အမှတ်မထင်တွေ့ခဲ့သော ခဏတာလွမ်းခြင်း
မိုးတွေရွာနေတယ် ချစ်သူ
အပြင်မှာမိုးတွေအရမ်းရွာနေတယ် မင်းကိုအရမ်းသတိရပါတယ်၊၊ခရီးစဉ်တစ်ခုမှာ အမှတ်မထင်တွေ့ဆုံခဲ့ရပေမဲ့ ဒီတစ်သက်မမေ့နိုင်တော့ဘူး ချစ်သူ...........
ကျွန်တော်တောင်တက်သမားတစ်ယောက်ပါ ၊၊ အရင်တုန်းကတောင်တန်းတွေကို တစ်ယောက်တည်း ကျော်ဖြတ်ပြီး တောင်ထိပ်အထိ အရောက်လှမ်းကာ အပြန်လမ်းကိုသာသာယာယာ ပြန်လာခဲ့တယ်၊၊
အခု မြန်မာနိုင်ငံခြေလျင်တောင်တက်အသင်း နဲ့ တက္ကသိုလ်ပေါင်းစုံး စုပြီး ကလောမြို့နယ်ထဲက ဆင်တောင်ခရီးစဉ်ကိုလိုက်သွားဖြစ်ခဲ့တယ်၊၊
ခရီးစဉ်အစကတော့ ကျွန်တော်တို့မကွေးကနေ ကားနဲ့ ညနေခင်း စတင်ထွက်ခွာလာပြီး ည ၁၁ နာရီလောက်မှာ သာစည်ဘူတာကိုရောက်ခဲ့တယ်၊၊
မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်းနဲ့အတူ တက္ကသိုလ်ပေါင်းစုံက ကျောင်းသူ၊ကျောင်းသားတွေ အကုန်လုံးအဲမှာစုဝေးပြီး မြင်းတိုက်ဆိုတဲ့ စခန်းချရာ ရွာလေးကို သွားဖို့ ရထားစောင်ခဲ့ကြတယ်၊၊
ရထားကြီးလည်းလာကော ခေါင်းပေါ်က headlight အလင်းရောင်ကို အားပြုရင်း ကျောင်းသူကျောင်းသားတိုင်း ကိုယ်စီ ကိုယ်စီ မိမိသက်ဆိုင်တဲ့ ရထားတွေပေါ်မှာနေရာယူခဲ့ကြတယ်၊၊မနက်စာကိုတော့ ရထားပေါ်မှာဘဲ ထမင်းကြော်၊သရက်သီးစိမ်းနဲ့ငရုပ်သီးကြော် စားခဲ့ရတယ်၊၊ပထမဆုံးမနက်စာက စားလို့ကောင်းတယ်ဗျာ၊၊
ရထားကြီးစီးရင်း ပတ်ဝန်းကျင်က ရှုခင်းတွေကို ဓာတ်ပုံတွေရိုက်ရင်း ကျော်ဖြန်လာခဲ့တာ ဆင်တောင် ဆိုတဲ့ ရထား ပထမလွန်းထိုးဘူတာကို ရောက်ခဲ့ပြီဗျာ၊၊
လွန်းထိုးတွေအဆင့်ဆင့်ကို ကျော်ဖြတ်ရင်း ခွေးရုပ်ဘူတာက နာမည်ကြီးတဲ့ ထမင်းကိုလည်း တစ်ချို့ တစ်ချို့သော ကျောင်းသား၊ကျောင်းသူတွေဝယ်စားကြတယ်ဗျ၊၊
နေ့လည်ခင်းနဲ့မနက်ခင်း အကူး ၁၀ နာရီ ခွဲလောက်အရောက်မှာ စခန်းချရာ မြင်းတိုက်ရွာလေးကိုရောက်ခဲ့ပြီဗျ၊၊ ပစ္စည်းတွေနေရာချ ၊ ခဏတာနားနေရင်း တခြားတက္ကသိုလ်က ကျောင်းသူ၊ကျောင်းသားတွေကို စောင့်နေကြတယ်၊
