ပြောမယုံကြုံမှသိ ( ၂ )

in #myanmar7 years ago (edited)

ပြောမယုံကြုံမှသိ - ( ၂ )

imageကျွန်တော်တို့ထမင်းစားသောက်ပြီး ချိုင့်တွေကို တဲခေါင်က ဝါးလုံးမှာ ချိတ်ကာ ညီအကိုသုံးယောက်သား ရေနွေးကြမ်းသောက်ရင်း စကားစမည်ပြောနေကြတာဗျ...။ကျွန်တော်တို့ထမင်းစားပြီး မဲကောင်ကို ကျန်တဲ့ထမင်းဟင်းတွေ အကုန်ကျွေးထားတယ်ပေါ့ဗျာ...။မဲကောင် ဆိုတာကတော့ ကျွန်တော်တို့ တောထဲသွားရင် အမြဲလိုက်လာတဲ့ အချစ်တော် ခွေးကြီးပေါ့ဗျာ..။မဲကောင်းဆိုတော့ သိတဲ့အတိုင်းပဲ အဖြူမွေးတချောင်းမှမပါဘူးဗျ..။အဲကြောင့် သူ့ကို မဲကောင် လို့နာမည်ပေးထားတာ..။သုံးယောက်သား တဲရှေ့က မီးဖိုလေးရှေ့မှာ ရေနွေးကြမ်းသောက်နေတုန်း...ဝုတ်..ဝုတ်...ဝုတ်...မဲကောင်က ပြေးဆွဲမတက် ရှေ့ကို တိုးဟောင်လိုက် နောက်ဆုပ်လိုက်နဲ့ အတင်ထိုးထိုး ဟောင်နေတာဗျ...။ဟာ...ငါ့ညီရေ နဲနဲတော့ ပညာပြပြီထင်တယ်...။သုံးယေက်သား ဓာတ်မီးတမ်းဆွဲကိုင်းပြီး ထိုးကြည့်တော့...ဘာမှမတွေ့ဘူးဗျ...။အဲဒါနဲ့ ကျွန်တ်ာလဲ တဲအနောက်ဖက်တွေ လျောက်ပတ်သွားပြီး ဓာတ်မီးနဲ့ လှည့်ပတ်ထိုးကြည့်နေတာဗျ..။အင်း...ခွေးဟောင် စရာတော့ ဘာမှမရှိဘူး....။ခွေးကအတင်းထိုးဟောင်နေတယ်ဆိုတော့ အမလေး.ဘုရား.... ဘုရား....ကျွန်တော်ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်ဗျ..။ကြောက်ကြောက်နဲ့ အကိုတွေဆီ ခပ်သုပ်သုပ်ပြန်သွားပြီး နှစ်ယောက်ကြားထဲ ဝင်ထိုင်တာပေါ့ဗျာ...။ဟား.....သန်းထွန်းရေ မင်းညီတော့ ကြောက်နေပြီထင်တယ်...။ဟာ..ကိုကြီးတို့ရှိလို့ကတော့ ဘာလာလာမကြောက်ဘူး...။အမယ်...ကိုယ့်ကိုယ်ကို အိဒြေ္ဒဆယ်နေရတာပေါ့...။အမှန်တော့...ကြောက်တာပေါ့...။တကယ်ကြီးကိုဗျ ဘယ်မကြောက်ပဲနေမလဲဗျ..။အေးကွာ မင်းကြောက်တယ်ဆိုမှ...ဒီ လယ်ဃောကြီးအကြောင်း မင်းကိုပြောပြရမလားကွ..။ဟာ...ကိုသန်းထွန်းရာ လုပ်ပါဗျ.။ပြောပြစမ်းပါအုံး..။ကြောက်တာကြောက်တယ် သရဲအကြောင်းပြောရင် တအားနားထောင်းချင်တာဗျ..။အေး..မင်းသိချင်ရင်ပြောပြမှာပေါ့ကွ..............။

