ပြတင်းပေါက်
ပြတင်းပေါက်
အခုထိ မမြင်ရတဲ့ ကံတရားမှာ
ဟိုတုန်းက လွမ်းစရာ မိသားစုအိမ်ကလေးထဲ
ပြတင်းပေါက် ကလေးရှိပါတယ် ။
အဖေက ဖွင့်လိုက်
အမေက ပိတ်လိုက်
အမေက ဖွင့်လိုက်
အဖေက ပိတ်လိုက် ။
အိမ်အပြင်က မိုးလေလုံအောင်
အိမ်အထဲမှာ နွေးထွေးစေအောင် ။
ပြတင်းပေါက်ကလေးဟာ
ဖွင့်လိုက် ပိတ်လိုက်နဲ့
မိသားစုဆန်နေတုန်း ။ ။
ကို ကျူး
၂၆ ဖေဖော်ဝါရီ ၂၀၁၉ ။
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq