ဒါလေးဖတ်ကြည့်သွားဦး
ယောက်ျားလေးများအနေဖြင့်
အိမ်ထောင်ပြု သည့်အခါ ဝသောမိန်းကလေးများကိုသာ
အိမ်ထောင်ဖက်အနေဖြင့် ရွေးချယ်သင့်ပါသည်။
မနက်အိပ်ရာနိုးသည်နှင့်
ပိန်သောမိန်းကလေးများသည်
အလှအပပြင်ဆင်ချိန်တွင်
ဖတ်တီးမလေးများသည်
မနက်စာစားရန် ပြင်ဆင်နေပြီဖြစ်ပါသည်။
ဈေး ဝယ်ရာတွင် ငပိန်မများသည်
ကိုယ်အလေးချိန်ထိန်းရန် ဝယ်ယူရပြီး
ဖတ်တီးမလေးများသည် စားကောင်းမည့်
အရာများသာ ဝယ်ယူရပါသည်။
ငပိန်မများသည် အလှအပပစ္စည်းများ
ဝယ်ယူရန် ဈေးဖိုးချွေတာနေချိန်တွင်
ဖတ်တီးမလေးများသည် သားငါးအစုံပါရန်
ဝယ်ယူနေပါသည်။
ထို့ကြောင့်
ငပိန်မလေးများအား ယောက်ျားလေးများအနေဖြင့်
ပေါင်းသင်းပါက အစားဆင်းရဲခြင်းကို
ခံစားရပါမည်။
ဖတ်တီးမလေးများအား လက်ထပ်ပေါင်းသင်းခြင်းဖြင့် စားကောင်းသောက်ဖွယ်များ စားရနိုင်ပါသည်။
ထို့ပြင်
ငပိန်မလေးများအတွက် အဝတ်အစား
နောက်ဆုံးပေါ် ခဏခဏထွက်ရှိသည့်အပြင်
ငပိန်မလေးများရဲ့ ဆိုဒ်ကိုလည်း မှတ်သား
ဝယ်ယူပေးရသဖြင့် ပင်ပန်းဆင်းရဲခြင်းကို
ခံစားရနိုင်ပါသည်။
ဖတ်တီးမလေးများအတွက် အဝတ်အစားဝယ်ရာတွင် နောက်ဆုံးပေါ်များ၌ ဆိုဒ်ကြီးထွက်ရှိခြင်း နည်းပါးခြင်းအပြင် ဝယ်ယူရာတွင် ဆိုဒ်မှတ်သားစရာမလိုပဲ
အကြီးဆုံးဆိုဒ် ဝယ်ယူပေးရသဖြင့်
သက်သာခြင်း ချမ်းသာခြင်းအကျိုး ခံစားရနိုင်ပါသည်။
ဖတ်တီးမလေးများ၏ ကောင်းကျိုး
´´´´´´´´´´´´´´´´´´´´´´´´´
မြန်မာနိုင်ငံသည် ရာသီဥတု သုံးမျိုးရှိပြီး
မိုးရာသီ နှင့် ဆောင်းရာသီ တို့တွင်
ဖတ်မတီးလေးများ၏ ရင်ခွင်သည်
အနွေးထွေးဆုံး ဖြစ်ပါသည်။
မျိုးဆက်အတွက်ကောင်းကျိုးး
´´´´´´´´´´´´´´´´´´´´´
ရင်သွေးများအတွက် မိခင်နို့ရည်
ဖူလုံသည်အပြင် အလှအပအား
မိမိအတွက်ပါ ရင်သွေးများအား
ပိုမိုပြင်ဆင်ပေးသောကြောင့်
ရင်သွေးများသည် အစဉ်
လှပဖွံဖြိုးနေတတ်ပါသည်။
သစ္စာရှိခြင်းနှင့်ပေါ်လွင်ခြင်း
´´´´´´´´´´´´´´´´´´´´
ဖတ်တီးမလေးများသည်
နောက်ထပ်ယူမည့်သူမရှိခြင်းကြောင့်
ယောက်ျားများအပေါ် အလိုလိုက်အကြိုက်ဆောင်သည့်အပြင်
ဖောက်ပြန်ရန် အလွန်နည်းပါးလေသည်။
ဖတ်တီးမလေးများဖြင့် တွဲသွားပါက
ယောက်ျားလေးများသည် ပေါ်လွင်ထင်ရှား
လှပနေပါသည်။
ဖတ်တီးမလေးများအား
လက်ထပ်ခြင်းဖြင့်
လှပသော ဘဝများ
ပိုင်ဆိုင်ကြပါစို့😃😃😃😃
Credit, photo google

great content! and thanks again for following!
This post has received a 0.21 % upvote from @drotto thanks to: @banjo.
This post has received a 0.16% upvote from
thanks to: @chanlay.
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.
Nice