နေ့လည်စာစားချိန်ရောက်တော့ ထမင်း၊ကြက်ဥချက်၊ကုလားပဲဟင်း နဲ့ပထမဆုံး နေ့လည်စာကို ကြက်ဥနဲ့စတင်မိတ်ဆက်ခဲ့တယ်ဗျ၊၊
ဒီလိုနဲ့အချိန်တွေကုန်ပြီး ညနေပိုင်းလောက်အရောက်မှာ တက္ကသိုလ်ပေါင်းစုံက ကျောင်းသား၊ကျောင်းသူ တော်တ်ာများများအကုန်လုံး စခန်းချရာနေရာကို ရောက်ရှိနေကြပြီဗျ၊၊ အဖွဲ့တွေခွဲ၊လူစစ်ရင်း စစ်ကြတယ်ဗျ ၊၊ ကျွန်တော်က အဖွဲ့က အမှတ် (၁၇) ပါ၊၊ စာရင်းရှိ ၂၁ တန်းစီ ၂၀ ပျက်ကွက် ၁ အကြောင်းအရင်း မသိ ဆိုပြီးအော်ခဲ့ရတာတွေကိုကပျော်စရာကောင်းသိလို ရင်ခုန်ဖို့လည်းကောင်းတယ်ဗျ၊၊
ညပိုင်းရောက်တော့ အဖွဲ့ခေါင်းဆောင်တွေက မိမိ အဖွဲ့တွေနဲ့အတူ ညစာစားဖို့ပြင်ဆင်ကြတယ်ဗျ၊၊ပြီးတော့ မိမိ အဖွဲ့ကို ညစာစားဖို့ အဖွဲ့အမှတ်စင် အော်ခေါ်ပြီး လက်တွေပြကာ ခေါ်ရင်း ညစာကို တစ်ဝိုင်းတည်းစားခဲ့ကြရတာဗျ၊၊ အမှတ်မထင် မိန်းကလေးတစ်ယောက်ကို ကျွန်တော်သတိထားမိတယ်ဗျ၊၊ ထမင်းကိုနောက်ကျပြီးမှ ရောက်လာတဲ့သူလေးတစ်ယောက်ဗျ ၊၊အသားလေးက ခပ်ညိုညို ၊ နှာတန်လေးကလည်းစင်းလို့ ၊ မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ဗျ ၊၊ ရယ်လိုက်ရင် သွားတက်ဖွေးဖွေးလေးတွေနဲ့ဗျ ၊၊
နောက်တစ်နေ့မနက် ဆင်တောင် တက်ဖို့ အဖွဲ့တွေလူစစ် ထုံးစံအတိုင်း စာရင်းရှိ ၂၁ တန်းစီ ၂၁ ပျက်ကွက် မရှိ ပြည့် လို့အော်ခဲ့ရတယ် ၊၊ ကိုယ့်အဖွဲ့လူပြည့်တော့ ပျော်တာပေါ့ဗျာ ၊၊
ကျွန်တော်တို့ မြန်မာနိုင်ငံ ခြေလျင်တောင်တက်အသင်းနှင့် အတူ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ကျောင်းသူတွေ ပါဝင်တဲ့ ၄၈၆ ယောက်သော လူတွေဟာ မနက် ၅ နာရီ မှာ စခန်းကနေ စတင်ထွက်ခွာ လာခဲ့တယ်ဗျ ၊၊
လမ်းမှာ တစ်ယောက်ကို တစ်ယောက် စောင့်ရင်း စကားတွေပြောဖြစ်ကြ မိတ်ဆက်ကြရင်းနဲ့ အကုန်လုံး ရင်းရင်း နှီးနှီးဖြစ်လာခဲ့ကြတယ်ဗျ ၊၊
