ခွဲခြားမှူ

in #myanmar8 years ago (edited)

စာ​ရေးဖို့အ​ကြွေး​များကျွန်​မတွင်​အလွန်​အမင်းများပြား
၍​နေပါသည်​။အခန်းဆက်​ဝတ္ထု နှစ်​ပုဒ်​သည်​ ကျန်​ရှိ​နေပါ​သည်​။သို့​သော်​လည်းစာ​ရေးဖို့ကျန်​ရှိ​နေ​သော အခန်းဆက်​ဝတ္ထုများအားဆိုင်းငံ့၍​ရေးချင်​မိသည့်​အ​ကြောင်းအရာများကိုသာ​နေ့စဉ်​​ရေးတင်​​နေမိပါသည်​။
ဒီအပတ်​promotion အတွက်​​ရေးသည့်​postသည်​လည်း​ရေးလက်​စဝတ္ထု ဇာတ်​လမ်းတွဲများအား ​ခေတ္တ
ခဏဆိုင်းငံ့ထား၍ငယ်​ငယ်​ကတည်းကဖြစ်​​ပေါ်ခဲ့​သော ခံစားချက်​တချို့အားစာဖြင့်​​ရေးသားတင်​ပြပါရ​စေဟု စာဖတ်​သူများအားခွင့်​ပန်​လိုပါသည်။
ကျွန်​မတို့၏ကမ္ဘာ​လောက၌​ယောက်ျားနှင့်​မိန်းမဟူ၍ လူသားမျိုးနွယ်​နှစ်​မျိုးသာရှိသည်​။ဤလူသားမျိုးနွယ်​နှစ်​မျိုး၏ လူ့အဖွဲ့အစည်းတွင်​ရရှိ​သောအခွင့်​အ​ရေးသည်
မတူညီကြ​ချေ။မည်​သည့်​အ​ကြောင်း​ကြောင့်​မတူညီ
ကြသနည်း။ဤအ​တွေးမျိုးကျွန်​မငယ်​စဉ်​ကတည်းကပင်​ အခါခါ​တွေး​တောမိသည်​။
ဤကဲ့သို့အ​တွေးမျိုးဖြစ်​​ပေါ်လာရန်​လည်း ကျွန်​မ၏မိသား
စု၊ ပတ်​ဝန်းကျင်​​ဆွေမျိုးအသိုင်းအဝိုင်းများ၏ထိ​တွေ့ ဆက်​ဆံမှုများက အကြိမ်​ကြိမ်​အဖန်​အဖန်​အား​ပေးခဲ့ဖူး
သည်​။
ပထမဆုံး​အ​တွေးဝင်​သည့်​အချိန်​သည်​ ကျွန်​မအသက်​၄နှစ်​သမီးအရွယ်​​​လောက်​တွင်​ဖြစ်​ပါသည်​။ကျွန်​မ၏​တဝမ်းကွဲ​မောင်​နှမ​များအိမ်​သို့လာလည်​ကြ၍ တူတူပုန်းတန်းကစားကြပါသည်​။ကျွန်​မတို့အိမ်​​နောက်​​ဖေးဘက်​တွင်​ ရှိ​သော​မြေကွက်​လပ်​၌အ​မေနှင့်​အဘွားတို့၏ လုံချည်​များလှန်းထားပါသည်​။ကျွန်​မအစ်​ကို တဝမ်းကွဲသည်​ ထိုလုံချည်​လှန်းထားသည့်​တန်း​နောက်​ဘက်​​နား၌ကပ်​၍တူတူပုန်းပါသည်​။ဤသည်​ကိုအ​မေနှင့်​အဘွားမြင်​​သောအခါ"ဘုန်းနိမ့်​​တော့မယ်​ဒီက​လေး"
"​​ထွက်​စမ်း။ယောက်ျား​လေးဆိုတာထမိန်​တန်း​အောက်​မဝင်​ရဘူး"ဟု​ပြောပါသည်​။
ဤစကားအားကြားရ​သောအခါက​လေးအရွယ်​ လူမှန်းသိကာစကျွန်​မအရွယ်​၌​မေးစရာ​မေးခွန်းများ​တွေးစရာ
အ​တွေးများဖြစ်​လာပါ​တော့သည်​။အဘွားနှင့်​အ​မေအား
ကျွန်​မ​မေးခဲ့ပါသည်​။"​မိန်းက​လေးထမိန်​တန်း​အောက်​ဝင်​ ​ရင်​ဘုန်းမနိမ့်​ဘူးလား။ယောက်ျား​လေးပဲဘုန်းရှိတာလား။" "ဘုန်းဆိုတာဘာကို​ပြောတာလဲ။"
ဟူ​သော​မေးခွန်းများပင်​ဖြစ်​ပါသည်​။
အ​မေနှင့်​အဘွားတစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​ကာ ပြုံးစိစိဖြင့်​​ယောက်ျားက​လေးနှင့်​မိန်းက​လေးမတူ​ညီသည့်​အ​ကြောင်း၊​ယောက်ျားက​လေးများသည်​ရှင်​ပြု၍ ရ​၍မြင့်​မြတ်​​သောဘဝကိုရ​ကြောင်းစသည်​ဖြင့်​ကျွန်​မ​နားလည်​ခြင်းမရှိသည့်​စကားလုံးများဖြင့်​ရှင်းပြ​​လေသည်​။
