ရောင်ခြယ်နှင့် အလုပ်

in #myanmar6 years ago

ရောင်ခြယ်မှာ ဆေးသုတ်စားသော သာမန် နေ့စားသမားလေးသာ ဖြစ်ပါသည် ။ သူ့ပထမဆုံး စတင်လုပ်ခဲ့စဉ်က နှစ်ထောင့်ငါးရာခန့်သော မြန်မာ ကျပ်ငွေကို ရရှိခဲ့ပြီး အတော်ကြာလာသောအခါ တစ်ရက်လျှင် ခြောက်ထောင် ခွန်နှစ်ထောင် ဟူသော အခြေအနေသို့ပင် ရောက်ရှိလာပါသည် ။ သူအလုပ်ရခါစက အလွန်အလုပ်ကြိုးစားခဲ့သည် ။ သူ့အားလည်း ခိုင်းကောင်းကောင်းနှင့် အများဆုံး အခိုင်းခံရသော သူတစ်ယောက် ဖြစ်လာခဲ့ပါသည် ။ သူ့ဆရာ အလိုကျ ကြိုးစားခဲ့သူလည်း ဖြစ်ပါသည် ။ သို့သော် သူစဉ်းစားမရသည်က သူ့ထက် နောက်မှ ရောက်လာသူများနှင့် သူ့လောက်ပင် မတတ်သူများ သူ့လောက် အလုပ်မလုတ်သူများမှာ သူ့ထက် ပိုရကြကုန်ပြီ ဖြစ်ပြီး သူတစ်ယောက်သာ အနစ်နာခံ အလုပ်များစွာလုပ်ပြီး လုပ်ခနည်းကာကျန်ထားခဲ့လေသည် ။


painttt.jpg
Image source

နောက်ပိုင်းမှာတော့ ရောင်ခြယ်တစ်ယောက် အရာရာ စဉ်းစားရင်း သဘောပေါက်လာပါသည် ။ တာဝန်သိလျှင် တာဝန်ပိုလာသည် ။ အလုပ်ကြိုးစားလျှင် အလုပ်ပိုလုပ်ရသည် ။ ပိုက်ဆံတောင်းမှသာ ပိုက်ဆံရမည် ။ သူသည် သူ့ အလုပ်ရှင် ဆရာထံမှ ငွေအားလည်း ဇွတ်အတင်းမတောင်းခဲ့ဖူးသလို လုပ်ခလဲ တိုးမတောင်းခဲ့ဖူးပါ ။ ထိုအရာကလည်း သူ့အားနည်းချက်ဖြစ်ကြောင်း သိလာသည် ။ အလုပ်ရှင်တို့သည် ခိုင်းကောင်းသူများကို မသနားတတ်ရုံတင်မက ပိုပြီး ဖိခိုင်း ပြောဆိုပြီး ခိုင်းတတ်ကြသည် ။ ရောင်ခြယ် လုပ်ခများ တိုးတောင်းသည်။ တစ်ခါတစ်ရန် ဆန္ဒပြရသည်လည်းရှိသည် ။ အခြားတစ်နေရာမှာ သွားလုပ်ရသည် ။ ထိုအခါမှသာ လက်ခလေး ပိုရတတ်သည် ။ ဒါတောင် သူ့တို့လုပ်ငန်းတွင် အရေးပေါ် လူလိုချိန်မှ ပြန်စရခြင်း ဖြစ်ပါသည် ။ လူမလိုချိန်တွင် နင်သေသွားရင် နင့်နေရာ တစ်ခြားတစ်ယေက် အစားလာလိမ့်မည် ဟူ၍ ဖြစ်သည် ။


