ထိုင်းနိုင်ငံ ဘန်ကောက် ဈေးဝယ်လမ်းညွန် အပိုင်း (၉) Bangkok Shopping Guide Part(9)

in #myanmar8 years ago

big-c-in-danang.jpg

မင်္ဂလာပါခင်ဗျာ ကျွန်တော့်အနေနှင့် steemit ပေါ်တွင်
စာဖက်သူ သို့မဟုတ် မြန်မာနိုင်ငံ၏ အိမ်နီးချင်းခြင်းနိုင်ငံ
ထိုင်းနိုင်ငံသို့ အလည်အပါတ်သွားရောက်မည့် သူများအတွက်
အကြိုးရှိစေမည့် ထိုင်းနိုင်ငံ ဘန်ကာက်မြို့ ဈေးဝယ် လမ်းညွန်
ဆိုသော ပို့စ်အားရေးလာခဲ့သည်မှာ ယခုဆိုလျှင် အပိုင်း ၉ အထိ
ရောက်ရှိလာပီဖြစ်ပါသည် ။ ကျွန်တော်ဖော်ပြခဲ့သော အပိုင်းတိုင်း
ပိုစ့်တိုင်းစာဖက်သူများအတွက် လွန်စွာ အကြိုးရှိလိမ့်မည်ဟု
မျှော်လင့်မိပါသည် ။ လေကြောနည်းနည်းရှည်သွားလို့ ခွင့်လွှတ်ပါ
ယခုအပါတ်တင်ပြသွားမှာကတော့ ၀ယ်ယူမည့်သူအနေနှင့်

big-c-bangkok.jpg.jpg

အိမ်သုံးပစ္စည်း မီးဖိုချောင်သုံးပစ္စည်း စားသောင်ဆိုင်ပစ္စည်း နှင့်
အခြား Electronic ပစ္စည်းများကို အများဆုံး ရောင်းချပေး
နေသော ဈေးဝယ် စင်တာ တစ်ခုနှင့်မိတ်ဆက်ပေးပါရစေ ခင်ဗျ
ဝယ်ယူခြင်းအနေနှင့် ဈေးသက်သာခြင်း ဈေးနှုန်းကွာဟခြင်း
ဈေးနှုန်းကြီးမြှင့်ခြင်း စသည့် အချက်အလက်တို့နှင် ရင်ဆိုင်ရ
နိုင်သော်လည်း မှန်ကန်သောပစ္စည်းနှင့် အရည်အသွေးပြည့်ဝမှု့
စသည့်အချက်တို့အား ဈေးဝယ်သူအနေဖြင့် ခံစားရမည်
ုဖြစ်သောကြောင့် ငွေကုန်ရကျိုး အချိန်ကုန်ရကျိုး နပ်မည် ဖြစ်၏
ကျွန်တော့်အနေဖြင့် အကြံပြုရလိုလျှင် အိမ်သုံးပစ္စည်းများ နှင့်

1-big-c-supermarket-dalat-da-lat.jpg

လျှပ်စစ်ပစ္စည်းများအား ဤကဲ့သို့ စင်တာများတွင်သာ ၀ယ်ယူ
စေချင်ပါသည် ။ ထို စင်တာမှာ Big Canter ဖြစ်ပီး ၄င်းနာမည်
အတိုခေါက်ကိုသာ လူသိများထင်ရှားပါ၏ ၄င်း၏ နာမည်
အတိုခေါက်မှာ Big C ဆို၍ ဖြစ်၏ ကြော်ငြာ ဗီဒီယိုများတွင်
Big C super Canter ဟုဖော်ပြလေ့ရှိပါသည် ။ ဈေးဝယ်
မည့်သူအနေနှင့် သွားရောက်လည်ပါတ်၍ ၀ယ်ယူခြင်မည်ဆိုပါကထိုစင်တာများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနှံ့အပြားတွင်
တွေ့ရှိရနိုင်ပါသည် သို့သော် ဘန်ကောက်တွင် လူသွားလူလာ
အများဆုံးနှင့် ၀ယ်ယူမှု့အများဆုံး နေရာမှာ Canter World,
Pladinum Mall စသည့် စင်တာတို့နှင့်အနီးဆုံးမှာ တည်ရှိတဲ့
Big C Canter တစ်ခုကတော့ ရောင်းအားအကောင်းဆုံးဖြစ်ပီး
ကျန်တဲ့ စင်တာခွဲများနှင့် ဈေးနှုန်းအတူတူဖြစ်၏ အဘယ်ကြောင့်

eef6420ba2ff4fef31a51518fba11e1e--bangkok-thailand-visual-merchandising.jpg

ရောင်းအားအကောင်းဆုံးဖြစ်သလဲဆိုတော့ လူသွားလူလာ
အချက်အချာကျသော နေရာတွင်တည်ရှိသော်ကြောင့်ဖြစ်၏
ဝယ်ယူအားပေးမည့်သူအနေဖြင့် ဈေးနှူန်းချိုသာမှု့ကို လိုလား
တောင့်တမည်ဆိုပါကလည်း နှစ်သစ်ကူးအချိန်အခါများ