အဲမှာသိလာတာက သူက မန္တလေးတက္ကသိုလ်ခြေလျင်တောင်တက် အသင်းက ဆိုတာပါဘဲ ၊၊ အသွားလမ်းမှာ မှတ်မှတ်ရရ ကျွန်တော်အားကစားအင်္ကျီကို ချွတ်ပေးပြီး သူကိုသယ်ခိုင်းခဲ့တာက စပြီး ရင်းနှီးခဲ့ကြတာဗျ ၊၊ မိုးတွေကရွာ ဗွက်တွေက လမ်းမှာတွေ့တဲ့ ကျွဲချေး ပုံတွေကို ရှောင်ဖို့ အော်ရင်း ဆင်တောင်ကိုသွားရာလမ်းကို ဖြတ်သန်းသွားခဲ့ကြတယ်ဗျ ၊၊ ဆင်တောင်ကို ရောက်ရန် နောက်ဆုံးရေ ရတဲ့ရွာမှာ ရေကုန်တာတွေကို ဖြည့်ရင်း ခရီးစဉ်ကိုဆက်ခဲ့ကြတယ် ၊၊ မိုးရွာနေတော့ တောင်တက်လမ်းကချော်တယ်ဗျ ၊၊
ကြိုးတွေ ဆွဲပြီးတက်ရတာ ပျော်ဖို့လည်း ကောင်းသလို၊ စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်ဗျ ၊၊ အဲမှာ သူနဲ့ ကျွန်တော် ပြန်တွေ့ဖြစ်တယ် ၊၊ ကျွန်တော်လည်းသူ့ကို ဓာတ်ပုံရိုက်ပေး ဖြစ်သလို၊ ကျွန်တော်ပုံတွေကိုလည်း သူဖုန်းနဲ့ ပြန်ရိုက်ခိုင်းလာတယ်၊၊
နေ့လည်ခင်းမှာ အဖွဲ့သားအားလုံး ဆင်တောင်ပေါ်ကိုရောက်ခဲ့ကြတယ်ဗျ၊၊ဆင်တောင် ပေါ်ကိုရောက်တော့ မှတ်မှတ်ရရ ကျွန်တော်က နေ့လည်စာမယူခဲ့ဘူးလေ၊ ပါလာတဲ့လက်ကျန် ပေါင်မုန့် နှစ်ချပ်ကြားကို အားလူးကြော် ညှပ်ပြီး နေလည်စားခဲ့တယ်ဗျ ၊၊ အဲဒီပေါင်မုန် နှစ်ချပ်ထဲမှာ သူကိုကျွေးလိုက်တဲ့ ပေါင်မုန့် တစ်ကိုက်စာလည်း ပါတယ်ဗျ ၊၊
ပြီးတော့ တက္ကသိုလ်တွေအဖွဲ့လိုက် ဓာတ်ပုံတွေရိုက် ပြီး ခဏနားကာ ဆင်တောင်ကနေ ပြန်ဆင်းလာခဲ့ကြတယ် ၊၊ အပြန်လမ်းမှာတော့သူ့ကို ကျွန်တော် မတွေ့မိဘူး၊၊ ဒါပေမဲ့ ဆင်တောင်ကနေအဆင်း ဆင်နှာမောင်း ပေါ်မှာ ခဏနားတော့ သူ့ကိုကျွန်တော်တွေ့လိုက်တယ် ၊၊ စကားတွေသွားပြော ကျန်တဲ့မုန့်တွေ ဝေစားရင်း ဓာတ်ပုံရိုက်ပေးခဲ့ရသေးတယ်ဗျ ၊၊လမ်းတစ်လျှောက် သွားရင် ကျော်တက်လိုက် ကျန်နေခဲ့လိုက်နဲ့ စခန်းချရာ မြင်းတိုက်ရွာကို ညနေ ၅ နာရီ ကျော်ကျော် လောက်မှာပြန်ရောက်ခဲ့ကြတယ်ဗျ ၊၊ ညစာထမင်းစားနားတော့ ထမင်းဝိုင်းကို သူအရင်ရောက်နေတယ်ဗျ ၊၊ ကျွန်တော်စားလို့ မပြီးသေးဘူး သူအရင်ပြန်သွားခဲ့တယ် ၊၊ ဒီလိုနဲ့ ဆင်တောင်တက်တဲ့ တစ်နေ့တာ ကုန်ဆုံးရင်း အိပ်စက်အနားယူကာ အချိန်တစ်ရက်ကုန်ခဲ့တယ်၊၊
ဆက်ရန်ဖတ်ရှုရန်.........................
Written by hpone ko ko myint
Myanmar Steemit
အတွေ့အကြုံ အစုံပလုံ ဗဟုသုတရတွေ စုံလို့ကောင်းပါတယ်
thanks for sharing