“မယူလည်း ရသားနဲ့”

in #myanmar8 years ago

image

“မယူလည်း ရသားနဲ့”

သူပေးတဲ့အပူ
သူပြောတဲ့စကား
ငါ့ကိုစော်ကား
စဉ်းစားတိုင်း ဒေါသပွား
တွေးမိတိုင်း သောကပွား။

ပြောတဲ့သူက
မေ့မေ့ပျောက်ပျောက်
ငါ့ရင်ထဲမှာ မီးတောက်။

ကြာလာတော့ စိတ်ပြေ
မေ့လိုက်တော့သက်သာ။
ခွင့်လွှတ်တော့ ချမ်းသာ။

တရားခံက
ငါ့ဒေါသ
ငါ့မာန
ငါ့အတ္တ။

သူပေးတဲ့အပူ
မယူလဲရသားနဲ့
နောက်များဆို မယူဖို့
ငါ့စိတ်ကိုဆုံးမထား
မြတ်ဗုဒ္ဓ၏ ဆုံးမစကား။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.070
BTC 72967.82
ETH 2245.97
USDT 1.00
SBD 0.49