သာအေးရဲ့ တစ်နေ့တာအကြောင်း

in #myanmar6 years ago

image

ဒီနေ့ ကျွန်တော့်အတွက်သာယာတဲ့နေ့လေးလို့ဘဲ ပြောရမလား
ဘာလားတော့မသိဘူးပေါ့ဗျာ အိမ်မှာအေးအေးဆေးဆေးရှိတာနဲ့
မိုးကလည်းအုံ့နေတော့ ရာသီဥတုကနည်းနည်းသာယာတယ်ပေါ့
ဒါနဲ့ အငြိမ်မနေတက်တဲ့ကျွန်တော့်ထုံးစံအတိုင်း ရေခဲသေတ္တာထဲက
ဝက်သား တစ်ထုတ်ကို အပြင်ထုတ်ပီးရေခနစိမ်ရင်း ချည်ပေါင်ရွက်
သင်နေတာပေါ့ဗျာ အညာသားတွေအတွက်ကတော့ ၀က်သားနဲ့
ချဉ်ပေါင် ဘယ်ဟင်းမှကိုမလဲနိုင်တာဗျ ဆီပြန်ချက်စားရင်လည်း
ခေါင်းနောက်မှာစိုးတာနဲ့ စိမ်ထားတဲ့ ၀က်သားထုပ်ကို ဆယ်ပီး
ဂါတ်စ်မီးဖိုမှာ ရေနွေးနဲ့ ဆားများများပြူတ်ပီး ၃၀မိနစ်လောက်
ပသ်ထားလိုက်တာပေါ့ဗျာ ချဉ်ရည်ဟင်းကို စပ်စပ်ချဉ်ချဉ်လေး
စားချင်တာနဲ့ ငရုပ်သီးစိမ်းများများထည့်ပီး ချက်မယ်စိတ်ကူးရင်း
ငရုပ်သီးစိမ်းကို ချိုးနေတာ ကုန်ကာမှ အော် ကုန်သွားပါပီလားလို့
သတိရတယ် လူနဲ့စိတ်နဲ့မကပ်တာကိုပြောပါတယ် အလုပ်လုပ်နေရင်း
မိန်းမက ကလေးထိန်းရင်း သင်္ကြန်သီချင်းဖွင့်ထားတာကိုးဗျ စိတ်က
ရွာကိုဘဲရောက်နေတာလေ ရွာအခြေနေပြောင်းပီလား လမ်းတွေ
တံတားတွေဆောက်ပီလား အရင်ကရည်းစားဟောင်းလည်း
အိမ်ထောင်ရက်သားကျလို့ ကလေးများမွေးရင် ကိုယ်နဲ့လာဆင်တူ
နေမလား ဟီးးးး စတာတွေ တွေးတောနေရင်း ပြောရင်းဆိုရင်းကို
ပြူတ်ထားတဲ့ဝက်သားကအနံ့တော်တော်လေး ထွက်လာတယ်ဗျ
ဟီးးးးးးးး တော်သေးတာပေါ့ ၀က်သားက ရေအများကြီးထည့်
ပြူတ်ရုံတင်မဟုတ်ဘူး ၀က်ခေါက်ကိုပါ ဒယ်အိုနဲ့ ကပ်ထားခဲ့လို့
နို့မဟုတ်ရင် တူးတာသေချာပီ ဒါနဲ့ ၀က်သားပြူတ်ထားတာလေးဆယ်
ချဉ်ပေါင်နဲ့ ငရုပ်သီးစပ်စပ်ချက်မယ့် အိုးလေးလှည့်ပီးတည်ထားမလို့
ရှိသေး အဆာဗလာဘာမှမထည့်ရသေးဘူး မေ့တော့မလို့ ငပိ
နည်းနည်း ဆားနည်းနည်းစီထည့်ပီး ဆနွန်းလေး အပေါ်ကဖြူးပီး
ခနပစ်ထားရအုန်းမယ် ဒါမှ ၀က်သားကိုပါးပါးလေးလှီးချိန်ရမှာလေ
ဝက်သားပါးပါးလေးလှီးနေရင်း နောက်ဆုံးသေးသေးလေး တစ်တုံး
ကျန်တော့ မိန်းမရေ စားမလားဆိုတော့ ရှင့်ဟာက ကျက်မှမကျက်
သေးတာဘယ်စားမလဲတဲ့ ...ကဲ ခက်ပီ မိန်းမတွေ မမြင်ဘဲ မသိဘဲ
စွတ်ပြောတယ်ဆိုတာ သက်သေဘဲ တူးခါနီးမှသတိရလို့ချတယ်
ပြောရင်လည်း ရှင်ဘာတွေဒီလောက်တောင်စဉ်းစား တွေးတော
နေသလဲလို့ Qustion ထုတ်လာရင်လည်း ဆယ်တန်းကျောင်းသား
ဘ၀ပြန်ရောက်သွားအုန်းမယ် ဖြေရခက်ပေါ့နော့် ဒါနဲ့ဘဲ အေးပါကွာ

