အပျိုကြီး ဂွေးပျောက်သောည😂😂😂😂😂😂😂

in #myanmar6 years ago

သာယာအေးရွာတွင် နေထိုင်ကြသော ရွာသူရွာသားများ၌
ထူးခြားသောသူတစ်ယောင်ရှိလေသည် ။ ထိုသူမှာ
ရွာ၏ ကွမ်းတောင်းကိုင် အလှမယ်ခေါင်းဆောင် ဥစ္စာပေါ
ရုပ်ချော ကိုယ်လုံးကိုယ်ထည် လုံးကြီးပေါက်လှ ဖြစ်သော
ရွာ၏ အလှဟု တချို့က တင်စားကြသော အပျိုကြီး
ဒေါ်ခွေးမ" ဖြစ်၏ 😂😂😂😂😂😂😂😂😂

image

Credit:google image
သူမ၏ မိဘနှစ်ပါးမှ ပေါက်ပေါက်ရှာရှာပေးတက်သော
ထိုနာမည်ကြောင့် ရွာတွင်ပို၍ နာမည်ကြီးနေသည်ဆို မမှားပေ...
အိမ်မှာမွေးထားသော ခွေးမလေးများအား ခြံရှေ့ အစာကြွေး
နေစဉ် ထွက်ပေါ်လာသော အသံဆိုးကြီးကား..
"ဟဲ့ ခွေးမ လာစမ်း အသေရိုက်မယ် ငါ့အိမ်က ငခြောက်ဖုတ်
ခိုးစားသွားတယ်" ဆိုတော့ အပျိုကြီးဒေါ်ခွေးမ ဒေါသပုန်ထလေပီ
"ဟဲ့ ကောင်မ ညည်းကများရာရာစစ ငါညည်းငါးခြောက်ဖုတ်
ခိုးစားရအောင်မပြောနဲ့ ညည်းငါ့စီက နေ့ပြန်တိုးယူစားနေရတာ
သဘောပေါက်"ဆိုပီးဟောက်လိုက်တော့....
"အမရယ် အမကိုပြောတာမဟုတ်ပါဘူးတော် အမခွေးမတွေ
ကျွန်မအိမ်က ငါးခြောက်ဖုတ်ခိုးစားသွားလို့ "လာပြောတာပါဆိုမှ
ခေါင်းကုတ်ခါ ဒေါ်ခွေးမ တစ်ယောက် " အတော်လေး
စိတ်ညစ်သွားတယ်...ဒါနဲ့ နောက်နေ့မစောင့်ဘဲ အိမ်ရှိ
ခွေးမအားလုံး တခြားရွာသို့သွားရောက် စွန့်ပစ်ခါ ကြက်တူရွေး
တစ်ကောင် ပြန်မွေးထား၏ ထိုကြက်တူရွေးလေးအား
အိမ်ရှေ့သစ်ပင်တွင် အတောင်များအား ပျံသန်းမရအောင်
ဖြတ်ထားကာ လှောင်အိမ်ဖြင့်မထားဘဲ သဘာဝအတိုင်း
နေစေ၏..သို့သော် အပျိုကြီးထားခဲ့သော သစ်ပင်နှင့်
အပျိုးကြီးနေ့စဉ်ခူးယူစားသုံးသော ဂွေးသီးပင်တို့မှာ ကပ်လျှက်
ရှိနေသည်ကို အပျိုကြီးတစ်ယောက် မေ့နေရှာလေ၏...

