" ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ "

in #myanmar7 years ago (edited)

Steemitမှမိတ်ဆွေသူငယ်ချင်း ညီအကိုများအားလုံးမင်္ဂလာ
ပါခင်ဗျာ ။ ကျွန်တော် စာရေးဖြစ်လိုက် မရေးဖြစ်လိုက် ဖြစ်နေတာကြောင့်ရယ် Promotion ကိုအပတ်စဉ်မတင် ၊ Group(1) ကသူငယ်ချင်းတွေ ညီအကိုတွေကို ကျွန်တော် Promotion မတင်နိုင်တဲ့ အပတ်ေ တွမှာလည်း Vote & Comment မပေးနိုင်တာ ကြောင့် တကယ်ကို အားနာမိပါတယ် ။ ကျွန်တော်ရဲ့ နေရပ်မဟုတ် တဲ့ဒေသတစ်ခုမှာ တာ ဝန် ထမ်းဆောင် နေရတဲ့အတွက် နေသားမကျသေးတာကြောင့် အရာအရာ အဆင်သင့်မဖြစ်သေးတဲ့အတွက် နေသားကျအောင်ကြိုးစားနေပါတယ် ။ Promotion အပတ်စဉ်တင်နိုင်အောင်လည်း ခေါင်းထဲရှိသမျှ ခြစ်ကုတ်ပြီး ကြိုးစားရေးနေပါတယ် ။ ကျွန်တော် လည်း စာရေးဖို့အတွက် စဉ်းစားနေရင်း ငယ်ငယ်ကကြားခဲ့ဖူးတာတွေကြုံခဲ့တာတွေဖတ်ခဲ့မှတ်ခဲ့ရတာ လေးတွေကို ပြန်စဉ်းစားသတိရမိတဲ့အတွက်ရေးစရာတစ်ခုရသွားတာပါ။
ထုံးတမ်းစဉ်လာ ဆိုတာကတော့ ဟိုးရှေးယခင် ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင် လူကြီးသူကြီးများ စဉ်းစားဆင်ခြင်တွေးတောကာ ချမှတ်ခဲ့တဲ့ လုပ်ရိုးလုပ်စဉ်များ ဖြစ်ပါတယ် ။ အဲ့ဒီလို ချမှတ်ခဲ့ရာမှာလည်း ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေ ‎ဟာ သူတို့ခေတ် သူတို့အခါနှင့် လိုအပ်ချက်အတွက် လိုက်လျောညီထွေစွာ ‎နဲ့ ချမှတ်ခဲ့ခြင်း များလည်း ရှိတတ်ပါတယ် ။ ဟိုးရှေ့ ခတ်က ကမ္ဘာဦး ‎ကျောက်ခေတ် လူသားများလို မသိနားမလည် ပဲနဲ့ ချမှတ်ခဲ့တာ ‎တွေလည်း ရှိမယ်ဆိုတာ သေချာနေပါ
တယ် ။ဥပမာ သစ်ပင်ကိုနတ်စောင့်တယ် ။
‎ သစ်ပင်တွေမှာ ရုက္ခစိုးရှိတယ် ။
ဒါကြောင့် သစ်ပင်တစ်ပင် ကိုအကိုင်းချိုးရင်လည်း နတ်နေဖို့အတွက်
သစ်ကိုင်း ချန်ထားရတဲ့ ထုံးစံဆိုတာ ရှိတယ်လို့ လူကြီးတွေပြောတာ ငယ်ငယ်ကကြားဖူးခဲ့ပါတယ် ။ သစ်ပင်တစ်ပင်ကို သစ်ကိုင်းအားလုံးကိုသာ ချိုးပြစ်မယ်ဆိုရင် အဲ့ဒီအပင် ဟာ ရှင်သန်ဖို့တွက် ခက်ခဲသွားမှာပါ ။ အဲ့ဒါကြောင့် အသိအလိမ္မာ အမြော် ‎အမြင်နဲ့ ပြည့်စုံတဲ့ လူကြီးတွေက အသိအလိမ္မာ နည်းပါးတဲ့ သူတွေကို နတ် ‎နှင့်ခြောက်ခဲ့တာဖြစ်ပါလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ် ။ ယနေ့ခေတ် အနေနဲ့ ပြောရမယ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ‎ရှောက်ရေးလိုဖြစ်ပါလိမ့်မယ် ။ အမြော်အမြင်ရှိတဲ့လူကြီးတွေက အဲ့ဒီလို ‎ပြောထားတဲ့အတွက် သစ်ပင်စောင့်တဲ့နတ်ကို မယုံကြည်ပေမယ့်လည်းနတ်နေထိုင်ဖို့အတွက် သစ်ကိုင်းတစ်ကိုင်းကိုတော့ ကျိန်းသေကို ချန်ထား ‎တော့မှာပါ ။ ဒါကြောင့် မယုံကြည်ပေမယ့်လည်းလူကြီးတွေပြောစကားကို‎မပယ်ရှားတတ်တဲ့သူတွေက ဒီနေ့ခေတ်အထိ လိုက်နာကျင့်သုံးနေတာတွေ ‎ရှိနေဆဲပဲဖြစ်ပါတယ် ။