image

ဆိုပီး ချဉ်ပေါင်အိုးစီ ပြန်သွားတော့ အကိုက်ဗျာ ကျက်ခါနီးပီ ဒါနဲ့ဘဲ
နံနံပင်လေးအုပ် ချလိုက်တာပေါ့ဗျာ ၀က်သားကိုလည်း အကြော်မှုန့်
လေးနည်းနည်းနဲ့ နယ်ပီး ကြွပ်ကြွပ်လေးကြော်စားမယ်ပေါ့ ...
ကြော်နေရင်း အော်ပြန်ပီ မိန်းမက ကိုသာအေး ရှင်တအားမကြွပ်
နဲ့နော် ကြွပ်လွန်သွားပီးတူးရင်တော့ ရှင်မလွယ်ဘူး...ဟိုက်...

image

ရာဇသံကပြင်းတယ်ဟ သေချာဂရုစိုက်ကြော်နေရင်း တစ်ခုကတူးပါ့ဗျာ
မသိအောင်အသာလေးကောက်ပီး ကိုယ့်ဘာသာဘဲစားလိုက်တာပေါ့
ဟီးးးးမဆိုးပါဘူး တူးတူးလေးလည်းကောင်းတာဘဲ ထန်းရည်လေးနဲ့
အတော်ကိုကောင်းမှာသေချာတယ် စဉ်းစားရင်နေ့လည်ရောက်တော့
ထမင်းစားကြပီ ပေါ့ဗျာ ...အမလေး စားလိုက်တာ စားလိုက်တာမှ
အခွံတောင်မကျန်အောင်ပါဘဲဗျာ ဟားးးးးဒါက သာအေးရဲ့နေ့စဉ်
ဘ၀လေးပါခင်ဗျားးးးးးးးးးးးးး

Sort:  

ကောင်းပ ကိုသာအေးရေ ဖတ်ရင်းကို စားချင်စိတ်ပေါက်လာတယ် ။ ဒါနဲ့ ကိုသာအေးရွာက ဘယ်မှာလဲဗျ။ ရွာက အရင်ရည်းစားကို သတိရနေတာဆိုတော့ မိန်းမသာသိရင် မလွယ်ဘူးနော်။

ရွာကဗျာဘယ်သူ့မှကိုပြောမပြဘူးမိန်းမသိမှာဆိုးလို့လေ ဟီးး

အချက်​အပြုတ်​၀ါသနာပါတာ​ကောင်းပါတယ်​...ကိုယ့်​စားချင်​တာလုပ်​လို့ရတယ်​...

ဟုတ်တယ်အမ ကျနော်ကတော့ကျနော်စားချင်တဲ့အတိုင်းချက်တော့စားလို့ကောင်းသလို ၀လာတော့ နည်းနည်းဆင်ခြင်ရတော့မယ်

ကိုသာအေး စာလေးတွေဖတ်ရတာ သရေကျပြီးပြန်နေရတယ်ဗျာ။နီးရင်လဲကောင်းသား ကိုသာအေးဆီ အလည်သွားလိုက် စားလိုက်လုပ်လို့ရတာပေါ့။

ဟီးးးဒီလိုဘဲလေ လာခဲ့အကိုသန့်ဇင်ဟင်းချက်ကျွေးမယ်

စားချင်တယ်😁

မိုက်စ် ချားချင်လာပြီး. ပလပ်ပလပ်😂😂

ဝါသနာပါတော့ ပို အရသာရှိတာပေါ့နော့

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 66938.10
ETH 3118.64
USDT 1.00
SBD 3.81