ရှက်မိလေသောအခါ

in #myanmar6 years ago (edited)

... မင်္ဂလာပါဗျာ ...
orca-image--1644288825.jpeg_1536925614705.jpeg

ကျွန်တော့် အနေဖြင့် MSC အဖွဲ့ဝင် ဖြစ်ခဲ့ပြီး
ယခင် Steemit ကို မသိခင်ကတည်းက ရေးထားခဲ့သော
ဘာသာပြန်၊ စုတုပြု စာများကို Promotion အစီအစဉ်တွင် တင်နေခဲ့သလို ကဗျာလိုလို စာတိုတိုလေးတွေကိုလည်း
ပို့စ် အဖြစ် တင်နေခဲ့တာ ၈ လကျော် ၉ လထဲ ရောက်ခဲ့လေပြီ။

မိမိသည် ကိုယ်ပိုင် idea ညံ့ဖျင်း၍ သူများစာကို ဘာသာပြန်
ခဲ့သော်လည်း MSC မိတ်ဆွေတွေ နားလည်အောင်
ပြန်ဆိုရေးသားနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
ကဗျာလို စာတိုလေးတွေ ရေးခဲ့တာလည်း သူများ နားလည်
အောင် မရေးနိုင်ခဲ့ပါ။
ခံစားချက်ရသများကို ရေးခဲ့ဖူးသော်လည်း စာလုံးရေတစ်ထောင်
တစ်ပို့စ်တည်း ပြီးအောင် မရေးနိုင်ခဲ့ပါ။
မိမိသည် အခြားသူများ၏ ပို့စ်များအားလည်း အလုံးစုံ ဖတ်၍
Comment ကောင်းကောင်း မပေးနိုင်ခဲ့ပါ။

သို့ဖြစ်ပါ၍ MSC Promotion ကို နေ့စဉ် တင်နေသည်မှာ
ရှက်၍ ရှက်၍ လာခဲ့ပါတော့သည်။

ထို့ကြောင့် Promotion post အား နေ့စဉ် တင်ရဲတော့
မည် မဟုတ်ပါ။

ရေးပြီးသား စာများ မရှိတော့၍ကား မဟုတ်...
ဘာသာပြန် အခန်းဆက်များပင် Typing ရိုက်ပြီးသား
ရှိပါသေးသည်။ သို့သော် Pro တင်ရမည်မှာ ရှက်မိသလို
ဖြစ်သောကြောင့် စဉ်းစားရ ခက်ပေသည်။

Quality ဆောင်းပါး မရေးတတ်ခြင်းကြောင့်
ရှက်မိလေသောအခါ Pro ကို မည်သို့မည်ပုံ လာတင်နိုင်
အံ့တော့နည်း....

မိတ်ဆွေအားလုံးကို ကျေးဇူးတင်လျက်....

MSC - 193
@billionairehein

Sort:  

ကိုဟိန်းလို စုဆောင်းမိချင်သူပါ စတီးမစ်မတိုင်မီက စာရေး ဝါသနာ မပါခဲ့တာ ကျွန်တော့် အားနည်းချက် ဖြစ်သွားတယ်

comment တွေ သေချာရေးပေး စာကိုသေချာဖတ်ပေးကတည်းက လေးစားလျက်ပါ

အရှိန်ရတုန်း ဆက်တိုက်တင်ဖို့  စဉ်းစားစေလိုပါတယ်

အချိန် ပေးများလွန်းနေလို့ ထိန်းချင်တာလည်း ပါပါတယ်။
ပို့စ် အတိုလေးတွေပဲ တင်ပါဦးမည်။
MSC စည်းကို မဖောက်မိအောင် ၅ရက်တစ်ပတ် တစ်ပို့စ်လောက်
တော့ Pro တင်ရမှာပါလေ...
ကျေးဇူးပါဗျ

