Galaxy Tab A 8 (2017) Review
Galaxy Tab A 8 (2017) ရဲ့
မျက်နှာပြင်အကျယ်က ၈ လက်မ ရှိတဲ့အတွက် စာဖတ်ဝါသနာပါတဲ့ လူငယ်လေးတွေ၊ ဂိမ်းကစားရတာနှစ်သက်တဲ့ သားသားမီးမီးလေးတွေအတွက် အထူးသင့်တော်ပါတယ်။ မျက်နှာပြင်ကျယ်တဲ့အတွက် ဗီဒီယို ကြည့်တဲ့အခါ
TV Screen မှာကြည့်နေရသလို ခံစားရစေမှာပါ။
Battery အားကလည်း 5000mAh ရှိတဲ့အတွက် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို အချိန်အကြာကြီး ကြည့်ရှုနိုင်ပြီပေါ့။
ဇာတ်လမ်းကောင်းခန်းရောက်နေမှ ဘတ်ထရီအားနည်းလာလို့
ပလပ်ပေါက်ကိုပြေးပြီး ဖုန်းအားသွင်းပြီး ထိုင်စောင့်ရတဲ့ ဒုက္ခက ကင်းဝေးပြီလေ။ 13 နာရီကြာ ဗီဒီယိုကားကောင်းတွေကြည့်ရှုနိုက်မယ်လို့ samsung company ကဆိုပါတယ်။
ဖုန်းသေးသေးလေးနဲ့ဆို တစ်ယောက်တည်းဇာတ်ကားကြည့်ရမှာ ပျင်းစရာကြီးနော်။ ၈လက်မမျက်နှာပြင်ဆိုတော့ တက်ဘလက်ကို စားပွဲခုံပေါ်မှာထောင်ထားပြီး မိသားစုနဲ့ အတူတူကြည့်လို့ရပြီပေါ့ဗျာ။ ဟာသကားတွေကြည့်ပြီး အတူတူရယ်မောကြမလား၊ သရဲကားတွေအတူထိုင်ကြည့်ပြီး သံပြိုင်အတူတူအော်ကြမလား၊
မျက်နှာပြင်ကကြီးတော့ သရဲကားဆိုပိုကြောက်ဖို့ကောင်းမယ်နော့။
အရင်ကထုတ်ခဲ့သမျှ Tablet တွေထက် 20% ပိုပြီးတော့ အလင်းအားကောင်းပြီး တောက်ပအောင် ဆန်းသစ်ထားတယ်လို့ samsung page မှာ တရားဝင်ဖော်ပြထားပါတယ်။
Image Source
Design ပိုင်းကတော့ မြင်ရုံနဲ့တင် ကြွေလောက်ပါတယ်ဗျာ ။
Version ကလည်း နောက်ဆုံး version ဗျာ
Android OS အနေနဲ့
Android 7.1 (Nougat) ကိုသုံးထားတယ်။Ram 2GB,Internal memory က 16GB ၊
SD card စိုက်ပြီး 256GB ထိထပ်တိုးလို့ရတယ်။
တခြား tablet တွေနဲ့မတူ ထူးခြားတဲ့အချက်ကတော့ Samsung Tab A(2017)ကို အားသွင်းထားတဲ့အချိန်မှာ နေ့ရက်၊အချိန်၊ မိုးလေ၀သခန့်မှန်းချက်တွေဟာ ဖုန်းရဲ့မျက်နှာပြင်မှာ ပေါ်နေမှာပါ။
Image Source
Tablet ဖြစ်နေလို့ ဓာတ်ပုံရိုက်ရတာ အဆင်မပြေနိုင်ဘူးလို့တော့မထင်လိုက်ပါနဲ့။ floating shutter button စနစ်ကို သုံးထားတဲ့အတွက် camera ခလုတ်ကို မိမိကြိုက်နှစ်သက်တဲ့နေရာကို ရွေ့ပြီးသုံးလို့ရပါတယ်။ ဆိုလိုတာက မိမိလက်မနဲ့ အနီးဆုံးနေရာကို ခလုတ်ကိုရွေ့လိုက်ပါ ပြီးရင် အလှဆုံးပြုံးထားပြီး ခလုတ်နေရာကို လက်မလေးထိလိုက်တာနဲ့ အလွယ်တကူ
Selfie ဆွဲလို့ရပါပြီ။
8MP နဲ့ Flash မီးပါတဲ့အတွက် အလင်းအားနည်းတဲ့ ညဘက်အချိန်တွေမှာ ရိုက်ကူးရင်တောင် တောက်ပကြည်လင်တဲ့ photo ကိုပိုင်ဆိုင်နိုင်ပါတယ်။
Image Source
Blue Light Filter ပါတဲ့အတွက် ညအချိန်အိပ်ခါနီး လိုင်းမသုံးရ မနေနိုင်တဲ့ ကိုကို၊ မမ တွေအတွက် အထူးသင့်တော်ပါတယ်။
တစ်ချို့သူတွေရှိတယ်ဗျ၊ facebook လေး ၅မိနစ်လောက်သုံးလိုက်ပါဦးမယ် ဆိုပြီး အင်တာနက်လိုင်းလေးဖွင့် "အိပ်တော့မယ်၊ good night" ဆိုတဲ့စာလေးတစ်ကြောင်းတင်၊ သတင်းလေးနည်းနည်းပါးပါးဖတ်ရင်း မျက်လုံးကအိပ်ချင်နေတဲ့စိတ်ကလေးပျောက်သွားတယ်။ ဒီလိုနဲ့ ညဥ့်နက်မှ အိပ်ဖြစ်တော့တယ်။ ဟုတ်တယ်ဟုတ်။ အဲဒီလို အိပ်ချင်စိတ်ပျောက်ရတာ ဖုန်းမျက်နှာပြင်ကဖြာထွက်လာတဲ့ Blue Light တွေကြောင့်ဗျ။ blue light filter ပါတဲ့အတွက် အိပ်ခါနီးဖုန်းသုံးထားရင်တောင် ညဘက်နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်စေမှာပါ။
Image Source
Kids Mood လဲပါတယ်ဗျ။ Samsung model မြင့်ဖုန်းအများစုမှာ Kids Mood ပါလေ့ရှိပေမယ့်၊ အများစုက သတိမထားမိကြဘူးဗျ။ Kids Mood သုံးနည်းလေးကျွန်တော်ရှင်းပြပါ့မယ်။ Kids Mood ထဲမှာ ကလေးငယ်လေးတွေအကြိုက် ဂိမ်းလေးတွေပါမယ်၊ ဆေးရောင်ခြယ်တာလေးတွေ၊ ပန်းချီဆွဲတာလေးတွေ၊ ကလေးအရွယ်ကြည့်သင့်တဲ့ ဗီဒီယိုလေးတွေ...