30982d9b7d1d9794d6195cf41c50613a.jpg

ထိုင်းနိုင်ငံ၏ ရက်ကြီးမြတ်ကြီးအချိန်အခါများ တရုတ်နှစ်သစ်ကူး
အချိန်အခါများ သင်္ကြန်အချိန်အခါများတွင် ဈေးနှုန်း ၁၀% ၂၀%
၃၀% ၄၀% ၅၀% စသည့်အလိုက် ဈေးနှူန်းချပီး ၀ယ်ယူသူအား
ရောင်းချသည့်အချိန်များလည်းရှိသေးပါကြောင်း .....

042102070_01.jpg

နောက်ထပ်စောင်း ဖော်ပြ ပေးရမည့်နေရာမှာ အစားအသောက်
ဖြစ်၏ ဈေးဝယ်ပီးမောပန်းနေသူများအတွက် အေးအေးဆေးဆေး
အနားယူစားသောက်နိုင်မည်ဖြစ်ပီး အစားမသောက်ပေါင်းစုံ
မိမိစားချင်တာမှန်သမျှ ဆိုင်တိုင်းလိုက်လံဝယ်ယူနိုင်မည်ဖြစ်ပီး
ထိုအစားအသောက်ဆိုင်တန်းများထဲတွင် ရှိသော အသင့်ချ
ထားပေးသော စားပွဲကုလားထိုင်များတွင် အေးဆေးစွာ
အနားယူရင်းစားသောက်နိုင်မှာဖြစ်ပါတယ် ဒါပေမယ့် စားပွဲ
ကုလားထျုင်အတွက် သန့်ရှင်းရေးခတော့ ပေးဆောင်ရမှာ
ဖြစ်ပါကြောင်း ဖော်ပြရင်း ထိုင်းနိုင်ငံ ဘန်ကောက် ဈေးဝယ်
လမ်းညွန် အပိုင်း ၉ အား မြန်မာပြည်သားခရီးသွားများအတွက်
ဖော်ပြပေးလိုက်ပါတယ် ခင်ဗျားးးးး

Post writer : ThiHaKo(@gelatofresco)
From Myanmar
Credit : google image
MSC - 019

Sort:  

V100%$0.093/#thargyi

ကျေးဇူးပါခင်ဗျ

မရောက်သေးပေမဲ့ သိထားရတဲ့အတွက်ကျေးဇူးတင်ပါတယ် bro;

ဟုတ်ကဲ့ကျေးဇူးပါဗျ

Good...အသုံးဝင်​မဲ့ပိုစ့်​ပါ။

ကျေးဇူးပါခင်ဗျ

ကိုယ်လာရင် ကြိုစေချင်တယ် မျက်စိလည်မှာစိုးလို့ အဟီး

လာကြိုမယ် ခိုခိုလွမ်း လေဆိပ်ရှေ့ကစောင့်နေမယ် တာ့တာ အဟိ

Oneday, that post will be useful.Thanks for sharing.

Thanks for your support comment and vote

လင့်လေးတွေစုပီးတင်ပေးပါအုန်း ဒါမှ ဘယ်အပိုင်းက ဘယ်ဟာဆိုတာ ဖတ်တဲ့သူတွေအဆင်ပြေအောင်လို့

ဟုတ်ကဲ့ပါ အကိုသက်ရေ နောက်ဆုံးအကိုင်းမှာ ကျွန်တော်
တစုတစည်းထဲဖြစ်အောင်တင်ပေးဖို့ စီစဉ်ထားပါတယ်ခင်ဗျ

လာလည်မယ် ဘရိုရေ

ကျေးဇူးပါခင်ဗျ

လာလည်မှာပေါ့

ကျေးဇူးပါခင်ဗျ

လာတော့လာချင်တယ်ဗျာ။ အသိမိတ်ဆွေမရှိဘူး။ ပိုက်ပိုက်လည်းမရှိဘူး ။

နောက်တစ်နှစ်ကြာရင် စတီးမစ်က အရာအားလုံးဖြည့်ဆည်းပေးပါလိမ့်မယ်လို့ အကြံပေးပါစေ ကိုကိုနန်းရေ

Ok ..Thanks for your sharing bro😊
I'm interest it...upvotes 😊

ကျေးဇူးပါ