ကျွန်တော်တို့ငယ်ငယ်ကဆိုရင် ကလေးတစ်ယောက် အကျင့်ဆိုးပြီး
အကြောင်းမရှိအကြောင်းရှာ ငိုတတ်တယ်ဆိုရင် " ခဲဝါ "တွေလိုပြီး ဖမ်းစားနေတယ်
လို့် ခြောက်တာ ကြားဖူးခဲ့ပါတယ် ။ ပြီးတော့ ထမင်းခုနှစ်ဆုပ်ကို အိမ်ခေါင်
အမိုးကျော်အောင် နောက်ပြန်ပြစ်ပစ်တာတွေ လုပ်ကြပါသေးတယ် ။ ကျွန်တော့်အသက် ၁၆ နှစ်လောက်တုန်းထင်မိပါတယ် စာဖတ်ချင်စိတ်
ပေါက်တာနဲ့ စာအုပ်တွေထားတဲ့ စင်ပေါ်ကနေဟိုရှာကြည့် ဒီရှာကြည့်နဲ့
ရှာနေရင်း ရင်သွေး ကလေးငယ် ပြုစုနည်းစာအုပ်တစ်အုပ်တွေ့တော့
ပုံလေးတွေပါပါတဲ့ အတွက် ဟိုလှန်ဒီလှန်နဲ့ ဖတ်ကြည့်ခဲ့ဖူးပါတယ် ။ အဲ့ဒီအ
ထဲက ကလေးတွေဘာကြောင့်ငိုတာလဲဆိုတဲ့ အကြောင်းလေးကို တွေ့တော့ စိတ်ဝင်စားပြီး ဖတ်ကြည့်ခဲ့ပါတယ် ။ အိမ်မှာ ကျွန်တော့်ညီကလေးက ခဏခဏငိုတော့ သိချင်တာနဲ့ ဖတ်ကြည့်ခဲ့မိတာပါ ။ ကျွန်တော် မှတ်မိသလောက်ပြောရမယ်ဆိုရင် ကလေးတွေငိုတဲ့အကြောင်း
ရင်းတွေက

      -ဆာလောင်ရင်ငိုတတ်တယ် 
      -‎ကသိကအောင့် နေရခက်ပြီးငိုတယ် 
      -‎ကလေးပတ်ထားတဲ့ အနှီးစတွေမှာ သေးစိုနေတဲ့အတွက် နေရ
        ခက်ပြီးငိုတယ် ။
      - ပုရွက်ဆိတ် တို့ကြမ်းပိုးတို့လိုပိုးမွှားအကောင်တွေကိုက်ပြီးငိုတယ်
      -အလကားသက်သက် ငိုချင်ရင်လည်းငိုတတ်တယ်
        လို့ဖတ်ခဲ့ရပါတယ် ။