worker.jpg
Image source

အချို့သူများက အလုပ်ကြိုးစားတာ ကောင်းသည်ဟူ၍ နေရာတစ်ကာ ထင်တတ်ကြသည် ။ သူ့နေရာနှင့်သူတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မည် ။ ရောင်ခြယ်တို့ကြိုးစားလွန်းသဖြင့် အလုပ်ရှင်မှာလည်း မိန်မတွေ တစ်သီကြီးနဲ့ အိမ်တွေ တစ်လုံးပြီး တစ်လုံးဆောက် ။ စီးတော်ယာဉ် အမျိုးမျိုးတို့ ဖြစ်လာလေပြီ ။ ရောင်ခြယ်တို့မှာတော့ အာလူးတောင် နပ်မှန်အောင်မမြိုရပေ ။ နောက်ပိုင်းတော့ ရောင်ခြယ် ကောင်းကောင်းကြီးသိလေပြီ ရောင်ခြယ် သိပ် မကြိုးစားတော့ပေ ။ ထိုသို့ အေးအေးလုပ်တောင် ရောင်ခြယ်တို့ တစ်သိန်းခန့်ရလျှင် တစ်ရက်တစ်လေသော်မှ ပေါ်ချင်မှ ပေါ်လာတတ်သူမှာ သိန်းပေါင်းများစွာ ။ ထို့နောက်တွက် ပြောကြသည်က အဲ့ဒီဆရာကြီး လက်ရာ ကောင်းသတဲ့ ။

ဒါတွေက ရောင်ခြယ် နေ့စားလုပ်ခဲ့ရတဲ့ အကြောင်းလေးတွေပါ ။ အများကြီးရှိပေမဲ့ အလုပ်ဘာလို့ မကြိုးစားတဲ့ အကျင့်ဖြစ်နေလဲ ဆိုတာပါ ။ ခုကတော့ ရောင်ခြယ်ဆိုတာ နေ့စားငချွတ်လေး မဟုတ်တော့တဲ့သူ ဖြစ်နေပြီပေါ့ ။ ဟဲဟဲ ခုက ကိုယ့်အလှည့်လေဗျာ အလုပ်ကြိုးစားတဲ့သူလေးများပါရင် ခိုင်းကောင်းဘဲဗျာ ။ ပိုက်ဆံလေးများ သိပ်မတောင်းတတ်သူလေးများ ပါလာရင် အဆင်ကို ပြေလို့ ။ သူ့ကိုပေးရမည့်ဟာကို ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ သူ့ပိုက်ဆံကို ငွေတိုးချထားလိုက်တယ်လေ ။ နောက်တော့ ရတဲ့ အတိုးနဲ့ ရှင်းပေးရင်း ကျေသွားရော ။ ရောင်ခြယ်မကောင်းဘူးပြောကြမလား ဒါက လုပ်ရိုးလုပ်စဉ်ပါလေ ။ မယုံရင် နေ့စားတွေရှိတဲ့နေရာ လာကြည့်ပေါ့ ။ အဲ့တာဆို ဒါ အကင်းလေးဘဲရှိသေးတယ်ဆိုတာ သိလာပါလိမ့်မယ် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အလုပ်​ရှင်​သူ​ဋ္ဌေးချင်းလည်း တူ​တော့မတူပါဘူး​လေ

အတော်များများကြုံဖူးတာလေးတွေပါ ကောင်းတာတွေလည်း တွေ့ဖူးတယ်။ အကုန်ဟုတ်ပါဘူး လူအမျိုးမျိုး စိတ်အမျိုးမျိုးပေါ့လေ ။

သေသွားမှတော့ ကိုယ့်နေရာ အစားယူလဲ ဆန်းဘူးလေဟာ

ငိ ဟုဖူးယေ အပြောခံရတာကို ပြောတာပါ ဟီး ယူချင်ယူပစေတဲ့

အေ့ယေ ဘူယူယူ ဘုပေးပေးအေ

လူဆိုတပြီးမှလယ်​တာပါ။ငချွတ်​လယ်​သွားတာပါ။

ဟုတ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 65302.82
ETH 3492.44
USDT 1.00
SBD 2.47