အင်းတကော်

in #myanmar8 years ago (edited)

အင်းတကော် အင်းတကော်ဆိုတာကတော့ ကျမတို့မြို့လေး ပေါ့ အင်းတကော်ဆိုတဲ့ နာမည် ဖြစ်ပေါ်လာတာလေးကတော့ အင်းတစ်အင်း ကို တစ်ခေါ်စာ ပဲဝေးလို့ပါ လူအများက အင်းတခေါ် အင်းတခေါ်လို့ ခေါ်ရင်းကနေ အင်းတကော် ဖြစ်သွားတာပါ အခုလူတော်တော်များ က အင်းတကော်ကို English လိုရေးကြရင် Inntagaw အင်းတဂေါ် လို့ရေးကြတယ် အဲ့စာလုံးက မှားပါတယ် အမှန်က Inntakawပါ ကျမတို့ အင်းတကော်မြို့မှာတော့ တောင်ကိုးလုံး အင်းကိုးအင်း ရှိတဲ့အတွက် သူတော်စင် တော်တော်များများ တရားလာအားထုတ်ကြပါတယ် လှပတဲ့ တောင်တန်းလေးတွေ မြေနီလမ်းလေးတွေ စေတီပုထိုးတွေ နဲ့ ရိုးသားလှ တဲ့ ကရင်တိုင်းရင်းသား အများစုနေထိုင်တဲ့ နေရာလဲ ဖြစ်ပါတယ် image ကျမတို့ ငယ်စဉ်အခါတုန်းကတော့ အုပ်စိုင်းနေတဲ့ ကုက္ကိုပင် ကြီးတွေ က တစ်ပင်အရိပ် တစ်ပင်ခိုပြီး အေးမြနေပါတယ် အခုတော့ ကုက္ကိုပင် တွေ ကို လှဲ တောင်တွေ ကို ဖြိုကာ မြေညှို ပြီး 6လမ်းသွားတွေ ဖောက် စက်ရုံအလုပ်ရုံတွေ ဆောက်ပြီး စက်မှုဇုံမြို့လို့တောင်ပြောလို့ရနေပါ imageပြီ အခုအခြေအနေမှာ ကျမတို့ရွာမှာ အပေါဆုံးကတော့ လူပါ အရပ်ဒေသ အသီးသီးက လာရောက် အလုပ်ကိုင်သူတွေ များပြားလှပါတယ် ညနေ အလုပ်ဆင်းချိန်နဲ့ မနက်အလုပ်တက်ချိန် တွေမှာတော့ ကျမတို့မြို့ရဲ့ ကားလမ်းပေါ်မှာ ferry carတွေ ဆိုင်ကယ် တွေ အများအပြားတွေ့ရတဲ့အချိန်ပါပဲ ကျမတို့ အင်းတကော်မြို့ကတော့ အလုပ်အကိုင်အပေါအများဆုံးမြို့ပါပဲ Credit image google By @coralbright MSC 231

Sort:  

ငယ်ငယ်က တောင်ကိုးလုံးဆရာတော်ကိုဖူးရင်းနဲ့ ခဏခဏရောက်ခဲ့ဖူးတယ်။

အလုပ်အကိုင်ပေါတယ် ဆို ခေါ်ကျပါအုံး

တစ်ကယ်ပေါတာ မီတာစက်ရုံ cableစက်ရုံ ကားစက်ရုံ လက်အိပ်စက်ရုံ အထည်ုပ် သံအရည်ုစက်ရုံ

လာလည်ချင်တယ်ဗျာ....plz v and m me back https://steemit.com/myanmar/@mgtoetat/february-13

လာလည်ပါရှင်ြုဆိုပါတယ်

နည်းနည်းလေးပိုရေးရင်ပိုကောင်းမှာ ခုတိုနေတယ်နည်းနည်းပဲ

ဟုတ်ကဲ့ဦးမင်း

ဘယ်မှာရှိတာလဲ၊မသိလို့

ပဲခူးမြို့ နှင့် လှည်းကူးမြို့ ကြား

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.064
BTC 69133.39
ETH 2127.14
USDT 1.00
SBD 0.47