ညီအကို သုံးယောက်သား ထင်းမီးလေးလှုံရင်း..တဲရှေ့မှာ ရေနွေးကြမ်းလေးသောက်ရင်း...။ဒီလိုကွ...။ဒီလယ်ဃောကြီးက မင်းတို့ဘကြီးတို့ လက်ထက်ကတည်းက သရဲခြောက်တာက နာမည်ကြီးကွ...။ညပိုင်းမပြောနဲ့ နေ့လည်ပိုင်းတောင် ဘယ်သူမှ ဒီလယ်ပွဲထဲက ဖြက်မသွားရဲကြဘူးကွ...။ဟင်..ဟုတ်လား..။ဘယ်လောက်တောင် ကြမ်းလို့လဲဗျ...။ကြမ်းတယ်လို့တော့မဟုတ်ပါဘူးကွာ...။ဒါပေမယ့် တစိမ်းလူတွေ အကပ်မခံဘူးကွ..။ဟင် ဟုတ်လား..။အေးကွ...။အဲဒါနဲ့ ကိုသန်းလွင်ကဟာ..နေအုံး ...အခုမှအမှတ်ရတယ်ကွ..ဦကျော်ဆိုင်တို့ နှမ်းတွေလာခိုးတုန်းက အခြောက်ခံရတယ်ဆိုကွ..။ပြောစမ်းပါအုံးဟ..။အေးကွ...။အဲဒါက ဟိုးအရင်ကပါကွာ.။အဲအချိန်တုန်းက နှမ်းတွေကို တောထဲတင်နေလှန်းထားရတာကွ...။ဒီလယ်ကွက်ကြီးထဲမှာပေါ့...။ဦးကျော်ဆိုင်တို့က ညီအကို နှစ်ယောက်သား လာခိုးတာတဲ့ကွ...။ထောင်ထားတဲ့နှမ်းတွေကို သူတို့ အိပ်တွေထဲ ထည့်မလို့ရှိသေးတယ်....ဝူး..ဝူး..ဝူး..နဲ့ အသံကြီးကြားလာတာတဲ့ကွ...။နောက်လဲလှည့်ကြည့်လိုက်ရော..ညီလေးရေ.......ကိုကြီးရေ.... ပြေး ပြေး...ပြေး...။နောက်ကနေ ဆင်တွေ ၊မြင်းတွေကို မဲမဲလူကြီးတွေက တက်စီးပြီးလိုက်တာတဲ့ကွ....။ခြုံပုတ်ကြီးတွေဆို...ဆင်ကြီးတွေ ခြေထောက်အောက်မှာ ပြားခနဲ..ပြားခနဲ..ပဲတဲ့ဟေ...။ညီအကို နှစ်ယောက်သား ပြေးချလာတာ ရွာအထိကိုဆိုက်ရောတဲ့...။ဟင် ဟုတ်လားဗျ..။ကျွန်တော်လဲ ကြောက်ကြောက်နဲ့ နားထောင်ပြီး ရှေ့ကြည်ဇွတ်တိုးဝင် နေတာပေါ့ဗျာ...။

imageနောက်ပြီး ရှိသေးတယ်ကွ......။ဟာ လုပ်ပါအုံးဟ...ပြောစမ်းပါအုံး...။ကိုသန်းလွင်နဲ့ ကျွန်တော် ကြောက်ကကြောက်.... နားကထောင်ချင်နဲ့....ဆက်မေးမိတယ်ဗျ....။အေး ဒီအနောက်ဖက်ရွာကလေ....အယ်....ဘယ်သူ...မိုး.......။ကိုမိုးကျော်လား....ကိုသန်းလွင်ကထောက်ပေးတာပေါ့...ဇာတ်ရှိန်ကမြင်နေပီလေ.........။အေး...အေ....မိုးကျော်....မိုးကျော်......။သူလဲ.....ဒီလယ်ပွဲထဲ မိုးတွင်းတုန်းက ဖားရိုက်လာတာလေ သရဲခြောက်လွှတ်လိုက်တာတဲ့ကွ.....။ဟာ...အေးကျုပ်လဲကြားတော့ကြားတယ်ဗျ.....။ဒါပေမဲ့သေချာမသိဘူးဗျ........။အေး......ဒီလိုကွ......။

