မိတ်ဆွေများရဲ့တန်ဖိုး

in #myanmar8 years ago

image
အားလုံးပဲ မင်္ဂလာပါရှင်....လူတိုင်းမှာ မိသားစု ရှိကြသည်...ပတ်ဝန်းကျင်မှာလည်း မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း ချစ်သူ ခင်သူ အလုပ်မှာလည်း လုပ်ဖော်ကိုင်ဖက် ဆိုပြီး ရှိကြပါသည်....ဒီအထဲမှာမှ ကိုယ့်စိတ်ထဲ အသဲထဲမှ နှစ်နှစ်ကာကာ ချစ်ရသူ....ကိုယ့် ညီအစ်ကို မောင်နှမ ကဲ့သို့ ချစ်ခင်ရသူ... သာမာန် လုပ်ဖော်ကိုင်ဖက်.. ကိုယ်နှင့် ရန်သူကဲ့သို့ အဆင်မပြေသောသူ အမျိုးမျိုးရှိကြပါသည်....တစ်ခါတစ်ရံ မှာလည်း ရန်သူကို..ချစ်ယောင်ဆောင်ကြရသည်...အလုပ်အတူတူတွဲလုပ်ကြရသည်...မချစ်သော်လည်း အောင့်ကာနမ်းဆိုသကဲ့သို့. လူမှုဆက်ဆံရေးတွင် အဆင်ပြေအောင် ကြိုးစားကြရသည်...လူကြီးသူမများ ဆုံးမဖူးသော စကားတစ်ခု ကြားဖူးခဲ့သည်....သို့သော်လည်း...ငယ်ရွယ်စဉ်ဖြစ်၍ နားမလည်ခဲ့ပါ....ယခုမှ ကောင်းမွန်စွာ သဘောပေါက်လာသည်...ဖွားလေးက ဆုံးမဖူးသည်....မိမိတွင် ချစ်သူ ခင်သူ အယောက် ၁၀၀ ရှိပါသလား...အလွန်နည်းသည်....ရန်သူတစ်ယောက် ရှိပါသလား များလွန်းသည်တဲ့...ထိုစကားကို ကြားသောအခါက စိတ်ထဲတွင် တွေးမိသည်...ကိုယ်နှင့် အဆင်မပြေ ရန်သူဖြစ်ပါက မခေါ်မပြောဘဲ နေလိုက်မည်..ဘာမဖြစ်ဟု....အသက်အရွယ်ရောက်လာ၍ အလုပ်လုပ်မှ နားလည်လာသည်...ငယ်စဉ်က အိမ်မှာနေ အိမ်မှာစား...ကျောင်းသွား...ဘာဖြစ်လာလာ မိဘမှ ကာကွယ်ပေးသည်...ပြသာနာရှင်းပေးသည်....ယခုမူ ကိုယ့်အားကိုယ်ကိုး၍ နေရသည်...မိဘနှင့်ဝေးရာတွင် အလုပ်လုပ်၍ ကိုယ့်ဝမ်းကို ကျောင်းရသည်...ပြသာနာတက်လျှင် အဖေ အမေတ၍ မရတော့...ကိုယ့်ပြသာနာ ကိုယ်ရှင်းရတော့မည်....ထိုအခါ အတတ်နိုင်ဆုံး ပြသာနာမတက်အောင်....ပြသာနာတက်ခဲ့လျှင်တောင် ကြီးသော ပြသာနာ ထပ်မကြီးအောင် ပြသာနာ သေးသွားအောင်....ကြိုးစားရမည်...ထိုအခါ မိတ်ဆွေများ၏ အထောက်အပံ့သည် အရေးပါ အရာရောက်လာသည်....ထို့ကြောင့် မိတ်ဆွေ ပေါများသည်ထက် ပိုများလာအောင်....ရန်သူနည်းသည်ထက် ပိုနည်းပါးအောင်...နောက်ဆုံး ရန်သူမရှိတော့အောင်....ကျွန်မကိုယ်တိုင်လည်း ကြိုးစားနေပါသည်...မိတ်ဆွေတို့လည်း...အတွေးတစ်စရပြီး မိတ်ဆွေပေါများ လာပြီး ရန်သူနည်းအောင် ကြိုးစားကြပါလို့....အကြံပြုပါရစေရှင်....ယခုလည်း ကျွန်မမိတ်ဆွေ ၏ အကူအညီဖြင့် Steemit Community အကြောင်းကို နားလည် သဘောပေါက်လာပြီး စာပေများကို လေ့လာပြီး စတင်ကြိုးစားခွင့်ရလာသည်....စာပေမိတ်ဆွေများနှင့် သိကျွမ်းခင်မင် ခွင့်ရလာသည်...ထို့အတွက် ကျွန်မ လွန်စွာ ဝမ်းသာ ပီတိ ဖြစ်ရပါသည်...ကျွန်မမှာ လိုအပ်ချက်များ ရှိပါကလည်း....သင်ကြားပြသ လမ်းညွှန်ပေးကြဖို့ မျှော်လင့်ပါသည်....ကျွန်မ ပုံ့ပုံ့ပါ....

Sort:  

Promote တင်ပါ

Promote တင္ပါ

မတင်တတ်လို့ေပြောပြပေးပါ...ကျေးဇူးတင်ပါတယ်နော်

ရေးထားတာလေး ကောင်းပါတယ်ဗျ။
စာပိုဒ်လေးတွေ ခွဲပေးရင် ပိုကောင်းပါလိမ့်မယ်ဗျ။
Keep it Up.

ဟုတ်ကဲ့ရှင့် အကြံပေးတာ ကျေးဇူးပါ

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.056
BTC 74186.70
ETH 2327.99
USDT 1.00
SBD 0.52