က​လေးအရွယ်​လူမှန်းသိစအရွယ်​ဖြစ်​၍​ရှင်းလင်းစွာ နားလည်​ခြင်းမရှိခဲ့​သော်​လည်း ကျွန်​မစိတ်​ထဲ၌ပြင်းပြ​ခံရခက်​​သော​၊မခံချင်​စိတ်​ဖြစ်​​သော​ဝေဒနာတခုဖြစ်​​ပေါ်
လာခဲ့သည်​။
ထို​ဝေဒနာ၏တွန်းအားသည်​ဘဝ၌​ပြင်းထန်​ခဲ့သည်​။ခဏခဏ​တွေးမိသည်​။ကျွန်​မတို့မိန်းက​လေးများသည်​လည်းမည်​သည့်​အ​ကြောင်း​ကြောင့်​​ယောက်ျား​လေးများ
ကဲ့သို့ဘုန်းကံမရှိရမည်​နည်း။အရာရာတိုင်းတွင်​သူတို့
ထက်​သာ​အောင်​ကြိုးစားရမည်​ဟူ​သောအ​တွေးမျိုး
ဖြစ်​ခဲ့သည်​။
ထို၎နှစ်​သမီးအရွယ်​က​လေးကစ၍ကျွန်​မသည်​ အိ​မ်​၏အလုပ်​မှန်​သမျှမိဘခိုင်း​စေစရာ မလို​လောက်​​အောင်​ပင်​အစစအရာရာကူညီခဲ့သည်​။တဖက်​အိမ်​မှကျွန်​မနှင့်​မတိမ်းမယိမ်းအစ်​ကိုဝမ်းကွဲကို သူ၏အ​မေကျွန်​မအ​ဒေါ်
ကကျွန်​မ​လောက်​မလိမ္မာဘူးဟု​​ဆူပူသံကြားတိုင်းစိတ်​ထဲ၌ကြိတ်​၍​ကျေနပ်​​နေခဲ့မိသည်​။
ထိုမခံချင်​စိတ်​သည်​​ကျောင်းစတင်​တက်​သည့်​အရွယ်​၌ ပို၍အမြစ်​တွယ်​လာခဲ့သည်​။အတန်းထဲ၌​ ယောက်ျား
က​လေးတစ်​​ယောက်​ပထမအဖြစ်​ရပ်​တည်​သွားမှာ ကျွန်​မအရမ်း​ကြောက်​ခဲ့သည်​။ထို့​ကြောင့်​စာ​မေးပွဲတိုင်း၌ပထမရ​စေရန်​အသည်းအသန်​ကြိုးစားခဲ့​လေသည်​။
ငယ်​စဉ်​ဘဝ၌ အစ်​ကိုဝမ်းကွဲများ​ဘောလုံးကန်​လျှင်​ကျွန်​မလည်းလိုက်​ကန်​သည်​။မိန်းက​လေးမပါရဘူးဟု​ပြော
လျှင်​စိတ်​ဆိုး၍မဆုံး​တော့​ပေ။
မှတ်​မိ​နေ​သေးသည့်​အဖြစ်​အပျက်​တခုရှိပါ​သေးသည်​။ဘဝတွင်​မိန်းက​လေးဖြစ်​ရခြင်းအားဝမ်းနည်း​ကြေကွဲ
ရဆုံး​နေ့​ဟုငယ်​စဉ်​ကအ​တွေးဖြင့်​​ပြောပြချင်​ပါသည်​။
ကျွန်​မ၏အစ်​ကိုတဝမ်းကွဲနှစ်​​ယောက်​ရှင်​ပြုပွဲတွင်​ ကျွန်​မအားနားသမင်္ဂလာပြုလုပ်​ခဲ့သည်​။အစ်​ကိုနှစ်​​ယောက်​အားရှင်​​လောင်းဝတ်​စုံဝတ်​ဆင်​​စေသကဲ့သို့ကျွန်​မအား
လည်း​မင်းသမီး​ခေါင်း​ဆောင်းက​လေးနှင့်​အလှပြင်​​ပေးခဲ့
သည်​။ထိုအချိန်​တွင်​ကျွန်​မစိတ်​ထဲ၌အစ်​ကိုများနှင့်​တူတူ
ဖြစ်​၍အ​ပျော်​ကြီး​ပျော်​ခဲ့သည်​။
သို့​ပေမယ့်​လည်းသူတို့ကိုရင်​ဝတ်​ရန်​ဆံချပြီးဘုန်းကြီးထံ
၌သင်္ဃန်း​တောင်းရွတ်​ဆိုချင်း၊ကိုရင်​ဖြစ်​​မြောက်​​အောင်​သရဏဂုံ၊သီလ​ပေး​သောအခါတွင်​ကျွန်​မသည်​အစ်​ကိုများကဲ့သို့မပြုလုပ်​ရသည်​ဖြစ်​၍စိတ်​ထဲ၌လွန်​စွာ​ကြေ
ကွဲခဲ့​လေသည်​။
စိတ်​အထိခိုက်​ဆုံးစကားတခွန်းသည်​ကားလူကြီးများက
"ကိုရင်​ဝတ်​တယ်​ဆိုတာ​ယောက်ျား​လေးပဲဝတ်​လို့ရတယ်​"ဟူ​သောစကားပင်​ဖြစ်​ခဲ့သည်​။ထိုစဉ်​ကတည်းကကျားမခွဲခြားမှူအားအလွန်​အမင်းမုန်းတီးမှူဖြစ်​​ပေါ်ခဲ့
မိ​လေသည်​။
ထို့​ကြောင့်​ငယ်​စဉ်​ကအတန်းထဲ၌ ဆရာမကစာရ​သော မိန်းက​လေးမှစာမရ​သော​ယောက်ျား​လေးအားနားရွတ်​ဆွဲခိုင်း၍ကိုယ့်​အလှည့်​၌​ယောက်ျား​လေးတစ်​​ယောက်