ကိုမိုးကျော်ဆိုတာ သိတဲ့အတိုင်းပဲ ညပိုင်းဖားရိုက်ရင် နေရာအနှံ့အကုန်လျောက်သွားပြီးရိုက်တာကွ......။သရဲကြောက်ဖို့နေနေသာသာ သရဲကတောင်သူ့ပြန်ကြောက်ရတဲ့ လူစားမျိုးကွ....။အေး....မိုးတွင်းတုန်းက...ညနေပိုင်းမိုးလေးကရွာတော့....ဟာ..ခုညတော့ ဖားတွေ ထွက်တော့မှာပဲ ဆိုပြီး....ဖားရိုက်ဖို့ သူ့ရွာကနေ ထွက်လာတာတဲ့ကွ....။သူလဲ လယ်ကန်သင်းတွေပေါ်လှည်ပတ်ရိုက်ရင်းကနေ ဒီလယ်ဃောကြီးထဲ ရောက်မှန်းမသိရောက်လာတာတဲ့ကွ.....။သူလဲ ဖားရိုက်ရင်းရိုက်ရင်းနဲ့....အမှတ်တမဲ့.......ရီး ရီးရီး.......နဲ့ငိုသံတွေကြားနေရတာတဲ့ကွ....။ဟာ ဒီအချိန်ကြီး ငိုသံတွေကြားနေရတဲ့အထောက်တော့....ဟိုဘက်ရွာက လူသေတယ်ထင်နေတာပေါ့.....။အဲဒါနဲ့...သူရှေဆက်တိုးလေလေ ငိုသံကြီးတွေက ပိုပိုကျယ်လာလေတဲ့ကွ.....။သူရဲ့ရှေ့တည့်တည့်မှာလဲ တဲနဲ့ ဝါးနှစ်ပြန်လောက်ပဲဝေးတော့တာတဲ့ကွ....။အဲဒါနဲ့ သူ့စိတ်ထဲ နဲနဲ လန့်တန့်တန့်ဖြစ်ပြီး ဓာတ်မီးလေးခနပိတ်ပြီး...ဘေးဘက်လျောက်ကြည့်လိုက်တော့......။ပြသာဒ်စဉ်ကြီးတဲ့ကွာ.... တဲရှေ့မှာ ရွှေရောင်တဖိတ်ဖိတ်နဲ့တဲ့ဟေ......။နေပါအုံးအကိုရ.....တဲဆိုတာ.....ဟာ....ငါ့ညီကလည်း ဘယ်တဲရှိရမှာလဲ...မင်းတို့နောက်ကတဲ ပေါ့ကွ.......။ဗျာ........,............................။
အမလေး....ကိုကြီးရာ တဲဆိုတော့ ဘယ်တဲများလဲလို့.....။ကိုယ်အိပ်ရမဲ့တဲ ဖြစ်နေတာကိုဗျ..........။အမလေး......ကျောချမ်းလိုက်တာ......ကိုကြီးရာ......။ကျွန်တော့မယ်ကြောက်လိုက်တာဆိုတော့ဗျာ.....ကြောက်လွန်းလို့ရှေ့ကြည်ဇွတ်တိုးနေတာ.......အလယ်မှာမွှေးထားတဲ့ မီးပုံပေါ်ကို ဖင်ထိုင်မိတော့မယ်ဗျာ..........။နေအုံးကွ....မပြီးသေးဘူး........။အဲလိုနဲ့ သူစဉ်းစားတာပေါ့....။ဒါတော့ သာမန်မဟုတ်ဘူး သရဲခြောက်တာနေရမယ်.....။နေအုံး စောင့်ကြည့်အုံးမယ် ဆိုပြီး ဓာတ်မီးကိုမှိတ်ပြီး ထိုင်ပြီး ကြည့်နေတာတဲ့ကွ...........။လရောင်အောက်မှာ ရွှေရောင်တဖိတ်ဖိတ်နဲ့တဲ့ဟေ............။သူကြည့်နေတုန်းရှိသေး.....ခနကြာတော့.....ပြသာဒ်ကြီးက..... ယိမ်း...ယမိး..ယိမ်း..ယိမ်း နဲ့လေပေါ်မှာလူ့ခါးလောက်မြှောက်တက်နေပြီး.........ယိမ်းယိမ်းယိမ်းနဲ့ သူ့ဆီလာတာတဲ့ဟေ.....။ဟာ.....အမလေး ကြောက်ပါပြီဗျဆိုပြီးတချိုးတည်း ပြေးပါလေရောတဲ့ဟ...။သူကပြေး ပြသာဒ်ကြီးက နောက်ကလိုက်တဲ့ဟေ.....။နောက်ပြန်မကြည့်ဘဲ ပြေးချလိုက်တာ....ရိုက်ပီးသားဖားတွေလဲ ဘယ်ရောက်မှန်းမသိ.. .ပုဆိုးတောင်အိမ်ပြန်မပါဘူးတဲ့ကွ......။ဟား.....ဟား....ဟား........။တစ်ပတ်လောက် ဇီးယိုတွေကြိုကျွေးနေရတယ်ဆိုပဲကွ.....။ဟား....ဟား.....ဟား......။
သရဲကတောင်ပြန်ကြောက်ရပါတယ်ဆိုတဲ့ မိုးကျော်....လယ်ဃောကြီးနဲ့တွေ့မှပဲ...အမလေး.....တသွားတော့တယ် တဲ့ဟ....။ငါ့လည်း ကိုမိုးကျော်က သေချာပြောပြလို့ အကြောင်းစုံကိုသိရတာကွ........။