image

Credit:google image
ညရောက်သော် အိပ်ခါနီးတိုင်း ဂွေးသီးစားပီးမှအိပ်တက်သော
အကျင့်က နှစ် ၃၀ တိုင်ခဲ့ပီမို့ ဖျောက်မရ ဂွေးသီးပင်မှာလည်း
ထူးထူးခြားခြား တစ်နေ့တစ်လုံးတည်းသာ သီး၏ ပင်အမျိုးမှာ
ဂွေးချိုပင်အမျိုအစားလည်းဖြစ်၏ ပုံမှန်အတိုင်း ဂွေးသီးသွား
ခူးရန် ဂွေးသီးပင်စီသို့ သွားရောက်ကာ ဂွေးသီးရှာတော့
မတွေ့ နောက်ထပ် တစ်ခုမှားနေသည်က ခေါ်လာသော
ကြက်တူးရွေးမှာ စကားပြောတက်သော လေ့ကျင့်
ပေးထားသော ကြက်တူရွေးမို့ လူစကားအကုန်ပြောတက်၏
အပျိုကြီး မျက်နှာ ပျက် အမူအရာပျက်နေတာ
ကြက်တူရွေးစားလိုက်သော ဂွေးသီးတစ်လုံးကြောင့် ဆိုတာ
ကြက်တူရွေးကသိသွားပီး.."အပျိုကြီး ဂွေးပျောက်နေပီ"
"အပျိုကြီးဂွေးပျောက်နေပီ" "အပျိုကြီး ဂွေးပျာက်နေပီ" ဟု
တတွန်တွန်အော်နေသောကြောင့် ရှက်ကရှက် ဒေါသကဖြစ်
ကြက်တူရွေးအား ပေါင်နှစ်ချောင်းဖြဲ သတ်မည်ဟုကြံကာ
ဖြဲချတော့ "အပျိုကြီး ဂွေးထုတ်နေပီ "" အပျိုကြီး ဂွေးထုတ်နေပီ"
ဟုအော်ကာမှ အထီးမှန်သိသတဲ့ဗျာ .....ဒါကြောင့် ကိုယ်ဝယ်တာ
အထီးမှန်းသိ အမမှန်းသိတက်ဖို့ရယ် စကားပြောတက်လား
မပြောတက်လား ဆိုတာစစ်ဖို့ရယ်တော့ အကောင်ပလောင်တွေ
မ၀ယ်ခင်အရင်ဆုံမေးထားသင့်ပါတယ်ခင်ဗျ
အားလုံးပြူံးရယ်နိုင်ပါစေ

Post writer : ThihaKo(@gelatofresco)
Credit:google image
MSC 019

Sort:  

ဟားဟားဟားဟား ကိုသာအေးတို့လုပ်လိုက်မှဖြင့်ဗျာ ... စကားမစပ် ကျော်မာလည်း ဒီကောင်လေးရှိတယ်ဗျ IMG_20180419_193718.jpg

အယ် သီဟ တကယ်ရှိပါ့ဘဲ စကားပြောတက်နေပီလားဗျ

ပြောတတ်သေးဘူးရယ် တစ်လသားကျောကျော်လေးဘဲရှိသေးတယ်

ကိုသာအေးေ-ွး ပျောက်😂😂😂

ဟားးးးပျောက်ပါဘူး

ရီရတာကြံကြံဖန်​ဖန်​​အေ

ပို့စ့်ခေါင်းစဉ်မြင်တာနဲ့ ရီလိုက်တယ်ဆိုတာဝန်ခံပါအုန်းဟားးးးးး

ဟာသ ဆန်ဆန်လေးရေးထားတာကောင်းပါတယ်ဗျ

ဟုတ်ကျေးဇူးပါအကို

ဆုံကိုမေးမှတော့အမပေါ့ဟ

ဟီးးးးးးး

တော်သေးဟ သာအေးဂွေးပျောက်ပီ မဟုတ်လို့ ဟားဟား ။

ဟုပါ့ ကွီးရွှေရေ

ဟာသဥာဏ်ရွှင်ပါပေ့ဗျာ

ဟီးးးးအကိုလတ်ကျေးဇူးပါခင်ဗျ

အမလေးအေ ရေးလဲရေးတတ်ပါ့😂😂😂

ပို့စ်ခေါင်းစဉ်မြင်တာနဲ့ ရီလိုက်တယ်တော့လုပ်လိုက်ပါ

ရီလိုက်ရတာဗျာ ကောင်းပါ့ 😂😂

ကျေးဇူးပါအကိုလွမ်း

ပေါက်ပေါက်ရှာရှာ ကိုသာအေး တော်တော်အရေးကောင်း

ဟီးးးးနည်းနည်းပါအကို

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64230.75
ETH 3149.35
USDT 1.00
SBD 3.85