အားနားရွတ်​ဆွဲရလျှင်​အကြီးအကျယ်​ဝမ်း​မြောက်​ဝမ်းသာဖြစ်​ခဲ့မိသည်​။
လူလူချင်းအခွင့်​အ​ရေးသည်​တန်းတူရသင့်​သည်​ဟူ​သော အ​တွေးမျိုးသည်​စာဖတ်​တတ်​ခါစအရွယ်​ကပင်​ကျွန်​မ၌လွှမ်းမိုးခဲ့သည်​။ငယ်​စဉ်​ကတည်းကပင်​ စာဖတ်​ဝါသနာပါသူဖြစ်​သည့်​ အား​လျော်​စွာစာအုပ်​စာ​ပေမျိုးစုံ၌
ကျားမခွဲခြားမှူကို အဖက်​ဖက်​မှ​လေ့လာဖတ်​ရှူ့ မိခဲ့​လေ
သည်​။
ဖတ်​ရှူရ​သော စာအုပ်​အမျိုးမျိုး၌အမျိုးသမီးတစ်​​ယောက်​ထက်​မြက်​၍အလွန်​​တော်​သည်​ ဆိုလျှင်​အားကျ၍​မဆုံးဖြစ်​ခဲ့သည်​။
ကျွန်​မ၏စိတ်​ဓာတ်​ပြင်းထန်​မှူ၊မုန်းတီးမှူ အမုန်းတရား
များကို နားလည်​ခဲ့​သောကျွန်​မ၏ဖခင်​သည်​ ကျွန်​မအား စာ​ပေမျိုးစုံ၊ဘာသာ​ရေးဖြစ်​စဉ်​များ၊ဘုရား​ဟောစာ​ပေများ
ဖြင့်​ချိန်​ထိုး၍​ဖြောင်းဖြ​ပြောဆိုခဲ့​လေသည်​။
၃၁ဘုံဤ​လောက၌ ကုသိုလ်​၊အကုသိုလ်​နှစ်​ဖြာ​သော ကံအ​ကြောင်းတရားများ​ကြောင့်​ သံသရာလည်​၍​အမျိုးသား၊အမျိုးသမီးများ ဖြစ်​​ပေါ်လာရခြင်းဖြစ်​​ကြောင်းစသဖြင့်​ကျွန်​မကြီးပြင်းသည်​အထိ​နားဝင်​​အောင်​​ဖြောင်းဖြ​ပြောဆိုခဲ့​လေသည်။
ကျွန်​မ၏ဖခင်ညွှန်​ပြ​ပေး​သော ဘာသာ​ရေးစာ​ပေများ ကိုဖတ်​ရှူ့​လေ့လာခြင်းဖြင့်​ ကျွန်​မ၏မုန်းတီးမှူများတဖြည်းဖြည်း​လျော့ပါးသွားခဲ့ပါသည်​။
ရဟန္တာအရှင်​မြတ်​ကြီးများပင်​ ပါရမီနုစဉ်​အခါ အ​သေ​င်္ချေ
ဘဝများစွာက အမျိုးသမီးဖြစ်​ခဲ့ဖူးသည်​ကိုလည်း​လေ့လာ ဖတ်​ရှူ့ ခဲ့မိ​လေသည်​။
"ဤသံသရာ၌ကျင်​လည်​ကုန်​​သောသတ္တဝါများ အားလုံး
သည်​​ဆွေမျိုးမ​တော်​စပ်​ဖူးသည်​မရှိ" ဟူ​သော ဘုရားရှင်
မှ​ဟောကြားထားသည်​ကိုလည်းနှစ်​ခြိုက်​မိခဲ့​လေသည်​။
"ငါသူတပါး​ယောက်ျားဟူသည်​မရှိ၊ရုပ်​နာမ်​နှစ်​ဖြာသာရှိသည်​"ဟူ​သော ဆရာ​တော်​ကြီးများ​ဟောကြား သည်​ကို လွန်​စွာ နှစ်​သက်​၍​ကျေနပ်​ပီတိဖြစ်​ခဲ့မိ​လေ သည်​။
အခွင့်​အခါရ၍ အဘိဓမ္မာသင်​တန်းတက်​ခဲ့သည့်​ အခါ
တွင်​မူ ပို၍သ​ဘော​ပေါက်​နားလည်​လာခဲ့​လေသည်​။
မိန်းမ၊​ယောက်ျားဟူသည်​မှာ ပညတ်​သာဖြစ်​​လေသည်​။
ပရမတ်​ဖြစ်​​သော ရုပ်​နာမ်​နှစ်​ဖြာအား ဖြစ်​ပျက်​မြင်​၍ ပယ်​ဖျက်​နိုင်​မှသာ ဘဝအဆုံးမြတ်​နိဗ္ဗာန်​အား မလွဲဧကန်
အမှန်​ပင်​​ရောက်​ရှိမည်​ဖြစ်​သည်​။
မြတ်​စွာဘုရားသည်​ နိဗ္ဗာန်​ကိုမျက်​​မှောက်​ပြုရာ၌
ကျားမမခွဲ တန်းတူသာ​ဟောကြားခဲ့ပါသည်​ဟူ​သော
အ​တွေးမျိုးဖြစ်​​ပေါ်ခဲ့​လေသည်​။
ဗုဒ္ဓဘာသာဝင်​ဖြစ်​​သော၊ အဘိဓမ္မာတရား​တော်​အား
အ​ခြေခံအဆင့်​​ဖြေဆိုပြီး​သော ကျွန်​မသည်​​ယောက်ျား မိန်းမဟူ​သော ပညတ်​များ​ပေါ်၌ အစွဲအလန်းကြီးစွာဖြင့်
အမုန်းတရားများပွားများ​နေခြင်းသည်​ မသင့်​​လျော်​လှပါ​တကား ဟူ​သောအ​တွေးများဝင်​လာခဲ့မိပါသည်​။

