Parents

in #myanmar8 years ago

ကျေးဇူးဆပ်ခွင့်ပြုပါ...

မိဘဆိုတာ နောက်ဆုံးမှာ သားသမီးတွေအတွက် မြေသြဇာပါ.
သားသမီးဆိုတဲ့ ကျမတို့လို့ ပန်းလေးတွေပွင့်ဖို့ သူတို့တွေ အများကြီးအနစ်နာခံခဲ့ကြပါတယ်.

ကျမတို့ ရှင်သန်ရပ်တည်နိင်လာပြီးတဲ့နောက်မှာ မြေသြဇာလို့တင်စားထားမိတဲ့ မိဘတွေအတွက် ဘာတွေလိုအပ်သလဲလို့ တွေးပြီး တတ်နိင်သလောက် ပြန်ဖြည်းဆည်းပေးရမယ်လေ.

ကျမငယ်ငယ်လေးထဲက မိဘတွေဟာ သက်ရှိထင်ထားရှိနေတဲ့အချိန်မှာ မစားရက် မသောက်ရက် အပိုဆိုတာ မသုးရက်ပဲ ကျမတို့စားဖို့ စုဆောင်းပြီး ကျွေးမွေးပြုစုခဲ့ကြတယ်.

ကျမဘဝထဲမှာ မိဘတွေဟာကျမနဲ့ မနေတော့တာပဲရှိတာပါ.ကျမဘဝထဲမှာဘယ်တော့မှ မသေသေးလို့ မေ့လို့မရသလို မေ့လည်းမပစ်ခဲ့ဘူး.မိဘတွေ အသက်ရှင်နေတုန်းကမလုပ်နိင်ခဲ့တဲ့ အရာတွေကို ကျမအသက်ရှိနေတုန်း လုပ်နိင်သလောက်လုပ်ပေးသွားမယ်လို့ စဉ်းစားထားခဲ့တယ်.

ကျမဟာ မချမ်းသာပါဘူး.
ခု အရွယ်မှာ မင်းသမီးလည်းမဟုတ်တော့ပါဘူး.
ကျန်းမာရေးကြောင့် သိပ်ဝါသနာပါတဲ့ အလုပ်ကိုတောင် မလုပ်နိင်ခဲ့တာကြာခဲ့ပါပြီ.ခုချိန်မှာ ကျမဟာ ဝင်ငွေထက် ထွက်ငွေပဲရှိနေတဲ့ အချိန်ဆိုပေမဲ့ မိဘတွေ အတွက်တော့ တနှစ်ထက် တနှစ် ပိုပိုပြီး လှုပေးချင်တဲ့ စိတ်လေးတခုကြောင့် မလိုအပ်ရင် ဘာမှမသုံးဘူးဆိုတဲ့ စိတ်တခုနဲ့ ပိုက်ဆံလေးစုခဲ့မိတယ်.

ဒီနေ့တော့ ကျမဆန္ဒလေးပြည့်ဝခဲ့ရပြီ.မိဘတွေအတွက်ရည်စူးပြီး အမိုးသမီး ယောဂီဆောင်လေးဆောက်ဖို့ စုထားတဲ့ သိန်း ၅၀ ကို မတည်ငွေ အဖြစ်လှုနိင်ခဲ့ပြီ.ကျမရဲ့ချွေးနဲစာလေးနဲ့ လှုတဲ့အလှုကို မိဘ၂ ပါလည်း ရောက်တဲ့ဘုံဘဝက သာဓုခေါ်နိင်ပါစေ..ဒီ့ထက်ပိုပြီး သမီးတယောက်အနေနဲ့ အပါးနဲ့ အမေ့ ကျေးဇူးတွေ ဆပ်ခွင့်ရချင်ပါသေးတယ်.

ကျမပြုတဲ့ကုသိုလ်လေးကိုလည်း ၇ ရက်သားသမီးအားလုံးကို အမျှဝေပါတယ်.ထပ်တူရကြပါစေလို့ ဆုတောင်းပေးရင်း သာဓုခေါ်နိင်ကြပါစေရှင်.

Sort:  

hai @babypiggy , great your post... thank you have following me...

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.055
BTC 74167.98
ETH 2324.02
USDT 1.00
SBD 0.51