မြန်မာတွေ ကြိုးစားကြစေချင်
အခုဆိုရင် ကျွန်တော်သည် Steemit Platform ပေါ်
လျှောက်လှမ်းလာသည်မှာ အချိန်ကာလအားဖြင့် သုံးလ ကျော်
လာခဲ့ပါပြီ။ ထိုမှ Myanmar Steemit Community
အဖွဲ့တော်သားများနှင့်လည်း အတော်လေး ရင်းနှီးလို့ လာခဲ့ပါ
တယ်။ "သူတော်ချင်းချင်း သတင်းလွေ့လွေ့" ဆိုသည်အတိုင်း
တစ်ဦးနှင့်တစ်ဦး ရင်းနှီးလာတော့ Steemit မှာ Steem
Power နှင့် SBD $ တိုးပွားရရှိစေရေး အချင်းချင်း
အကြံပေးကြ၊ ဆွေးနွေးကြဖြင့် သိုက်သိုက်မြိုက်မြိုက် ဖြစ်လို့
လာခဲ့ပါတယ်။ "ဆွမ်းဆန်ထဲ ကြွက်ချေးရော" ဆိုသလို
စုန်းပြူးအဖွဲ့ဝင်လေးများလည်း ရှိတော့ ရှိပါတယ်။ ဒါတော့
သူ့အကြောင်းနှင့်သူပါလေ...သူများကို အပြစ်ဖို့နေလို့
မိမိ တိုးတတ်စရာမှ မရှိတာ မပြောတော့ပါဘူး။
ပြီးခဲ့တဲ့ အပတ်ကတော့ အဖွဲ့ဝင်တွေ ရင်ထဲ ကသိကအောင့်
လေးများ ဖြစ်ခဲ့ကြရပါတယ်။ အကြောင်းသော်ကား...
ကျွန်တော်တို့တွေဟာ Myanmar Steemit
Community မှ ကူညီ၍ Promotion ပေးနေသည်ကို
တစ်လလျှင် ၆ ကြိမ်မျှလောက်တော့ ရကြသည်ဖြစ်လို့
မိမိတို့ ရေးသားသော ဆောင်းပါး၊ ရသစာပေ Blog များတွင်
SBD $ လေးများ ကျပ်ဂဏန်းအဆင့် ရရှိကာ Steem
Power လည်း အထိုက်အသင့် တိုးပွားလာလျက် ရှိကြ
ပါတယ်။
သို့သော် တစ်လတွင် ရက်သုံးဆယ် ရှိသလို မိမိတို့ အနေဖြင့်
နေ့စဉ် ရေးသားသော Blog များတွင်လည်း SBD $
များများ ရရှိချင်ကြပါသည်။ သို့ဖြစ်၍ ကျွန်တော်တို့တွေဟာ
စုမိဆောင်းမိသော SBD $ လေးများကို Vote ရောင်း
စားကြသော Steem Power မြင့်သူများထံ လွဲပေးကာ
Voting ဝယ်ယူခဲ့ကြပါတယ်။ ထိုသို့ ဆောင်ရွက်ကြရာတွင်
အစောပိုင်းကာလများ၌ မိမိတို့ ပို့ပေးသော ပမာဏ ထက်
နှစ်ဆကျော် သုံးဆ နီးပါးမျှ ပြန်ရကြ၍ အနည်းငယ် အမြတ်
ရရှိခဲ့ကြသည်ဟု ဆိုရပေမည်။ ထို Vote ရောင်းစားသူများ
ကလည်း ဝယ်သူသူ များပြား၍လားတော့ မသိ ခုနောက်ပိုင်း
တွင် Upvote $ များ ကျဆင်းလို့ လာခဲ့ပါတယ်။ Steem
Coin နှင့် SBD $ ဈေး ကျဆင်းသောကြောင့်လည်း
ဖြစ်နိုင်ပါသည်။
ဤသို့ တွေ့ကြုံကြရသောအခါ ကျွန်တော်တို့မှာလည်း
မည်သည့် Bot က အမြတ်ရနိုင်မည်လဲဟု လေ့လာဆန်းစစ်
ကြရပါတော့တယ်။ ထိုမှ တွေ့ရှိလာကြသည်မှာ....
မင်နောင်းဘုစတာ မှာ Deposit တင်ပြီး Vote
ဝယ်ရသည်က အကောင်းဆုံး ဖြစ်ခဲ့ကြပါတယ်။ သို့ဖြစ်၍
ကျွန်တော်တို့ အဖွဲ့တော်သားများသည် မင်နောင်းဘုစတာ
ကို အသုံးပြု၍ Post ရော Comment များတွင်ပါ
Vote စေကြပါတော့သည်။ ဤသည်မှာလည်း အစပိုင်းတွင်
အဆင်ပြေသလို ရှိလင့်ကစား ပြီးခဲ့တဲ့ အပတ်တွင်မှ
မင်နောင်ဘုစတာကြီးက ကျွန်တော်တို့တွေကို
Blacklist သွင်းပစ်လိုက်တယ်ဗျာ။ အကြောင်းကတော့
အလွဲသုံးစားလုပ်ကြလို့ ဆိုပဲဗျ။ English ဘာသာစကား
နားလည်တတ်ကျွမ်းသူအချို့မှ ထိုပြသနာကို အဖြေ လိုက်ရှာ
သော်လည်း ဖြေရှင်းလို့ မရသေးပါဘူး။ ဒီတော့လည်း...
