မတော်တဆ ရှောင်မရလို့

in #myanmar7 years ago (edited)

ယနေ့ မတော်တဆမှုတစ်ခု ဖြစ်လိုက်သေးသည် ။ တစ်ကယ်က ကျွှန်တော်က မှန်ပါသည် ။ သို့သော် ကျွှန်တော်က အတိုက်ခံလိုက်ရသည် ။ သွားနေသည်မှာ လဲ သိပ်အရှိန်မပါသော ကျွှန်တော့အား အရှိန်ဖြင့် ဝင်တိုက်ခြင်း ဖြစ်သည် ။ ထိုသို့ ခဏခဏ ကြုံဖူးသော်လည်း သတိမထားမိ ။ မျက်လုံးအချိန်မီ မမှိတ်လိုက်ခြင်းကလဲ ကျွှန်တော့ အမှား တစ်ခုလို့ဘဲ ဆိုရမည် ထင်ပါသည် ။ ခုတော့ မျက်လုံး တစ်ဖက်နာနေသည် ။ သူက ကျွှန်တော့ ထက်အဖြစ်ဆိုးသည် သို့သော် သူက ဝင်တိုက်တဲ့သူလဲ ဖြစ်နေပြန်သည် ။


depositphotos_43594027-stock-photo-bicycle-accident.jpg
Image source

ကျွှန်တော့မှာ ဒါဏ်ရာ ဘာမှ သိပ်မဖြစ်သွားခြင်း အတွက်တော့ ဝမ်းသာရမလိုဖြစ်သည် ။ သို့သော် ကျွှန်တော့ကို လာဝင်တိုက်တဲ့အကောင်ကတော့ အသက်ပေးသွားရရှာသည် ။ သူ့ရဲ့ ကျန်ရစ်ခဲ့သော မိသားစု ကတော့ ဘယ်လို ဖြစ်နေရှာမည် မသိပါ ။ တစ်ကယ်လဲ စိတ်မကောင်းဖြစ်ရပါသည် ။ သို့သော်လည်း မတတ်နိုင် ။ ဖြစ်ခဲ့သည် က ဖြစ်ပြီးသွားခဲ့ပြီလေ ။ အချိန်တွေ နောက်ပြန်ရစ်ပြီး အဲ့ဒီနားလေးကို ကွက်ပြီး ပြင်လိုက်လို့မှ မဖြစ်နိုင်တော့တာဘဲလေ ။


1562925674493.jpg
Image source

ကျွှန်တော်လဲ ဝန်းနည်းမိလို့လားမသိ မျက်ရည်များ အတော်ပင် စီးကျ နေသည် ။ အထူးသဖြင့် သူနဲ့တိုက်မိလိုက်သည့် ဘယ်ဘက်မျက်လုံးက မျက်ရည်များ ကျနေဆဲ ။ ညနေအချိန် ထိုပိုးစပ်ကောင်များ မျက်လုံးတွင်း ဝင်နိုင်မန်းသိသော်လည်း ရုတ်တရက် ကျွှန်တော်က ဘယ်ရှောင်နိုင်ပါ့မလဲလေ ။ ဟုတ်တယ် အတော်ကို အရှိန်ပြင်းပြင်းနဲ့ ကျွှန်တော့မျက်လုံးကို ဝင်ဆောင့်သွားတာ ။ မျက်လုံးတောင် ခုလုလုနဲ့ စာရေးနေရတယ် ။ နောက်ကို အဲ့ဒီ ပိုးစပ်ကောင်လေးတေ သတိထားမှ ။

@domelay

Sort:  

အဟုတ်မှတ်လို့ လိုက်ဖတ်နာ အတော်ဆိုးတဲ့ ဒိုမီ 😂

😂😂😂 ပိုးစပ်ကောင် တစ်ကယ်ဝင်တာဆို

သေမှုသေခင်း ရှင်းရပါမည်😁😁😁

Posted using Partiko Android

အာ့ တားတား ကြောက်ကြောက်

ငှယ့်
အဟုတ်မှတ်ပြီး စိတ်ပူနေတာ
အတော်နောက်တယ်

အယ် တားကို စိတ်ပူပေးတဲ့သူ ရှိတယ်တဲ့တော့ ပျော်လိုက်တာ

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.048
BTC 67276.68
ETH 1968.89
USDT 1.00
SBD 0.46