   steemCreated with Sketch.

in #myanmar7 years ago

ကံကောင်း အောင် လုပ်ယူလို့ ရပါတယ်

တစ်ခါက အင်္ဂလိပ်လူမျိုး စိတ်ပညာရှင် ရစ်ချတ် ဝိုက်စ်မန်း ဆိုတဲ့ လူဟာ ကံကောင်း ကံဆိုး အယူအဆနဲ့ ပတ်သက်ပြီး ဆယ်နှစ်ကြာသုတေသန တစ်ခုလုပ်ခဲ့တယ်။ အဲဒီစိတ်ပညာရှင်က ကိုယ့်ကိုယ်ကို ကံအရမ်းကောင်းတယ်လို့ ယူဆထားတဲ့ လူတွေ၊ ကိုယ့်ကိုယ်ကို ကံမကောင်းဘူးလို့ တွေးထားတဲ့ သူတွေကို သူ့ဆီ ဆက်သွယ်လာဖို့ သတင်းစာထဲမှာ ကြော်ငြာထည့်ခဲ့ပါတယ်။ လူတန်းစား အလွှာစုံနယ်ပယ်စုံက အယောက် (၄၀၀) လောက် သူ့ဆီ ဆက်သွယ်လာတယ်။

စိတ်ပညာရှင်က စမ်းသပ်မှုတစ်ခုအနေနဲ့ အဲဒီ လူတွေကို အမျိုးအစားတူ၊ရက်စွဲတူ သတင်းစာတစ်စောင်ပေးပြီး ဒီ သတင်းစာထဲမှာ ပုံ ဘယ်နှစ်ပုံ ပါသလဲ ဆိုတာ ရေကြည့်ခိုင်းတယ်။ ကံမကောင်းဘူးလို့ ကိုယ့်ကိုယ်ကို ထင်တဲ့ သူတွေဟာ နှစ်မိနစ်လောက် ကြာပြီးတဲ့ အခါမှာ ပုံ အရေအတွက်ကို ပြောပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကံကောင်းပါတယ်လို့ ဆိုသူများကတော့ စက္ကန့်ပိုင်းအတွင်း အဖြေမှန်ကို ပြောပြနိုင်ခဲ့ပါသတဲ့။ ဘာလို့ ဒီလို ဖြစ်ရတာလဲ၊ ဟို လူတွေက တကယ်ပဲ ကံ ပိုကောင်းနေသလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တကယ်တမ်းမှာတော့ အဲဒီ သတင်းစာတွေရဲ့ ဒုတိယ စာမျက်နှာမှာ “ ဆက် မရေနဲ့တော့။ ဒီ သတင်းစာမှာ ပုံ စုစုပေါင်း ၄၁၃ ပုံ ပါတယ် “ လို့ ထင်သာမြင်သာတဲ့ စာလုံးအရွယ်အစားနဲ့ စာရေးထားခဲ့တာ ဖြစ်ပြီး ကံမကောင်းဘူးလို့ ယူဆတဲ့ သူတွေက ဒါကို မမြင်ခဲ့မိတာပါ။
တခြားစမ်းသပ်မှု တစ်ခု အနေနဲ့ စိတ်ပညာရှင်က လူတွေကို ဒီလို မေးပါတယ်။ “ ခင်ဗျားတို့ ဘဏ်မှာ ရှိနေတုန်း ဘဏ်ကို ဓားပြတိုက်မှု ဖြစ်လာတယ်လို့ တွေးကြည့်လိုက်။ ဓားပြတစ်ယောက်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံဟာ ခင်ဗျား လက်မောင်းကို လာမှန်တယ်။ အဲဒါ ကံကောင်းတဲ့ အဖြစ်အပျက်လား ကံဆိုးတာလား “ အဲဒီ မေးခွန်းကို ကံဆိုးသူတွေက “ဟာ … ကံဆိုးတာပေါ့။ နေရင်းထိုင်ရင်း လက်ကို ကျည်ဆံလာမှန်တာ “ လို့ ဖြေပါတယ်။ ကံကောင်းသူတွေကတော့ “ ကံကောင်းတာပေါ့ဗျာ ။ လက်ကိုပဲ မှန်တာလေ… သေနိုင်တဲ့ နေရာတွေ မှန်သွားရင် ဒုက္ခ” လို့ ပြန်ဖြေတယ်။ ကံကောင်းသူတွေဆိုတာဟာ တကယ်တော့ အကောင်းမြင်သူတွေ ဖြစ်ပါတယ်။ အခြေအနေဆိုးဆိုးရွားရွားတစ်ခုခု ဖြစ်လာရင်တောင် ဒီထက် ပိုဆိုးသွားနိုင်တာကို တွေးပြီး စိတ်ကို ကြည်ရွှင်အောင် ထားနိုင်သူတွေပါ။

