KBZ account transfer

in #myanmar8 years ago

မိမိ၏ ဘဏ်အကောင့်အချင်းချင်း ငွေလွှဲပြောင်းမယ်ဆို ဘယ်လိုလုပ်မလဲ?

ကမ္ဘောဇဘဏ်တွင် ဖွင့်လှစ်ထားသော မိမိ၏ ဘဏ်အကောင့်အချင်းချင်း ငွေလွှဲပြောင်းလိုပါက Own Account Transfer တွင် ပြုလုပ်ရမည်ဖြစ်ပါသည်။

KBZ Online Banking ကို အသုံးပြု၍ Own Account Transfer ပြုလုပ်ခြင်းအား Mobile ဖုန်းမှ အသုံးပြုပုံ အဆင့်ဆင့်ကို ရှင်းပြပေးထားပါသည်။

(၁) KBZ Mobile Application ဖြင့် Own Account Transfer ပြုလုပ်ရန် Sign in ဝင်ရပါမည်။

(၂) ထို့နောက် Menu မှ Transfers ကိုရွေးချယ်၍ နှိပ်ပါ။

(၃) Account Transfer ကို ရွေးချယ်၍ နှိပ်ပါ။

(၄) Own Transfer ကိုရွေးချယ်၍ နှိပ်ပါ။

(၅) ငွေထုတ်လိုသော အကောင့်၊ ငွေလွှဲလိုသည့် အကောင့်နှင့် ပမာဏ စသည်တို့ကို ပြည့်စုံစွာဖြည့်၍ စစ်ဆေးပြီး Pay Now ကိုနှိပ်ပါ။

(၆) အချက်အလက်များ မှန်ကန်ပါက Confirm ကိုနှိပ်ပါ။

(၇) Own Transfer ငွေလွှဲခြင်း အောင်မြင်ပါက System မှ Message ပြမည်ဖြစ်ပါသည်။

Own Account Transfer ပြုလုပ်ရာတွင် အခက်အခဲရှိပါက KBZ Call Center Email : ibanking.support@kbzbank.com ကို email ပို့၍သော်လည်းကောင်း၊ KBZ Call Center number 09253260087, 09253260091, 09252332845 သို့ဆက်သွယ်၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။
#KBZBank #KBZOnlineBanking