ထို့​ကြောင့်​ ကျွန်​မသည်​ အကုသိုလ်​စိတ်​၁၂ပါးတွင်​ ပါဝင်​သည့်​​ဒေါမနဿ ​စိတ်​ဖြစ်​သည့်​ မုန်းတီးမှူများအား ပယ်​​ဖျောက်​၍ ကုသိုလ်​စိတ်​များပွားများ​အောင်​ အတတ်​နိုင်​ဆုံး​နေထိုင်​သင့်​​ကြောင်း မိမိကိုယ်​မိမိဆုံးမမိ​​ပါသည်​။
ဤ​လောက၌ အမျိုးသားဖြစ်​​စေ၊ အမျိုးသမီးဖြစ်​​စေ
လူ့​ဘောင်​​လောကနှင့်​ မိမိပတ်​ဝန်းကျင်​အားအကျိုးပြုမည့်​ လူသားအဖြစ်​ကြိုးစားမှသာလျှင်​ လူ့အဖိုးတန်​​များဟု
သတ်​မှတ်​​ခေါ်ဆိုနိင်​မည်​ဖြစ်​​ကြောင်း​တွေး​တော ဆင်​ခြင်​ရင်းဖြင့်​ ဤစာစုအားနိဂုံးချုပ်​ပါ​တော့မည်​။