အပိုင်း (၃) ဆက်ရန်

Photo credit by google
written by htetlinaungg
Msc, 078

Sort:  

စာတွေကဖတ်ရတာကြောက်စရာကြီး ပုံတွေကပိုကြောက်ဖို့ကောင်းတယ်

ဟုတ်ကဲ့ပါ ကျေးဇူးပါခင်ဗျ

ပုံတစ်ချို့ထပ်ဖြည့်ပါလားဗျ

ဟုတ် ဖြည့်ထားပါတယ်အကို

ဖတ်​လို့​ကောင်းပါတယ်​ အဆက်​​မျှော်

သူကအရေးအသားကောင်းတာနဲ့
ငါသရဲကြောက်တတ်တာနဲ့တော့ တွေ့ပြီ

ထပ်ခြောက်ပေးမယ်နော်

ဂွတ်​သဗျို့

Thank for reading post

စာအရေးအသားကောင်းပါတယ် စာလုံးပေါင်းလေးတချို့ ပြန်ပြင်ရင် အဆင်ပြေပါပြီ

ပြင်ထားပါတယ်အမ
Font က link ထဲဝင်ရင်မမှန်ပဲဖြစ်ဖြစ်နေ့ပါအမ အကောင်းဆုံးဖြစ်အောင်တော့ပြင်ထားပါတယ်အမ

ကျေးဇူးပါ မောင်လေးရေ မြင်တာလေး ပြောပေးတာပါ

ဟုတ် အမ

ဒီလိုမှန်းသိ မနက်မှဖတ်ပါတယ်။
ရေးချက်ကကြမ်းတယ်။မျက်စေ့ထဲတောင် မြင်ယောင်လာတယ်...

ဟုတ် ကျေးဇူးပါအကို

Good ! I'm waiting your next article ....

Comming soon,thank for reading