ဟာ အဲ့လို လွယ်လွယ်လက်မလျော့ပါနဲ့ ကိုဟိန်းရေ တကဟ်က အချိန်ပေးပြီးမဖတ်ဖြစ်ကြလို့  နေပါလိမ့်မယ် အချိန်ပေးဖတ်ခဲ့ရင် ကိုဟိန်းဘာသာပြန်တာဟာအဆင်မချော့မွေ့ဘဲ မော်ဒန်ဆန်ပေမဲ့ တစ်ချို့ စကားလုံးတွေက တကယ်ထိရောက်ပါတယ် typing ရိုက်ပြီးသားရှိလည်းတင်သာတင်ပါ ၁၀ ဦးမှာ တစ်ဦးလောက်က ကိုဟိန်းဘာသာပြန်ထားတဲ့ စကားလုံးတစ်လုံးကြောင့် ပြောင်းလဲသွားတယ်ဆို အချီးနှီးမဖြစ်ပါဘူးလို့  ခံယူစေချင်တယ် msc ကလူတွေအားလုံး စာရေးဆရာစစ်စစ်များမဟုတ်ကြသေးတာ သတိပြုပါနော်

Post ကတော့ တင်မှာပါ ဘုရား....
ကျေးဇူးတင်ပါတယ် ဘုရား....

You got a 7.47% upvote from @dailyupvotes courtesy of @billionairehein!

မ​ရေး မတင်​တာထက်​စာရင်​​တော့ ​ရေးတင်​ပါ ကိုဟိန်းရာ မ​ရေး​တော့တဲ့သူ​တွေထက်​​တော့ သာပါတယ်​ဗျာ

ရေးတင်တာတော့ ရေးတင်နေမှာပါ

စာရေးဆရာမှ မဟုတ်တာ ကိုဟိန်းရေ။
ဘာပဲဖြစ်ဖြစ် ကိုယ့်စေတနာ ကိုယ်သာအသိဆုံးပါ။

ကိုယ်ကိုယ်တိုင်လည်း ညံ့နေသေးလို့ပါ...

Thank you so much for using our service! Congratulations! This round earned an ROI of 6.12% with total bids of: 0.634$

You just received 11.11% upvote from @onlyprofitbot courtesy of @billionairehein!

Want to earn more with us? Our APR can reach as high as
15% or more!

More portion of profit will be given to delegators, as the SP pool grows!

Comment below or any post with "@opb !delegate [DelegationAmount]" to find out about current APR, estimated daily earnings in SBD/STEEM

You can now also make bids by commenting "@opb !vote post [BidAmount] [SBD|STEEM]" on any post without the hassle of pasting url to memo!

* Please note you do not have to key in [] for the command to work, APR can be affected by STEEM prices

Bro ဒါက social media ပါ။ အကောင့်က Bro ရဲ့  ကိုယ်ပိုင် blog ပါ ။ စာပေပြိုင်ပွဲ မဟုတ်ပါဘူး။ quality ဆိုတာ
ကိုကြိုက်ရင် quality content ပါပဲ။ Keep Moving Bro

Feeling သေးသေးလေးပါ...
ဘာရယ် ဟုတ်ဘူး...
စပြီးမှတော့ ဆက်သွား ဖြစ်နေဦးမှာပါ...
ကျေးဇူးပါ။

You got a 7.69% upvote from @minnowvotes courtesy of @billionairehein!

မှန်တာလုပ်တာရှက်စရာမလိုပါ

အကူအညီယူရတာများလာရင် ရှက်စိတ်ဝင်လာတတ်တဲ့သဘောပါ အန်တီရေ...

မဆိုင်တာအကို အကိုရေးထားတာတွေ တစ်ကယ်ကောင်းပါတယ် တစ်ခါတစ်လေ အချိန်နဲ့ တစ်ခြားအရာတွေကြောင့် ဖတ်ဖြစ်ပေမဲ့ post တိုင်း မမန့်နိုင်ဘူး ဒါပေမဲ့ ဖတ်ဖြစ်နေပါတယ် pro ကလဲ ရေးသူတွေကို ရစေချင်လို့ပေးထားတာပါ ။ MSC သည် ကိုဟိန်းတို့ ရလာတဲ့ SP အနည်းအများပေါ်လိုက်ပြီး ရှေ့ဆက်ရမှာပါ ။ မတင်ဘဲတော့ မနေပါနဲ့ အကို please .

နေ့တိုင်း အကူအညီ ယူနေရတော့ ရှက်လာသလိုပါ...
စည်းကမ်းအရတော့ တင်ပါမယ်လေ...လက်တွဲ မဖြုတ်ပါဘူး....
ကျေးဇူးပါ....

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 62233.47
ETH 2998.30
USDT 1.00
SBD 3.50