ကိုယ့်ကိုယ်ကို ကံကောင်းလာအောင် ၊ စိတ်ပိုပျော်ရွှင်ကျေနပ်လာအောင် လုပ်တဲ့ နည်းတွေ ရှိပါတယ်။ ဒါတွေကတော့
၁) အခွင့်အလမ်းသစ်တွေ ရှာဖွေပါ – အခွင့်အလမ်းဆိုတာမျိုးက ရှာဖွေလေ၊ တွေ့ရှိလေပါပဲ။ ကိုယ့်ကို အမြင်ကျယ်စေမယ့် စာတွေ ဖတ်ပါ။ ပညာရပ်အသစ်တွေ လေ့လာဆည်းပူးပါ။ ပတ်ဝန်းကျင်ဆီက ကိုယ် ဘာတွေ သင်ယူုနိုင်မလဲ တွေးပါ။

၂) ကြည်မွေ့တဲ့ စိတ်ကလေး ဖန်တီးထားပါ – ကျန်းမာရေးနဲ့ လျော်ညီတဲ့ ဝတ်စားနေထိုင်ပုံမျိုးတွေနဲ့ အေးချမ်းကြည်သာတဲ့ စိတ်ကလေးကို မွေးမြူထိန်းသိမ်းကြည့်ပါ။ ပူပင်သောကတွေ၊ အခက်အခဲတွေနဲ့ ကြုံလာပါစေဦး … ကျန်းမာကြည်လင်တဲ့ စိတ်ရှိနေရင် ရင်ဆိုင်ဖြေရှင်းရတာ ပို အဆင်ပြေပါတယ်။

၃) အကောင်းမြင်ပါ – ကံကောင်းတဲ့ သူတွေဟာ အကောင်းတွေ ဖြစ်လာမယ်လို့ စိတ်ကူးနဲ့ ကြိုတွေးထားတတ်ပါတယ်။ ဒီလို တွေးလိုက်တိုင်း ကံကောင်းသွားတယ်လို့ မဟုတ်ပေမယ့် အဲဒီလို အကောင်းမြင်ထားခြင်းအားဖြင့် သူတို့ မှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုရှိနေပါတယ်။ ရဲဝံ့တက်ကြွတဲ့ စိတ်ဟာ ကံကောင်းသူတွေရဲ့ လက္ခဏာပါ။

၎) အဆိုးတွေကို အကောင်းဖြစ်အောင် ပြောင်းပစ်ပါ – အဖြစ်အပျက်ဆိုးတစ်ခု ဖြစ်လာရင် ဒီထက်ပို ဆိုးသွားနိုင်တာကို တွေးပြီး “ ဒီလောက်မို့ တော်ပါသေးတယ် “ လို့ ဆင်ခြင်တာဟာ စိတ်သက်သာရာရစေပါတယ်။

Credit ro Kyaw Thant

Can only be lucky

Once, a British psychologist Richard detour Mann about the unfortunate luck concept worked a ten-year research. The psychologist, my own people, which is considered very good luck, I communicate with people who think bad luck for him to come to a newspaper ad. The class in various fields began to contact him (400).

The same type of people as an experimental psychologist, the same date of the newspaper and the newspaper should do. Those who think yourself good luck when two minutes later, I could not tell you the number. But I feel fortunate because many people could not tell the correct names within seconds too. Why does this happen, When people become really considered whether better luck. In fact, these newspapers to the second page of "vague. The newspaper, a total of 413 "transparency, font size and leave lots of bad luck who thinks this is not seen myself.
Asked other people to trial, a psychologist. "While your bank thinking became a bank robbery. One of the robbers when bullets with your right arm. It's lucky the unfortunate incident ... "Those unfortunate" the question is ... unfortunate. နေရင်းထိုင်ရင်း bullet right "answer. Those "lucky lucky too. The only true ... immortal trouble to go to the right places, "he replied. Fortunately, those who are optimistic is the fact. Severe conditions something happens, you can go even worse thought the firm views are able to make.

Make yourself lucky, How to make more happy. these

  1. Look for opportunities - opportunities such as search, တွေ့ရှိလေ. I read the letters would be broadly. Acquiring new science. I think what you can ယူု from the environment.

  2. create a firm, take a chance accordance with a kind of dress and living healthy, peaceful maintained firm raised apprehension. Anxiety, Let it faced difficulties facing more modest ... a clear mind and healthy to be resolved much more comfortable.

  3. positive - lucky to be a good predictor of a sense of visualization properties. I think this is not optimistic, but it went so lucky with their own beliefs. Bold and dynamic characteristics of those lucky.

  4. to change into good and evil, you can go to an event happens, more thought, "so I consider တော်ပါသေးတယ်" extremely relieved.

Credit ro Kyaw ThantFB_IMG_1500693609153.jpg

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.031
BTC 71178.18
ETH 3871.22
USDT 1.00
SBD 3.50