တစ်​ဖက်​သက်​အချစ်​(၁)

in #myanmar6 years ago

ကျွန်​​တော်​နှင့်​သူမက သူငယ်​တန်းကတည်းကသူငယ်​ချင်းဖြစ်​ခဲ့တာပါ။
ကျွန်​​တော်​နဲ့သူစတင်​​တွေခဲ့တဲ့​နေရာ​လေးက အမှတ်​၄(ဘက)​ကျောင်းမှာ​ပေါ့။ကျွန်တော့်ရဲ့ညာဘက်လက်မောင်းကိုဆုပ်ကိုင်ထားတဲ့အမေ့ရဲ့လက်ဝါးကိုမရုန်းနိုင်လို့ကျွန်တော် ငိုကြီးချက်မနဲ့အတန်းထဲရောက်လာပါတယ်။အတန်းထဲဝင်လာတဲ့ကျွန်တော့်ကို အပြုံးနဲ့ကြည့်နေတဲ့သူတစ်ယောက်ကိုမြင်တော့ကျွန်တော့်အသံတိတ်သွားပါတယ်။တစ်ကယ်တော့ကျွန်တော်ကြောက်လို့တိတ်သွားတာပါ။ကျွန်တော်မြင်လိုက်တာကဖြူစိမ်းဝတ်စားနဲ့မဟုတ်ဘဲနဲ့ ရွှေဝါရောင်သက်န်းကိုခြုံထားပြီး ဖြူဖွေးဖွေးအသားနဲ့ နှာတံပေါ်ပေါ် မျက်နှာဝိုင်းဝိုင်း ဘုန်းဘုန်းတစ်ပါးကိုပါ။ကျွန်တော့်ကိုကြည့်ရင်းသူ့လက်အစုံနဲ့ချီပြီး မကြောကဖို့ပြောပါတယ်။ပြီးတော့ယောက်ျားလေးအတန်းရဲ့ရှေ့တန်းမှာနေရာချပေးပြီးအမေ့ကိုပြန်ခိုင်းပါတယ်။ဘာမှန်းမသိတဲ့​လေးဘဝ​လေးကဖြူစင်​လွန်းပါတယ်​။သူမ​ပေါ်ခံစားချက်​​တွေမရှိတဲ့ ငယ်​စဉ်​ကအရွယ်​​လေးကိုအရမ်းတမ်းတမိပါတယ်​။တူတူပုန်းတမ်းကစားတယ်​။စိန်​​ပြေးလိုက်​တန်းကစားကြတာ​ပေါ့။ဒီလို့ဘဲ၎တန်းထြိုစင်​တဲ့သူငယ်​ချင်​​တွေအဖြစ်​ပြီးဆုံးခဲ့ပါတယ်​။ဖြူစင်​လွန်းတဲ့အချိန်​​လေးကအတူတူကစားခဲ့ဖူးတဲ့အချိ​တွေဟာ​ ပြန်​မရ​တော့မှန်းသိ​ပေမယ့်​တမ်းတမိ​နေပါတယ်​။ကျွန်​​တော့်​​ပေါ်သူလည်းအတိုင်းတာတစ်​ခုထိ သံ​ယောဇဉ်​ရှိခဲ့ပါတယ်​။ဒါ​ပေမယ့်​သူက ​ဟန်​​ဆောင်​​ကောင်းတဲ့သူဆို​တော့ကျွန်​​တော်​ဘာကိုမှမရိပ်​မိခဲ့ဘူး။ကျွန်​​တော်​နဲ့သူ သံ​ဃောဇဉ်​​လေး​ကိုသွေးအေးစေမယ့်အခိုက်တန့်လေးကိုရောက်လာပါတော့တယ်

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 56758.93
ETH 3033.46
USDT 1.00
SBD 2.30