လူသားတိုင်းအမုန်းတရားကင်းစင်​ အမှန်​မြင်​၍​လောက
ကိုအလှဆင်​နိုင်​ ကြပါ​စေဟုဆု​တောင်းရင်း အ​တွေးတ
စဖြင့်​ အိအိခိုင်​​ရေးဖွဲ့ပါသည်​။
@eieikhing
MSC No.173

image

Credited from google images.

Sort:  

မိန်းကလေး ဖြစ်နေလို့ အားမငယ်ပါနဲ့ကွယ်။ မိခင်တစ်ယောက်ရဲ့ဘ၀က ပိုလေးနက်ပါတယ်။

ဖတ်​ရတာ အရမ်း​ကောင်းပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါ​နော်

This post has received a 3.69% upvote from @lovejuice thanks to @eieikhing. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

You got a 7.69% upvote from @whalebuilder courtesy of @eieikhing. Join @whalebuilder family at our Discord Channel. Don't let your precious stake(SP) go stale...Make it do more so you have to do less. Deligate it to @whalebuilder by clicking on one of the ready to delegate links: 50SP | 100SP | 250SP | 500SP | 1000SP | 5000SP | custom amount.

You got a 1.91% upvote from @nado.bot courtesy of @eieikhing!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

Sneaky Ninja Attack! You have been defended with a 1.54% vote... I was summoned by @eieikhing! I have done their bidding and now I will vanish...Whoosh

You got a 1.14% upvote from @allaz courtesy of @eieikhing!

You got a 2.57% upvote from @adriatik courtesy of @eieikhing!

Release the Kraken! You got a 1.17% upvote from @seakraken courtesy of @eieikhing!

မိုက်တယ် လိမ္မာဘူး 😁😁😁

ဟုတ်​;sis.