ဟာသများ

in #myanmar7 years ago (edited)

ဟာသလေးပြောပြမယ်နော်။ဟာသလို့လည်း ပြောလို့ရသလို လူတွေအကြောင်း ပြောပြချင်တာပါ။

ဟာသ ၁
လမ်းဘေးမှာ ခွက်လေးတစ်လုံးချပြီး တောင်းရမ်းစားသောက်နေတဲ့သူကို
ဘုရားဂေါပကတစ်ယောက်က
မင်းအခုလိုလုပ်နေတာ မရှက်ဘူးလားတဲ့။

ဟာသ ၂
ခေတ်နဲ့အညီ ဒူးပေါ်ပေါင်ပေါ်ဂါဝန်တိုလေးဝတ်ပြီး
လျှောက်သွားနေတဲ့ မိန်းကလေးငယ်ကို
မယားကြီးရှိမှန်းသိရက်နဲ့ ချူစားနေတဲ့ မိန်းမကြီးက
အရှက်မရှိဘူးလားတဲ့။

ဟာသ ၃
အရက်တွေမူးအောင်သောက်လာပြီး
အိမ်ကိုသိုင်းကွက်နင်း ပြန်လာတဲ့အိမ်ထောင်ဦးစီးက
မိန်းမဖြစ်သူဟင်းမချက်ထားလို့
ရိုက်ပါသတဲ့။

ဟာသ ၎
မြန်မာစာသည် ငါတို့စာဆိုပြီး
သင်ကြားပေးခဲ့တဲ့ အဖေက
မြန်မာစာမေဂျာယူတဲ့သားကို
ဘွဲ့နိမ့်လို့ ဆူပူနေပါသတဲ့။
ကဲ မရီရဘူးလား ပရိတ်သတ်တို့။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu