အဖွားရဲ့စကားကြောင့် မရယ်ဘဲနဲ့မနေနိုင်တဲ့ကျွန်တော်
"အဖွားရဲ့စကားကြောင့် မရယ်ဘဲနဲ့မနေနိုင်တဲ့ကျွန်တော်"
စာဖတ်သူတို့ ဘ၀အမော ပြေစေ ဖို့အတွက် ရေးသားခြင်းဖြစ်ပါသည်။
တစ်နေ့ ဦးလေးဖြစ်သူ မောင်ဝင်းအောင်သည် တူဖြစ်သူကျွန်အိမ်သို့ ၀က်သားတွဲလေး လက်ကစွဲပြီး လာပို့လေသည်။ ထို့နေ့ ကျွန်တော်အိမ်တွင် ၀က်သားချက်လေသည်။ အမေက မရမ်းပြားခြောက် နှင့် ချက်ထားသောကြောင့် ထမင်းစားလို့မြိန်လှပါသည်။ ကျွန်တော်နှင့် ဦးလေးမှာ အသက်ခြင်း သိပ်မကွာလှသဖြင့် သူငယ်ခြင်းလိုနေကြပြီး ဦးလေးကတော့ ကျွန်တော်ကို လှမျိုး လို့ခေါ်ပြီး ကျွန်တော်ကတော့ သူ့ကို ၀င်းအောင်လို့ဘဲခေါ်ပါသည်။ ဒါ့ကြောင့်
" ဟေ့ကောင် ……….. ၀င်းအောင်၊ ဘယ်က၀က်ပေါ်တာလဲကွ”
“ဘယ်က၀က်ကမှာလဲ ………… လှမျိုးရယ်၊ ငါ့အမေမွေးထားတဲ့ ၀က်မလေးပေါ့ကွ”
“ဟာဒါဆို အဖွားကပေါ်ခိုင်းလို့လား”
“ဘယ်ကသာ ……. ပေါ်ခိုင်းဖို့နေနေသာသာကွာ ……. ငါအခုပေါ်လိုက်တာတောင် အမေသိမှာတောင် မဟုတ်ဘူး၊ ငါမှာလည်းကွာ …….. အခုတလောငွေလိုနေတာလေကွာ မင်းအဖွား ငါ့အမေစီကလဲ ပိုက်ဆံက ခိုးမရဘူးကွ”
“လိုမှာပေါ့ကွ ……. မင်းက ဟိုတလောက မြို့တက်သွားတဲ့ ရွာနောက်ပိုင်းက ဘသန်း တို့နဲ့ပေါင်းနေတာကိုး”
“ေ အေးလေကွာ …... ငတီးတွေက မြို့တက်ပြီး ကဲနိုင်တယ် ဘာရယ်နဲ့ လာပြောနေတယ်လေ ငါလည်း ဘယ်ခံနိုင်မလည်း၊ မင်းတို့လိုငါလည်း
မြို့တက်ပြီးကဲမယ်ဆိုပြီး ငွေလက်ထဲရအောင် အမေ မရှိတုန်းလေးကို ၀က်ပေါ်သမား မျိုးလွင်လက်အပ်ပြီးပေါ်ခိုင်း လိုက်တယ်ဟေ့……”
“ေ ဟေ့ကောင် ၀င်းအောင်၊ အဖွားဒေါ်မြင့်သိလို့ကတော့ မင်းတော့မိုးမီးလောင်ပြီဟေ့၊ အဖွားက သူ့ဝက်မလေးကိုချစ်လို့ အရိပ်တကြည့်ကြည့်နဲ့ဖြစ်နေတာနော်၊ ၀က်မလေးကို သူကိုယ်တိုင် ရေးချိုး ပေးပြီး ပွတ်သပ်ပေးမှ အိပ်ဝင် စားဝင်တာနော်…...”
“ဘားမှမဖြစ်ပါဘူးကွာ၊ အမေးဟာ ငါမှငါပါကွ၊ ငါ့ကို သိပ်ချစ်ပါတယ်၊သိပ်ချစ်လို့လည်း ငါ့ကို မိန်မပေးစားမလို့ ရွာနောက်ပိုင်းက ဒေါ်အုန်းအိမ်ကိုသွားပြီး သူသမီးသွားပြော ပေးတာပေါ့ကွ…….. ဒီဝက်မလေးလောက်ကိုတော့ ခေါင်းထဲထည့်မှာ မဟုတ်ပါဘူးကွာ”
ဒီလိုနဲ့ဘဲပြောပြောဆိုဆို ၀င်းအောင်တစ်ယောက် အိမ်ပေါ်သို့ သွားလေသည်။ သူပြောသလို အဖွားက သူအလွန်မတန် သံယောဇဉ်ကြီးတဲ့ ၀က်မလေးနှင့်ပက်သက်ပြီး ခွင့်လွှတ်ပါ့မလား။ ကျွန်တော် အထင်တော့ ဝေးဝေးလွန်လှသည်ဟုသာ ပြောရမည်ဖြစ်သည်။
အဖွား၏ သူ့ဝက်မလေးအပေါ် ထားသော သံယောဇဉ်က နည်းနည်းတော့မဟုတ်ဘူးဆိုတာ ကျွန်တော်သိသည်။ သားဖြစ်သူ ၀င်းအောင်ကို ရင်ဍ် လွယ်မွေးထားသလို၊ ၀က်မလေးကို ရင်ဍ်လွယ် မွေးထား သလိုသဘောထားသည်။ ၀င်းအောင်ဒီလို လုပ်ချသွားသည်ကို အဖွားသာသိရင် မိုးမီးလောင် မှာ သေခြာလိမ့်မည်။
“ေ ဟေ့ကောင် …... အိမ်မှာရော အဖွားရှိလား”
“မရှိလို့ကွ၊ မရှိလိုလည်း ငါဒီလိုမျိုးလုပ်တာပေါ့ကွ၊ အခုငါ့လက်ထဲငွေလေးရလို့ ငါမြို့ပေါ်သို့ လစ်လိုက်အုံးမယ်ဟေ့ ……. ငါ့ကိုမြို့ကငါ့ဘော်ဒါတစ်ယောက်လိပ်စာပေးထားတယ်ကွ၊ သူနဲ့တွဲပြီး ကဲ့လိုက်အုံးမယ်ကွာ၊ မင်းလိုက်ချင်လိုက်ခဲ့ပါလား…...”
“မလိုက်တော့ပါဘူးကွာ …… အိမ်မှာအလုပ်တွေရှိသေးတယ်…...”
“ေ အေးအေး ……. ကောင်းတယ်၊ ကောင်းတယ်၊ မင်း …… ငါလုပ်တာအမေသွား မပြောနဲ့နော်၊ မျက်လုံးနဲ့စကားပြော၊ သနားအောင်နေ၊ ဒါဆိုမကြာခင် OK ၊ ဟားဟား ……… လစ်မယ်ဟေ့…….. အမေပြန်ရောက်လာရင်ငါမလွယ်ဘူးကွ ”
ဝင်းအောင်လည်း သူ့ဘာသာ သူပြောပြီး သဘောကျရယ်မောပြီး ကျွန်တော်ကိုနှုတ်ဆက်ပြီး သွားလေသည်။
ကျွန်တော်ကတော့ ဒီနှစ်မှာ နေတဲ့အိမ်က သိပ်မကောင်းတော့တာမို့ ပြန်မဆောက် နိုင်တောင်မှ အမိုး တွေကို ပြန်လည်အသစ်မိုး ရတော့မည်ြ
ဖစ်သည်။ အိမ်က သုံးနှစ်ခံမိုးထားသော ဓနိတွေက ရေငန်မ၀လို့လားတော့မသိပါဘူး။ ပိုးကလည်းစားနေသည်။ ပြန်ပြီး ပျစ်စားထိုး လျှင်လည်း အသစ်ထိုးထားသော ပျစ်စားဓနိတို့မှာ ပိုးစားခံရုံသာ အဖက်တင်မည်၊ မိုးတွင်းကာလ ဆိုတော့ စိတ်မချရဘူးဗျ။
အဲ့ဒီတော့ ဓနိအသစ်များပြန်လည်မိုးဖို့ရာ ချည်နှောင်ရန်အတွက် ခြံထဲက နှိးဝါးကိုခုတ်ပြီး နှီးတဘက်အချို့နှင့် မိုးနှီးများကို အိမ်ရှေ့က ကုန်းထဲတွင် ထိုင်ထိုးနေလေသည်။ ထိုအခါ ကမ်းနားမှ လှမ်းခေါ်သံကို ကျွန်တော်ကြားလိုက်သည်။
“ေ ဟေ့………လှ…လှ….လှမျိုး”
ဒီအသံကို ကြားလိုက်ကတည်းက အဖွားကလွဲ ပြီး ဘယ်သူမှ မဖြစ်နိုင်သည်ကို သိလိုက်သည်။ အဖွားရဲ့အသံက တစ်ရွာလုံးတွင် ဘယ်သူမှတုပလိုမမှီတဲ့ အသံမျိုးဖြစ်သည်။
“ေ ဟော….အဖွားပါလား၊ ကျွန်တော်ရှိပါတယ်….”
အဖွားခမျာ မလှုပ်တလှုပ်နဲ့ ကျွန်တော် နှီးထိုးနေသည့်နေရာသို့ လျှောက်လာသည်။ မျက်နှာ အသွင်ပြင်ကတော့ ကတော့သိပ်မကောင်းလှဘူး။ ကျွန်တော်မျက်နှာကိုကြည့်ပြီး အဖွားခရီးပန်းလာလို့လား၊ ဒါမှမဟုတ် အိမ်သို့ပြန်ရောက် ချစ်လှစွာသော သားတော်မောင်ကို မတွေ့လို့လား။
“ဘယ်ကလာတာလဲ အဖွားရဲ့” အဖွားစကားက မပီတော့ “အိမ်…အိမ်…အိမ်က”
“ေ သြော်…….အဖွားအိမ်ကို ရောက်ခဲ့ပြီးပြီးကို၊ မျက်နှာကလည်းမကောင်းပါလား အဖွား………”
ကျွန်တော်ရဲ့ အမေးစကားတွေ ကြောင့် အဖွားရဲ့စိတ်ထဲ ရိုက်ခတ်သွားပုံရသည်။ မကြည်လင်သော မျက်နှာနဲ့ တုန်ရီသော စကားသံတို့ဖြင့် ကျွန်တော်အားပြောသည်။
“ြေ ပြော … ပြော … ပြော … မပြောချင်တော့ဘူး ငါ့မြေးရယ်၊ မင်း…မင်း…မင်းဦးလေး ၀င်း … ၀င်း …. ၀င်းအောင်လုပ်ပုံလေ” ကျွန်တော် မသိသလိုဘဲ ဟန်ဆောင်ကာ စိုးရိမ်ကြီးစွာဖြစ် နေသော ဟန်ဖြင့် မေးလိုက်သည်။ “ဘာများလုပ်လို့လဲ အဖွားရဲ့” “ဘာ…ဘာ ….. ဘာဖြစ်ရမှာလဲ ဟာ ငါ ….. ငါ ….. ငါ အမြတ်တနိုး မွေးထားတဲ့ “ ၀က်….. ၀က်…… ၀က်မလေးကို ငါ …. ငါ …. ငါမရှိတုန်း ပေါ်ပစ်လိုက်တယ်လို့ပြောပြီး အဖွားငိုပြီး အဲ့ဒါကောင်းသလားဟဲ့။
“ဟာ……..ဘယ်ကောင်းမှာလဲ အဖွားရာ၊ ဒီကောင်မှာ သနားကြင်နာတဲ့နှလုံးသား ဒီလောက်တောင် မဲ့နေသလားဗျာ……”
အဖွားအတွက် နှစ်သိမ့်မှုရစေဖို့ ၀င်းအောင် ပေးသော ၀က်သားကို အားပါးတရ တွယ်ထားသော်လည်း မသိသလိုပြု့ရင်း ပြောလိုက်သည်။
“ငါ…ငါ…ငါ သိပ်ဝမ်းနည်းတယ်ဟာ၊ စိတ်…စိတ်…စိတ်လည်းမကောင်းဘူး”
“ဘယ်စိတ်ကောင်းစရာရှိမှာလဲ….အဖွားရယ်၊ အဖွားအနေနဲ့ အဲ့ဝက်မလေးအပေါ် ဘယ်လောက် သံယောဇဉ်ထားတယ်၊ ဘယ်လောက် ဂရုတစိုက် မွေးလာခဲ့တယ်ဆိုတာ ကျွန်တော်အသိဘဲ…..”
“ဟုတ်…. ဟုတ် .… ဟုတ်ပဟယ် …. သူကငါ့ကို စာတောင်ရေးထားသေးတယ်။ ဘာ…ဘာ….ဘာတဲ့ သား …. သား….သားမြို့ကို ခ…ခ…ခဏသွားပြီတဲ့၊ ဖြုန်း…. ဖြုန်း၊ ဖြုန်းဦးမှာပေါ့လေသူက….”
“ေ သြော်…..ဒါနဲ့ အဖွားထမင်းမစားရသေးရင် အိမ်မှာစားသွားပါလား၊ ထမင်းဟင်းတွေ အဆင်သင့်ပဲ”
ပြောပြီးမှ ကျွန်တော်မှားမှန်းသိသွားသည်။ ဘာကြောင့်လည်းဆိုတော့ အဖွားက အေးစားမယ်လို့ပြောလျှင် သူ့ဝက်မလေးအသားနှင့်သာကျွေးရမည်မဟုတ်လား။
“မ…မ…မစားတော့ပါဘူးဟာ၊ စားလည်း စား… စား…..စားချင်စိတ် မ… မ….မရှိပါဘူး။ အိမ်…အိမ်….အိမ်မှာ ငါ့…..ငါ့….ငါ့အတွက် ဟင်း… ဟင်း…. ဟင်းတစ်ခွက် ထား …. ထား…. ထားသွားတယ်”
သည်လိုတော့လည်း ၀င်းအောင်က မိခင်အပေါ်စားသောက်ဖို့ရာအတွက် သိတတ်သားဟု ချီးမွမ်းရမလိုပင်ဖြစ်သည်။ သူထားခဲ့သောဟင်းသည် အဖွား၏ နှလုံးသားအား တစ်စစီဖြစ်လိမ့်မည်ကို မသိလေရော့သလား ၀င်းအောင်ရယ်။
“ဘာဖြစ်လို့ စားချင်စိတ်မရှိတာလဲ အဖွားရယ်၊ သည်အသက်ရွယ်ဆိုတာ အစာအဟာရ အရေးကြီးတယ်၊ အစာလည်းဆေး၊ ဆေးလည်းအစာပေါ့ အဖွားရယ်…..”
ဝင်းအောင်ချက်ပေးထားခဲ့တဲ့ ၀က်သားဟင်းကိုကြည့်ပြီး အဖွားရဲ့ ၀က်ကလေးကို မြင်ယောင်နေလို့ပေါ့နော်….. ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးပါပြီပဲအဖွား သတ၀ါတွေဆိုတာ လူတွေရဲ့ဟင်းလျာလို့ သဘောထားလိုက်ရင် ကိစ္စြပီးပါပြီ
“ကျွန်တော်ကတော့ အဖွားစိတ်သက်သာရာရပါစေတော့လို့ ဆရာကြီးလုပ်ပြီး ဖြေသိပ်ပေးလိုက်သည်။
ထို့နောက် အဖွား၏နှုတ်ဖျားမှ ထွက်လာသောစကားတို့ကြောင့် လက်ထဲရှိနေသော ၀ါးခြမ်းနှင့် ဓားမအား ပစ်ချလျက် ဘယ်လိုမျှမအောင့်အည်းနိုင်တော့ဘဲ တဟားဟား ရယ်မိတော့သည်။မရယ်ဘဲကော နေနိုင်တော့မလားဗျာ အဖွားပြောပုံကိုလည်းကြည့်ပါအုံး။
“ မ .… မ …. မတော်ဆို အ .… အ …. အသည်းလေး၊ က …. က …. ကလီစားလေး ချက်ထားရင် တော်သေးတယ်။ အ…. အ…. အခုတော့ ငါ ဘယ်…ဘယ်…..ဘယ်လိုမှ စား …. စား …. စားမရဘူး၊ ၀ါး ….. ၀ါး …… ၀ါးလို့လဲမရဘူး အဆီတုံးတွေနဲ့ အရိုးတွေချည်း ချက်…. ချက် …. ချက်ထားတယ်” ဟဲ့။
ကဲဗျာ……… အဖွားက သူအရမ်းချစ်တဲ့ ၀က်မလေးအတွက် စိတ်မကောင်းဖြစ်ရာမှာ အခုလိုပြောလာတော့ ကျွန်တော် ဟားတိုက်ပြီး ရယ်မိပါတော့သည်။
အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။
“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ပါစေ။