သူ့ကို မသုံးရုံပဲပေါ့ဗျာ... ဘာတတ်နိုင်မှာလဲလို့...ဟုတ်တယ်
မလား။
သို့ပေသော်လည်းဗျာ... ထို မင်နောင်းဘုစတာ အဖွဲ့ဝင်ကြီး
များက myanmar tag နှင့် မြန်မာဘာသာစကားကို
အထင်သေး အပုတ်ချ ဆက်ဆံလာကြတယ်ဗျ။ ကိုယ်တွေကလည်း
English လို မကျွမ်းတော့ မြန်မာလိုပဲ ရေးတင်ကြတာပါ။
ကျွန်တော်တို့ အဖွဲ့တော်သားများ အနေဖြင့် တတ်နိုင်သလောက်
ကြိုးစား ရေးတင်ခဲ့ကြတာပါ။ ဒါကိုလည်း Quality မမှီဟု
ဆိုကြသဗျာ။ မိမိတို့ မြန်မာနိုင်ငံသားများသည်လည်း ပေါက်တကရ
လုပ်တတ်သော စုန်းပြူးလေးများတော့ ရှိကြပါတယ်။
ဘာပဲဖြစ်ဖြစ်ပါလေ။ ဒီဆောင်းပါးမှာ ကျွန်တော် ပြောလိုသည်က
ဘာတွေ ဘယ်လို ဖြစ်နေနေ မိမိတို့ အဖွဲ့တော်သားများ အနေဖြင့်
တတ်စွမ်းသမျှ ကြိုးစားကြဖို့၊ myanmar tag ဂုဏ်သတင်း
ကျော်စောရေးကို ဦးစားပေး အလေးထားကြစို့ တိုက်တွန်း
ပြောကြားချင်တာပါပဲ။
(သူတစ်ပါးကို မှီခိုလွန်းသူဟာ ပျော့ညံ့တတ်ပါတယ်။)
ဒါကြောင့် ကျွန်တော်တို့တွေဟာ ဘယ်သူ့ အကူအညီမှ မရလည်း
မိမိပန်းတိုင် မိမိလှမ်းကိုင်နိုင်ဖို့ ဇွဲကိုရင်းလို့ စိတ်ဓာတ်မြင့်မြင့်ထားကာ
ကြိုးစားကြပါစို့ဟု ထပ်မံတိုက်တွန်းစကား ဆိုလိုက်ပါတယ်ဗျာ။

မိတ်ဆွေအားလုံး အောင်မြင် ပျော်ရွှင်ကြပါစေ။
@billionairehein

မှန်ပါတယ် ကိုဘီလျံနာရေ မြန်မာကို မြှင့်တင်ဘို့ ကျနော်တို့ မြန်မာတွေကပဲ ကြိုးစားမှရမှာပါ။ မြန်မာ စတီးမိန်များ ကြိုးစားကြပါလို့ ပြောလိုပါတယ်ဗျာ။
မြန်မာအချင်းချင်း ရိုင်းပင်းလို့ ထိန်းကြောင်းကာ ရှေ့သို့ ချီတတ်ကြရအောင်ဗျာ
မြန်မာဆိဲုနာမည်တစ်ခုကမ္ဘာကသိအြောုးစားရှာပေဗျာဒါကအာုးံှးာတာဝနှ်တဗျ
မြန်မာစာ ကို ကမ္ဘာက လက်ခံ သဘောကျ စေချင်လို့
မြန်မာလို ရေးတင်ပေမယ့် မြန်မာစာ နားမလည်သူတွေက
အင်တင်တင်နဲ့ ဆန့်ကျင်ကြချင်လို့ ကျွန်တော်တို့တွေ
ပိုကြိုးစားဖို့ လိုတာပေါ့ဗျာ။
သိပ်မှန်တာပေါ့ဗျာ၊အားလုံးတက်ညီလက်ညီကြိုးစားကြရင်တော့ဖြစ်လာမှာပါ။
You got a 40.00% upvote from @luckyvotes courtesy of @billionairehein!
This post has received a 9.43% upvote from @lovejuice thanks to @billionairehein. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.
မိနှောင်းကိုက ချစ်လွန်းလို့ရယ် မဟုတ်ပါဘူးဗျာ သူက သိပ်မရှုံးနိုင်လို့ပါ။
မချစ်သော်လည်း အောင့်ကာနမ်းမလို့ပါပဲ
ဒါပေမယ့် မိနောင်းက စိမ်းကားလွန်းတယ်
You got a 13.93% upvote from @sunrawhale courtesy of @billionairehein!
This service has been created with the help of @yabapmatt so please show your support by voting for him for witness!
This post has received a 8.99% upvote from
thanks to: @billionairehein.
For more information, click here!!!!
Try the new Minnowhelper Bots for more information here
Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.
Voting for @yabapmatt
You got a 36.93% upvote from @steembidbot courtesy of @billionairehein!
သူများကို အားမကိုးရဘဲ အချင်းချင်း ကူညီရင်းရှေ့ဆက်သွားလို့ရနိုင်မဲ့ နေ့လေးရောက်လာဖို့ကြိုးစားနေပါတယ် Bro
အပြန်အလှန် ကူညီလို့ စုပေါင်းစွမ်းအား ဖော်ဆောင်ကြပါစို့
You got a 14.08% upvote from @redlambo courtesy of @billionairehein! Make sure to use tag #redlambo to be considered for the curation post!