဒါနဲ့ပရိတ်ကြီး၁၁သုတ်ခွေ ဖွင့်ပြီး မန်းလေးကိုဆက်မောင်း
လာခဲ့ကြတယ်...ကျွန်တော်လည်း အနောက်မှာ
မအိပ်ရဲတော့တာနဲ့ အရှေ့ကလွတ်တဲ့ ခုံမှာပဲလိုက်
ခဲ့ရတော့တယ်...နောက်တော့မှ ကားသမားအကူ
ကောင်လေးက ပြောပြတယ် အဲဒီ115မိုင်အထွက်
နားမှာလွန်ခဲ့တဲ့တစ်ပက်က အဲနားမှာတောင်းရမ်း
စားနေတဲ့ သားအမိတွေအပြန် ကားတိုင်မိတာပွဲ
ချင်းပြီးဆုံးသွားတာတဲ့...သူလဲမေ့ပြီး မန်းလေး
ရောက်ရင်စားဖို့ 115မိုင်က စားသောက်ဆိုင်က
နေအမဲသားဟင်း တစ်ပွဲဝယ်ပြီးကားနောက်ခန်း
ထဲမှာ ထဲ့ထားတယ်ဆိုပြီးပြောပြတော့တယ်...
ကားသမားလဲ သူ့ကားအကူ ကောင်လေးကိုဆူနေ
တာတွေ့လိုက်တယ်...ကားကတော့ တရားခွေဖွင့်
ပြီးထဲက ဘာအနံမှမရတော့ပဲ မန်းလေးကို ရှောရှောရှူရူနဲ့ နံနက်5နာရီမှာ ရောက်ခဲ့ တော့တယ်...။
#credit Google image
(အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ😊)
စိတ်ဝင်းစားစရာပဲဗျာ။သရဲ့မနဲ့ အတူခရီးသွားရတယ်ဆိုတာ နဲတဲ့ကံထူးရှင်မဟုတ်ဖူး။
ငင့်😨😱
You got a 53.62% upvote from @minnowvotes courtesy of @myintlwinsoe!
ကြောက်စရာကြီးဗျာ.....။
😨
အမလေးလေး အသဲယားစရာကြီး
😃😱
ငင့် တကယ့် horror ပါဘဲဗျာ...Burmese horror👍
😃အဲတုံးကြာက်တာမှလွန်ရောပဲ
သရဲကြောက်တယ်
😨👍
woow တကယ်ကြီးလား
👍
သရဲနဲ့အတူတူ ခရီးသွားလိုက်ရတာကိုး။
ဟုတ်ပဗျ ကံနိပ်နေ လို့လားမသိပါဘူး😊
ပျော်စာကြီး
😨😱
ကြောက်စရာကြီးပါလားဗျာ
😱😲
Congratulations @aungzin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP