ချမ်းသာခြင်းတစ်မျိုး

in #myanmar8 years ago (edited)

ချမ်းသာခြင်းတစ်မျိုး

ဘယ်သူတွေ ဘယ်လောက်ပဲ မျက်စိ စပါးမွှေးဆူးနေပါစေ အရေးကြီးတာ ကိုယ့် ရဲ့ စိတ်ချမ်းသာမှုပါ
ကိုယ်ရဲ့စတိုင် ကိုယ့်ရဲ့ အပြောအဆို အနေအထိုင် ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူတွေလည်းရှိမယ်
ဒါပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မထိ ခိုက်သ၍တော့ ကိုယ့်ရဲ့ စတိုင်ကို ပြောင်းလဲပစ်စရာမလိုပါဘူး image
အရေးကြီးဆုံးက ကိုယ့်ရဲ့ ဒီမိုကရေစီပဲ ဒီမိုကရေစီလို့ ပြော ရင် လူတိုင်းက လွတ်လွတ်လပ်လပ် ကြိုက်တာလုပ်နေရတာကို ဒီမိုကရေစီလို့ ထင်ကြတယ်
အမှန်တော့ ဒီမိုကရေစီဆိုတာ တခြားသူကို မထိခိုက်ပဲ ကိုယ့်ရဲ့ လွတ်လပ်မှုကိုယူတာ စစ်မှန်တဲ့ ဒီမိုကရေစီပဲ
ကိုယ့်ရဲ့ လုပ်ရပ်တိုင်းကို ကောင်းတာပြောတဲ့သူရှိမယ် မကောင်းတာပြောတဲ့သူရှိမယ် ဒါတွေဟာ သူတို့ စိတ်နဲ့ပဲဆိုင်တယ် ကောင်းတဲ့စိတ်ရှိတဲ့သူက ကောင်းတဲ့ စကားပဲပြောမှာပဲ မကောင်းတဲ့ စိတ်ရှိသူက မကောင်းတဲ့ စကားပဲ ပြောမှာပဲ image
အမြဲတမ်းတွေ့တဲ့ သူတိုင်းကို မကောင်းပြောတာနဲ့ တစ်ခါတစ်လေ တော်တော်လေး အစဉ်မပြေလို့ ပြောကြတဲ့သူလည်းရှိတယ်
အမြဲတမ်း သူများ မကောင်းတာပြောတဲ့ သူကတော့ တော်တော်ကို စိတ်ပုပ်တဲ့သူပဲ ဖြစ်လိမ့်မယ်
ကိုယ်ရဲ့ စတိုင်လို့ ပြောတဲ့ နေရာမှာ ကျမတို့ နိုင်ငံမှာ ဥပမာ ပေးရရင် မြန်ပြည်သိန်းတန်တို့ ဇနီးမောင်နှံ ပေါ့ တချို့တွေ ကပြောကြတယ် အမယ်လေး ကြည့်ပါဦး အသက်တွေ 70ကျော်လောက် ဝတ်စားနေတဲ့ပုံ ကိုလည်းကြည့်ဦးပေါ့ ကဲ့ရဲ့ကြတာ
အဲ့လိုကဲ့ရဲ့ လိုက်လို့ ကဲ့ရဲ့သူတွေ အတွက်ဘာဖြစ်လာလည်း အကုသိုလ်တစ်ခုပဲရသွားတာ
ကဲ့ရဲ့ ခံရသူအတွက် ထမင်းလည်းမငတ်သွားဘူး ဘဝလည်းပျက်မသွားဘူး သူတို့ဘဝနဲ့ သူတို့ စိတ်ချမ်းသာမှုရပြီးသား image
အဲ့လို ကဲ့ရဲ့ပြောဆိုတက်တဲ့ သူတွေအတွက် ကိုယ့် စတိုင်ကိုယ် မပြောင်းလဲပါနဲ့. သူတို့ပြောလို့ ကိုယ့် စိတ်ချမ်းသာမှုကို ပြောင်းလဲလိုက်လို့ သူတို့ကိုယ့်ကို စိတ်ချမ်းသာမှု လာမပေးဘူး ထမင်းတစ်လုတ်လဲ ပို မစားရဘူး သူတို့ကြောင့် ကိုယ့်မှာ သောက တစ်ခုပဲပိုလာမှာပါ
ဒါကြောင့် မကောင်းပြောတက်တဲ့ သူတွေ အတွက် အချိန်ကုန်မခံပါနဲ့ ကိုယ့်ကို အကောင်းပြောတဲ့ သူတွေ အတွက်ပဲ အမြဲ စဉ်းစားပါ
ဒီနေရာမှာ ပြော ချင်တာကတော့ good တယ် ထင်ရင် doသာ do ပါ ဒါပေမဲ့ တစ်ခြားသူကို မထိခိုက်ပါစေနဲ့
Credit image google
@coralbright
MSC 231

Sort:  

That's right;sis.

👍👍👍👍

ဟုတ်​ပ အမှန်​တရားပဲ 😃😃

ရေးတတ်တယ်နော်

😁😁😁😁

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.045
BTC 65400.71
ETH 1922.82
USDT 1.00
SBD 0.50