အတိတ်..

in #myanmar8 years ago

ပြန်မရနိင်တော့တဲ့ အချိန်

ငယ်ရွယ်နုနယ်မှု

၁၅ နှစ်ဆိုတဲ့ အသက်

ဘာမှမက်မောမှုတွေမှ မရှိသေးစိတ်

ရင့်ကျက်မှုဆိုတာ ဘာမှန်းမသိသေးတဲ့အရွယ်

ကိုယ့်ဟာကိုယ် ဘာဖြစ်ချင်မှန်းတောင်မသိသေးတဲ့ဘဝ

မိဘကတိုက်တွန်းလို့ ပြဇာတ်သင်တန်းတက်ပြီး ဆွမ်းဆန်စိမ်းလောင်းပွဲမှာတွေ့ရတဲ့အရမ်းနံမည်ကြီးတဲ့ မင်းသား ကိုရန်အောင်နဲ့ ကိုရန်ကျော်

မြတ်ကေသီအောင်ဆိုတဲ့နံမည်တောင် မဖြစ်သေးတဲ့၁၀ တန်းကျောင်းသူဘဝ မှာ သူတို့နဲ့ ဓာတ်ပုံရိုက်ရရင် အဲ့အချိန်မှာ ကိုယ်ကစတားပါပဲ😁

ဘာလို့လဲဆိုတော့ အဲ့အချိန်တုန်းက သင်တန်းမှာ အယောက်၅၀ ကျော်ရှိတာ ထိပ်ဆုံးနံပါတ်စဉ် ၁ ကနေ ၅ အတွင်း ရှိတဲ့သူကပဲ ဆွမ်းဆန်စိမ်းလောင်းပွဲသွားရတာ.

ဘဝမှာ အဆိုးတွေ အကောင်းတွေ အချစ်တွေ အလွမ်းတွေ ခံစားရင်း ပင်ပမ်းမှုတွေ သာယာမှုတွေ အပြောင်းအလဲများစွာနဲ့ ခုတော့လည်း ၄၆ ဆိုတဲ့ အသက်ထဲရောက်လာတော့မယ်.

အော် ဘာလိုလိုနဲ့ ဝါသနာပါလို့ လုပ်ဖြစ်တာမဟုတ်ပေမဲ့ လုပ်ရင်းနဲ့မှ ဝါသနာပါသွားတဲ့ ကိုယ့်ရဲ့ အနုပညာအလုပ်တောင် အနှစ် ၃၀ ပြည့်သွားပြီ.

အတိတ်ဆိုတာ ဘယ်တော့မှ လက်တွေ့မှာပြန်မရနိင်တော့ပေမဲ့လည်း အတွေးထဲမှာတော့ အမြဲလတ်ဆတ်နေဆဲပါ.

Sort:  

This post has received a 0.09 % upvote from @drotto thanks to: @babypiggy.

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.064
BTC 69760.91
ETH 2152.16
USDT 1.00
SBD 0.47