ဘာအကြောင်းမှ မရှိပဲနဲ့ အလကားသက်သက်ငိုတတ်တဲ့ အကျင့်ရှိတဲ့က
လေးကို အဲ့ဒီလိုငိုနေတဲ့အချိန်မှာ မချော့ပဲလွှတ်ပေးထားလိုက်မယ်ဆိုရင် အဲ့ဒါဆိုရင် အဲ့ဒီကလေးမှာ လွန်အားတိုးတယ်လို့ ရေးထားတာဖတ်ခဲ့ရပါ
တယ် ။ ကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေကိုဆိုရင် အဲ့ဒီလို ငိုနေတာ စိုးရိမ်ပူပန်ဖို့ မလိုကြောင်းကို ကျွန်တော် ပြောပြတတ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ပြောလည်း မရပါခဲ့ပါဘူး ။ သူတို့တွေကတော့ ကလေးတွေ
အဲ့ဒီလို မငိုရအောင်ဆိုပြီး ထမင်းခုနှစ်ဆုပ်ကို နောက်ပြန်ပြစ်တတ်တဲ့ ဓလေ့ပဲ ယုံကြည်လက်ခံထားကြပါတယ် ။ ဒါပေမယ့် အခုခေတ်မှာတော့
အဲ့ဒီလို အယူအတွေ တဖြည်းဖြည်းပျောက်ကွယ် သွားခဲ့ပါပြီ ။ ဒါကြောင့် ရှေးယခင် ယုံကြည်မှုတွေအပေါ်လဲ အစွဲအလမ်းမထားသင့်ပါဘူး ။
အကောင်း အဆိုး အကြောင်း အကျိုး အမှားအမှန် ဝေဖန်ပိုင်းခြား ဆင်ခြင်
ပြီးကာမှ ယုံကြည်သင့်ပါတယ် ။
ကျွန်တော်ကြုံတွေ့ဖူးတဲ့ ဘုန်းကြီးတစ်ပါးအကြောင်းကိုလည်း ဖော်ပြချင်ပါသေးတယ် ။ အဲ့ဒီဘုန်းကြီးကတော့ တခြားကျွန်တော် တွေ့ဖူးတဲ့
ဘုန်းဘုန်းတွေနဲ့ မတူပါဘူး ။ အဓိကထူးခြားချက်က သူရဲ့ ကျောင်းဝန်းထဲ
မှာ ဖိနပ်စီးခွင့်ပြုထားပါတယ် ။ ဖိနပ်စီးခွင့်ပြုထားရုံမကပဲနဲ့ ရှေးယခင် ထုံး
တမ်းအစဉ်အလာတွေ လိုမျိုး ဘုရားရဲ့ဂုဏ် ၊ တရားရဲ့ဂုဏ် နဲ့ ဘုရားရဲ့သား
တော်တွဖြစ်တဲလ သံဃာတော်တွေရဲ့ ဂုဏ်ကို ရိုသေလေးစားတဲ့ အနေနဲ့
ဖိနပ်ကို ချွတ်ပြီး ကျောင်းကိုလာရင်လည်း မကြိုက်ပါ ။ အဲ့ဒီအခါ ရင်းနှီးတဲ့ ဒကာ ဒကာမတွေက လျှောက်ထားမေးမြန်းကြပါတယ် ။
အဲ့ဒီအခါ ဆရာတော်က
"တစ်ချို့လူတွေဟာ ဘုရားကိုရိုသေတယ် ၊ ဘုန်းကြီးကိုရိုသေ
‎တယ်ဆိုပြီး ကျောင်းဝန်းထဲကို ဖိနပ်တွေချွတ်ပြီးဝင်လာကြတယ်
အဲ့ဒီအခါ သဲတွေကပ်ပါလာတော့ ‎ကိုရင်လေးတွေကျောင်းသား
‎လေးတွေက ကြမ်းခင်းကသဲတွေကို လှဲပီးရင်းလှဲနေရတယ် ။
‎တစ်ချို့တွေဆိုရင် နွားချေး ၊ ခွေးချေး ၊ ကြက်ချေး တွေ နင်းမိ