စသဖြင့်အစုံပါမယ်။
Kids Mood ထဲက ဂိမ်းလေးတွေပေးဆော့ရင် ကလေးက kids mood ကလွဲပြီး တခြား apps တွေဝင်လို့မရတဲ့အတွက် ကိုယ့်အတွက် အရမ်းအဆင်ပြေတယ်။
နောက်ပြီး ကိုယ့်ကလေး ဘာဂိမ်းလေးတွေဆော့ထားလဲ၊ ဘယ်လိုပန်ချီလေးတွေဆွဲထားလဲ၊
ဘယ်လိုကာတွန်းကားလေးတွေကြည့်ထားလဲဆိုတာ ပြန်ကြည့်လို့ရတဲ့အတွက် ကိုယ့်ကလေးရဲ့ အကြိုက်ကို အလွယ်တကူသိနိုင်ပါတယ်။ ဥပမာ- kids mood ထဲမှာ ပန်းချီလေးတွေဆွဲထားရင် ကိုယ့်ကလေးပန်းချီဝါသနာပါကြောင်း အလွယ်တကူသိနိုင်ပါတယ်။ timer ပေးထားလို့လဲရပါတယ်။ ဂိမ်းဆော့ချိန်တစ်နာရီဆိုပြီး timer သာပေးထားလိုက် အချိန်ပြည့်ရင် ဆော့ချင်လဲဆက်ဆော့လို့မရတော့တဲ့အတွက် ကလေးက ဖုန်းကို အလွယ်တကူ ပြန်ပေးပါလိမ့်မယ်။
ခုခေတ်ကလေးတွေက သိတဲ့အတိုင်း ဂိမ်းဆိုအရမ်းဆော့ကြတယ်။ မိဘတွေကလည်း သိတော့ "စာကျက်၊ စာတစ်ပုဒ်ရရင် ဂိမ်းတစ်ပွဲဆော့ခိုင်းမယ်" လို့ အပေးအယူလုပ်ကြရတယ်။ ဒီလိုလုပ်မှပဲ ဒင်းတို့လေးတွေ စာကျက်ကြမယ်လေ။
စာလဲကျက်ပြီးရော ဖုန်းလေးခနဆော့ခိုင်းလိုက်ပါတယ်၊ လက်ကမချတော့ဘူး ဒင်းတို့လေးတွေက။ နောက်ပြီး ဒင်းတို့လေးတွေက လျှောက်ပြီး လက်ကမြင်းလိုက်ရင် အရေးကြီးတဲ့ ဖိုင်တွေ၊ ဖုန်းနံပါတ်တွေ၊ ဓာတ်ပုံတွေ အကုန်ပျက်ကုန်ရော၊ ဆူလိုက်ရင်လည်း အာပြဲကြီးနဲ့ ထငိုတော့ ကိုယ်တွေပဲပြန်ချော့ရတယ်။
ဒီလို ဒုက္ခလေးတွေ ကင်းဝေးရအောင် kids mood ကိုသာသုံးကြဖို့ အကြံပေးပါရစေ။
ဈေး နှုန်းကတော့ 343,000mmk ပါတဲ့ဗျာ။
Image Source
Galaxy Tab A 8 (2017) နှင့်ပတ်သက်၍
ကျွန်တော်လေ့လာထားသလောက် ဝေမျှပေးခြင်းဖြစ်ပါသည်။
မြန်မာစတီးမစ်အဖွဲ့သားများအားလုံး ကျန်းမာ ချမ်းသာကြပါစေ။
Written By
@honeysara
MSC-040
Source- samsung.com
ကြိုက်သွားပါပြီ
ဝယ်သုံးဖို့ငွေပဲလိုတော့တယ်ဗျာ
ကျေးဇူးပါ ☺
@cryptohustlin has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.
Thanks.
@minnowpond1 has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.
Thanks.
Steemit ကရတဲ့ငွေလေးနဲ့စုပြီးဝယ်မယ်😁😁😁😁
Good idea ...😃😃
😊😊😊😊
😊😇👍👍
မဝယ်နိုင်ပေမဲ့
သရေကျလိုက်သည်
ကျွန်တော်လည်း သရေကျပြီး ရေးထားတာ 😂😂
Very nice
Thanks bro.
GOOD
Thanks sis lay 😊
ကျနော့်ကိုလည်း volt cmt လေး ပေကြပါအုံးဗျာ....အကိုအရေးသား ကောင်းတယ်
လိုင်းမကောင်းလို့ အခုမှ vote and comment ပေးလိုက်ပါပြီ broရေ၊ fighting.
Thanks for sharing.
Thank you too.