ကြံဖန်လို့ရေး

in #myanmar7 years ago

မြန်မာ Steemit Community မှ စာပေ ရေးသားမှုဆိုင်ရာ ပြိုင်ပွဲလေးတွေ လုပ်ပေးတတ်ပါသည် ။ တစ်ခါတစ်ရန် ရေးစရာ အစရှာ မရလေတော့ ထို ပြိုင်ပွဲအတွက်ပေး ထားတဲ့ အကြောင်းအရာ လေးတွေများ ရေးသားလျှင်များ တစ်လနေ တစ်ပုဒ်စာလောက် အဆင်ပြေပြေ ဖြစ်သွားလိမ့်မည် ထင်ပါသည် ။ ကိုယ့်မှာ ပြိုင်ပွဲဝင်ရသူ မဟုတ်သဖြင့် ယခင်က မရေးဖြစ်ခဲ့ ပါ ။ ယခုတော့ ရေးစရာလေး ရအောင် ကြံရဖန်ရဦးမည် ။ အကြံအဖန် လို့ ဆိုချင်ဆိုပါလေ ။

a1.png

ရေးစရာ အဆင်ပြေအောင်ရေးရသည် ဖြစ်သဖြင့် ထိုသို့ ရေးရာတွင် ပြိုင်ပွဲဝင် Post များကဲ့သို့တော့ ကောင်းမွန်ချင်မှ ကောင်းမွန်ပါလိမ့်မည် ။ ထို့ကြောင့်လည်း ယခင်က မရေး ဖြစ်ခဲ့ခြင်း ဖြစ်ပါသည် ။ ယခု အချိန်မှာတော့ ကိုယ်လဲ အဆင်ပြေပြေ ဖြစ်စေနိုင်ဖို့ အရင် တစ်ပတ်က အကြောင်းအရာကနေ နည်းနည်း စဉ်းစားပြီး ရေးသွားမည်ဟု အကြံ ဖြစ်မိပါသည် ။

a2.jpg

ကိုယ့်မှာ ပြိုင်ပွဲဝင်ရသူ မဟုတ်သဖြင့် မတော်တဆ ရှည်သည်ဟု ထင်ရပါကလည်း အပိုင်းအပိုင်း များဖြင့် ခွဲကာ တင်ခြင်းဖြင့် အဆင်ပြေနိုင်မည် ထင်ပါသည် ။ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်အကြောင်းလေးများ ရေးနိုင်အောင် စဉ်းစားပါဦးမည် ။ အသိ အမြင် နည်းသူဖြစ်တဲ့ ကျွန်တော်တို့မှာ စကားလုံး လှလှ လေးတွေတော့ ဘယ်ရှိနေ မှာလဲလေ ။ ကိုယ့်ရဲ့ နုနယ်တဲ့ အတွေးလေးအလိုက် ရေးရမှာပေါ့ ။

ဒီတစ်ပတ် ပြိုင်ပွဲတွေ ပြီးသွားတဲ့အခါလည်း ခုခေါင်းစဉ်လေးနဲ့ post တစ်ခု တင်လို့ ရလာမယ်လေ ။ နေ့တိုင်း ခေါင်းစဉ် တစ်ခုနဲ့ ရေးစရာပေးပြီး ဆုချနေရင် ရေးစရာ မရှားတော့ဘူးပေါ့ဗျာ ။ သို့သော် post တွေ စစ်ဖို့ကျပြန်တော့ အလွန်ခက်ခဲ တာကြောင့် ပြိုင်ပွဲ post တွေ ကြည့်ရသည်မှာ တစ်ကယ် မလွယ်သော ကိစ္စပါပေ ။

ပတ်ဝန်းကျင် အကြောင်းလေး စဉ်းစားဦးမှာမို့ ဒီလောက်နဲ့ ဒီ တစ်ပုဒ် ရပ်နားပါရစေ ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ကျနော် စာတစ်ပုဒ်ရေးနေတယ် စာရေးရမှာ မကြောက်ပါနဲ့ ဆိုတဲ့ အကြောင်းလေးပါ။ စာဆိုတာ ရေးနေမှ ထက်လာတာပါဗျ။အဖန်ဖန် လေ့ကျင့် ရေးသားနေမှ စာရေးခြင်း မှာ အခက်အခဲမရှိ အဆင်ပြေချောမွေ့လာမယ် ကိုဒိုမီရေ။ များများရေး များများတွေးလို့ အကြံပးချင်တယ်။

ဟုတ် ကျွှန်တော် အတွေးလွန်သွားရင် မန်းတလေးက ကျွှန်တော်တို့ သွားလှူတဲ့နေရာ မပို့ပေးပါနဲ့နော် ခ်ခ်

ကြံဖန်ရေးရန် အကြံအဖန် သူများပြောတာနားထောင်ပါ မှတ်မှတ်သားသားရှိလာရင် အဆင်ပြေလာပါလိမ့်မယ် ဒိုမီရာ
ဒါနဲ့ စကားမစပ် လက်ပုတော့ပေါ်က လက်က နီလက်တော့ဟုတ်ဖူးထင်တယ် လှသားဟ

တယောက်ထဲဆို လက်သည်းနီဆိုးလေ့ရှိတယ်

ကသက်ကလေ ။

ဟုတ်ဖူး တားတားက အိတ်စတာနယ် ဆိုတာနဲ့ ။

ကြံဖန်ရေးမရှိရှိတာရှာကြံရေးရင်းနဲ့ပဲpostတစ်ခုဖြစ်သွားတာတွေ့ရပါတယ်ဗျာ။

ဒီလိုဘဲ ကြံရေးဖန်ရေး ကြံဖန်ရေးပါဘဲဗျာ ။

ကြံဖန်ရေးတတ်တာကိုကပညာတစ်ခုပါဗျာ၊လေးစားပါတယ်။

အတူတူဘဲ ကိုဒိုမီ​ရေ
တခါတ​လေ ဘာ​ရေးလို့​ရေးရမှန်းမသိ​အောင်​ဖြစ်​​နေတတ်​တယ်​ဗျ

အဖော် တွေ တွေ့ပြီ အားရှိစရာဗျာ ။

I was so pleased to see new post from you @domelay :)

Thankyou lucky .