You are viewing a single comment's thread from:

RE: တချိန်က MSC ( Henry Aung )

in #myanmar7 years ago

အို ဘယ့် MSC ဆက်လို့သာချီ

မရပ်မနား ဆက်လက်ချီတတ်
ခရီးဆက်ဆဲ steem အသည်းက
မာကြောခိုင်တည် ကျွနုင်္ပ်သည်ကား
ဇွဲခတ်၍လျှော် မပျော်တစ်ချက်
ပျော်တစ်ချက်ဖြင့် ခက်ခဲသည်လည်း
မညည်းဘဲနဲ့ စွဲမြဲပို့စ်တင်
ဖြစ်အင်တစ်လျှောက် ရောက်သင့်သလောက်
ခရီးပေါက်ဖို့ တစ်ထောက်မနား
ဈေးကားမတတ် စိတ်မပျက်ပါ
ကြိတ်လျက်သာတွေး စာတွေးရေးလို့
မျှော်လင့်ကြီးဖြင့် steemအိပ်မက်
မက်လျက်ကြံစည် ဘယ်ဆီကနေ
ရလေမလဲ မျှော်တလင့်လင့်
ရှေ့သို့လှမ်းချီ MSC ရဲ့
ရဲဘော်ရဲဘက် စိတ်ဓာတ်ညီစွာ
တူစွာလျှောက်၍ မဝေးသောခရီး
ရွှေတောင်ကြီးသို့ ဖော်ပေါင်းစုံစွာ
တွေ့လိုပါသည် မျှော်လင့်နေဆဲ
အားခဲကြစို့ ကြိုးစားကြစို့
အို ဘယ့် MSC တို့ရေ...

Posted using Partiko Android

Sort:  

Fighting ကိုမိုးဟိန်ရေ.... တောင်ကြီးမှာ တွေ့ကြမယ်။