‎လာကြတယ် ။ အဲ့ဒီလို ပေလာရင် ချေကားမှာခြေနဲ့ထစ်ပြီး
‎သုတ်ပြစ်ခဲ့ကြတယ် ။ အခုလိုမျိုး ဖိနပ်စီးလာတော့ ဒကာ ၊
ဒကာမတွေရော‎ဘုန်းဘုန်းတို့ပါ အဆင်ပြေတာပေါ " ‎
‎လို့မိန့်တော်မူခဲ့ပါတယ် ။
အဲ့ဒီအခါ ဒကာကြီးတစ်ယောက်က ဆရာတော်ဘုရား
" ဗိမ္ဗိသာရမင်းကြီးက ဘုရားပေါ်မှာ ဖိနပ်စီးလို့ ခြေဖဝါးပြင်ကို
‎ ဓားနဲ့ အမွှမ်းခံရတယ်ဆိုတဲ့ အစွဲအလမ်း အယူအဆကြောင့်
‎သတ်မှတ်လိုက်နာခဲ့ကြတာ မဟုတ်ပါလားဘုရား "
‎လို့လျောက်တင်ပါတယ် ။
ထိုအခါဆရာတော်က
" ဟ - ဒကာကြီးရ အဲ့ဒီဓလေ့အယူအဆက မူုလကျမ်းထဲမှာ
‎လည်း" မြူမှုန်လိမ်းထားတဲ့ ဖဝါးနှင့် " လို့ဆိုထားတယ်ကွ
‎မြူမှုန် လိမ်းတယ်ဆိုကတည်းက ကျောင်းဝန်းထဲမှာ ဖိနပ်မစီးလို့
‎ပေါ့ကွ " ‎
‎လို့ ပြန်လည်မိန့်ကြားခဲ့ပါတယ် ။
အဲ့ဒီအခါ ဒကာကြီးက ပြောရခက် မပြောရခက် ဖြစ်သွားခဲ့ပါတယ် ။ ဘုန်း
ကြီးဖြစ်နေတာရယ် ကိုယ့်ဆရာဖြစ်နေတာရယ်ကြောင့် ငြင်းလို့လည်း မ ကောင်း ။ ဘုန်းဘုန်း ပြောတာတွေကလည်း သေချာတွေးကြည့်ရင် လက် ခံနိုင်လောက်တဲ့ အကြောင်း အရင်းရှိ နေတာကြောင့် သူ့ရဲ့ ကျောင်း ဝန်း ထဲမှာ ဖိနပ်စီးရတဲ့ အကျင့်ဓလေ့ကို ဒီကနေ့အထိ ထိန်းသိမ်းထားပါတယ် ။
ကျွန်တော်တို့ မြန်လာလူမျိုးတွေဟာ ရှေးရိုးထုံးတမ်းအစဉ်လာ
တွေကို ယုံကြည်သက်ဝင်ကြပါတယ် ။ ကျွန်တော်တို့ အဘိုး အဘွားလက်
ထက်တွေကဆိုရင် အဲ့ဒီလိုအစဉ်အလာတွေကို အတော်လေးကို သက်ဝင်
ယုံကြည်နေကြဆဲပါ ။ ဒါပေမယ့် ယနေ့ခေတ်ကြီးကလည်း တိုးတက်ပြောင်း လဲ လာတဲ့အလျောက် ရှေးထုံးတမ်းစဉ်လာတွေကို ယုံကြည်မှုတွေလျော့
နည်းလာကြပါတယ် ။ ကျွန်တော်တို့ လူငယ်တွေဟာ ရှေးထုံးတမ်းအစဉ်
လာတွေကို မယုံကြည်ပေမယ့် လက်မခံလို့မရပါဘူး ။
" ရှေးထုံးလည်း မပယ်နဲ့
‎ ဈေးသုံးလည်းမလွယ်နဲ့ "
ဆိုတဲ့စကားပုံအတိုင်း ရှေးထုံးတွေကလည်း ပယ်ရှားလို့လည်းမရပါဘူး ။ အ
ကြောင်းအရာတွေ တစ်ခုနဲ့တစ်ခု ယှဉ်ပြီး အကြောင်းအကျိုးကို သေသေချာ
ချာ ဆပ်စပ်တွေးတောဆင်ခြင်ကာ နေထိုင်ကြရမှာပါ ။

