What? How? When? DWsteemCreated with Sketch.

in #myanmar7 years ago

image

Steemit base game တွေက တဖြည်းဖြည်း ဖောက်လာနေသည်ဟု ခံစားရ၏။ Monster game လည်း ကြာလည်သည်နှင့် အမျှ ပြောင်းလဲသွား၏။ ကောင်းသောပြောင်းလဲခြင်းမျိုးလည်း မဟုတ်ပေ။ ဆော့ကစားသူများအတွက် ကောင်းစေခြင်းမျိုး မဟုတ်ပေ။ Monster game က ကျနော့် အတွက်တော့ သိပ်မသိသာလှပေ။ အဘယ်ကြောင့်ဆိုသော် အနှီ ဂိမ်းကို ကျနော် မဆော့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ထိုဂိမ်း၏ ရိုက်ခတ်မှုက ကျနော့်အတွက်တော့ သိပ်ပြဿနာ မရှိလှပေ။ ကျနော့် အတွက် ရိုက်ခတ်မှု ရှိသည်က Drug War ဖြစ်၏။

Monster Game တုန်းကတော့ ကျနော့် မဆော့ လိုက်နိုင်ပေ။ အများသူငှာ ပီပီပြင်ပြင် ဆော့နေကြပြီးမှ ကျနော်က လိုက်လံ ဆော့ကစားဖို့ တွေးမိခြင်း ဖြစ်၏။ သို့ပေမယ့် ဆော့ကစားဖို့ငှာ အချိန် မမှီတော့ပေ။ ကျနော် ဆော့ကစားဖို့ တွေးမိလိုက်ချိန်မှာတော့ အနှီ ဂိမ်းက သိပ် မဟုတ်တော့ပေ။ သို့နှင့် Drug War ကိုသာ ဆော့ကစား ဖြစ်၏။ တာထွက်စ Drug War က တော်တော်လေးတော့ ဟုတ်ခဲ့၏။ တဖြည်းဖြည်း လူအများ ဆော့ကစားကြ၏။ သို့ပေမယ့် နောက်ပိုင်းမှာတော့ Drug War လည်း Monster လမ်းစဉ်သို့ လိုက်လာပြီ ဖြစ်၏။

အခြား မဟုတ် ပြန်လည် ရရှိသည့် reward ပိုင်း ဖြစ်၏။ အစ ကနဦးပိုင်းတုန်းက ရရှိနေကြ၊ ပေးနေကြ reward များသည် ပြောင်းလဲလို့ လာခဲ့ပြီ ဖြစ်၏။ သို့နှင့် ထို့ကြောင့် monster ဂိမ်း ဆော့သူများ အဖို့ အနှီဂိမ်းကို စွန့်လွှတ်ပြီး အခြား ဂိမ်းများကို ပြောင်းလဲ ဆော့ကစားလာကြ၏။ အများစုကတော့ Drug War သို့ ရွှေ့ပြောင်းလာကြ၏။ Drug War ကလည်း အစပိုင်းတုန်းကတော့ အတော်လေးကို ဟုတ်၏။ သူ ပြန်ပေးသည့် reward က မက်လောက်စရာပင်။ သို့ပေမယ့် နောက်ပိုင်း ဆော့ကစားသူများ များပြားလာပြီးနောက် ပြန်လည်ပေးသည့် ပြန်လည် ရရှိသည့် အကျိုးအမြတ်က တဖြည်းဖြည်း နည်းလာ၏။

image

ယခုနောက်ပိုင်းမှာတော့ ပိုပြီး ဆိုးလာ၏။ reward ကို steem အစား future ပြန်လည် ပေးခြင်း ဖြစ်၏။ ထိုကိစ္စကတော့ တော်တော်လေးကို ဆိုးလှ၏။ steem တိုက်ရိုက် ရနေသည့် အခြေအနေကနေ ပြောင်းလဲသွားသည်က တော်တော်လေးကို ဆိုးလှ၏။ ယခု Drug War ကနေ ပြန်ပေးနေသည့် reward (Future) က steem အဖြစ်သို့ တိုက်ရိုက် ပြောင်းမရပေ။ Byte ball သို့ ပြောင်းပြီးမှသာ ထုတ်ယူလို့ ရခြင်း ဖြစ်၏။

Byte ball ကိုတော့ Steemit platform ပေါ်မှ users အများစု မစိမ်းကြပေ။ အချို့ ဆိုလျှင် အနှီ byte ball ကနေ အကျိုးအမြတ် ရယူဖူးကြ၏။ ကျနော် အပါအ၀င်ပေါ့။ သို့ပေမယ့် ယခု Future ကနေ ပြောင်းလဲ ယူလို့ ရသည့် byte ball ပမာဏကတော့ အတော်လေးကို နည်းလှ၏။ Future token ၏ ဈေးက တော်တော်လေးကို နည်းနေသေး၏။ သို့ပေမယ့် အနှီ Drug War ဂိမ်းကို စတင် လုပ်ဆောင် ဖန်တီးလိုက်သည့် သူများကိုတော့ ချီးကျူးရပေလိမ့်မည်။ မထင်မှတ်သည့် အခြေအနေကနေ steem ကနေ future သို့ ပြောင်းလဲ ယူလိုက်နိုင်ခြင်း မဟုတ်လား။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Steem reward မရတော့ပေမယ့် upvote ရနေလို့ ဆက်ကစားနေပါသည်😁

Posted using Partiko Android

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

ကျွန်တော်ကတော့ မဆော့ဖြစ်ဘူး။

ပွန်ဇီ ပြီ ဟေ ဟေ့

DW အကြောင်း မပြောချင်ပါဘူး ☺