DQmbeVyN3wxrsjCcKgvcNtbEYsSnmeT61AKdeUe6UuiebTt.jpg

@henryba

MSC -056

23/2/2018

Sort:  

ဟုတ်​ပါတယ်​ ​ရှေးထုံးဆိုတာ ပယ်​လို့မရတဲ့ အရာတစ်​ခုပါဗျာ

အမှန်ပါပဲအကို။

ကျောင်းထဲဖီးနပ်မစီးတာပိုကောင်းပါတယ်ဗျာ အဇာတာသတ် ဖခင် ဘာကြောင်း ခြေဖဝါးကိုခွဲစိတ်ခံခဲ့ရတာလည်းဆိုတာ အကြောင်းရင်းရှိခဲ့တဟ်နော် အရေးသားတွေမှတ်သားထိုက်ပါတဟ်

ဟုတ်ကဲ့အကို ကျေးဇူး 😊

မှတ်သားရပါတယ် Bro ရေ

ကျေးဇူးပါ အစ်ကိုရေ ။

အနာဂတ်ကတော့ တစ်ဖြည်းဖြည်းပြောင်းလည်းနေတာပါပဲ ရှေးထုံးအတိုင်းလက်ခံနေထိုင်သူများရှိသလို အနာဂတ်ကို လက်ခံတဲ့သူတွေလည်းရှိကြပါတယ်

ဟုတ်ပါတာ် အစ်ကို ။ရှေးထုံးကိုလည်း မပယ် ဒီခေတ်ကိုလဲ နောက်မကျရင်တော့ အဲ့ဒီလုကတော့ စံပြတစ်ယောက် ဖြစ်လာမှာ အမှန်ပါ ။

မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်

ရပါတယ် အစ်ကိုရေ ။Vote ပေးတာကိုကျေးဇူး 😊

ဟုတ်တယ်ဗျ တစ်ချို့ဆို ရှေးရိုးစွဲ တစ်ယူသန်တွေတွေ့ဘူးတယ်ဗျ

ဟုတ်တယ်အကို အဲ့လိုလူတွေဆိုရင် ပြောရတာ ကပ်သီးကပ်ဖဲနိုင်တယ် 😁။

Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.

ကျောင်းထဲ မစီးသင့်ပါဘူးဗျာ

လေးစားမှုထားရင်တော့ တကယ်ကို ထစီးသင့်ပါဘူး ။ ဒါပေမယ့် ဘုန်းဘုန်းက သူ့ နည်း သူ့ ဟန့်ဆိုတော့လည်း အဆင်ပြေနေတာပေါ့ ။

ရှေးအယူအဆ​တွေကိုသိပ်​ပြီးအယုံအကြည်​မရှိ​ပေမဲ့တစ်​ခါတစ်​​လေအဲ့ဟာကိုလျစ်​လူရှုလိုကရ်​င်​လည်းတစ်​မျိုးမဟုတ်​တစ်​မျိုးဒုက္ခက​ရောက်​ရပြန်​​ရော​ဗျာကြုံဖူးတယ်​​ဗျ

ဟုတ်တယ် အစ်ကို ရေ ။

ညဖက်လက်သည်းမညှပ်ရတာလည်း အရင်ကမီးမရှိလို့ဖြစ်မယ်။

ဟုတ်မယ် ထင်တယ် ဗျ ။ ခုခေတ်ကတော့ အားတဲ့ချိန် ညှပ် ကြေတာပဲ 😁။