ဘဝခရီးလမ်း
Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံး မင်္ဂလာပါ။
ကျွန်တော်တို့ လူသားတိုင်း လူရယ်လို့ဖြစ်လာပြီဆိုတည်းက ဘဝတခုစီကို ပိုင်ဆိုင်လာကြပြီဆိုတာ လောကရဲ့ မှန်သောနိယာမ တရားဘဲ ဖြစ်ပါသည်။ ထိုသို့ ပိုင်ဆိုင်လာကြသော ဘဝတွေမှာ အမျိုးမျိုးရှိကြပါသည်။ တချို့ တချို့တွေမှာ ဆင်းရဲသောဘဝ တချို့တချို့တွေမှာလည်း ချမ်းသာသောဘဝတွေ စသဖြင့် အမျိုမျိုး ကိုယ်စီပိုင်ဆိုင်လာကြပါတယ်။ ဒါကလည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အမြင်အရဆိုရင် အတိတ်ဘဝရဲ့ ကုသိုလ်ကံ အနည်းအများပေါ် မူတည်နေပါတယ်။ ရလာတဲ့ဘဝအပေါ်မှာဘဲ ကျွန်တော်တို့တတွေဟာ ဒီတိုင်းနေလို့ကတော့ ကျွန်တော်တို့ရဲ့ဘဝတွေဟာလည်း ဒီအတိုင်း နိဒါန်းစပြီ ဒီတိုင်းဘဲနိဂုံးချုပ် သံသရာလည်နေရကြမှာပါ။
ထို့ကြောင့် ကျွန်တော်တို့ ရရှိလာတဲ့ဘဝလေးကို ဘယ်လိုပုံစံသွင်းမလဲ ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာကို ကျွန်တော်တို့ ကိုယ်တိုင်ပေါ်မှာဘဲ မူတည်ပါသည်။ ရလာတဲ့ဘဝအခြေအနေ အမျိုးမျိုးရှိသလို ကျွန်တော်တို့ ပုံသွင်းယူဖို့ လျှောက်ရမဲ့လမ်းလည်း အမျိုးမျိုးရှိကြပါတယ်။ ကျွန်တော်တို့ငယ်ငယ်က လမ်းလျှောက်သင်ခါစအရွယ်ကပေါ့ဗျာ လမ်းလျှောက်ဖို့ မိဘတွေက လျှောက်လမ်းလေးလုပ်ပေးရတာရှိသလို သူတို့လက်နှင့်ကိုင်ပြီ ထိန်းပေးကြတာရှိကြပါတယ်။ ဒါမှလည်း ကျွန်တော်တို့တတွေဟာ ဖြောင့်ဖြောင့်တန်းတန်းနှင့် လျှောက်နိုင်ကြမည် မဟုတ်လား။ ထို့အတူ ကျောင်းနေရွယ်ရောက်လာတော့ မိဘတွေ မေးလာကြတဲ့ စကားတခွန်း ရှိပါသေးတယ်။ သားသား မီးမီး ကြီးလာရင် ဘာလုပ်မလဲဆိုပြီတော့ပေါ့။ ဒါကလည်း ကျွန်တော်လျှောက်ရမဲ့လမ်းကို ရည်ရွယ်ချက်ရှိရှိလျှောက်တတ်စေဖို့ ရည်ရွယ်မေးကြခြင်းဖြစ်ပါသည်။
ထိုအချိန်တည်းကနေ ကျွန်တော်တို့တတွေဟာ စာတွေ ကြိုးစားသင်ယူပြီ ဘဝလမ်းကို လျှောက်လာခဲ့ကြတာ ဘွဲ့ရတဲ့အထိပါဘဲ။ ဘွဲ့ရလို့ ငယ်ငယ်က ရည်မှန်းထားသလိုမျိုး ဖြစ်မလာခဲ့ကြသူများလည်း အများကြီးရှိကြမှာပါ။ ထိုသို့ဖြစ်မလာခဲ့ရင်တောင် စိတ်ဓါတ်မကျဘဲ ကျွန်တော်တို့ ဆက်လျှောက်ရမဲ့ လမ်းကို အကောင်းဆုံး ကြိုးစားသွားသင့်ပါသည်။ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ လမ်းက ကျွန်တော်တို့အပေါ် အများကြီး အကျိုးသက်ရောက်မှု့ ရှိပါတယ်။ ကောင်းသောလမ်းကို ဆက်လျှောက်ဖို့ ရွေးရင် ကောင်းကျိုး ခံစားရမှာ ဖြစ်ပြီ မကောင်းသော လမ်းကို ရွေးမိရင်တော့ မကောင်းကျိုးဘဲ ခံစားရပေမည်။ လူတိုင်းမှာ ပြည့်စုံခြင်းရယ်လို့ မရှိကြပါဘူး။ ဆင်းရဲတဲ့သူတွေက ချမ်းသာခြင်းကို လိုချင်ကြတယ်။ ချမ်းသာတဲ့လူတွေကလည်း ခုထက်ပို၍ ပြည့်စုံခြင်းကို လိုခြင်ကြတာကြီးပါဘဲ။ ထိုသို့ လိုချင်လို့ဆိုပြီ ထိုင်ဆုတောင်းနေရုံနှင့်တော့ ဘာတခုမှ ဖြစ်လာနိုင်မည် မဟုတ်ပါ။ ကိုယ်ရဲ့ ကြိုးစားအားထုတ်မှု့နှင့် မှန်ကန်စွာ လျှောက်တဲ့လမ်းပေါ်မှာ မူတည်ပါသည်။
လျှောက်ရမဲ့ လမ်းအမျိုးမျိုးရှိပေမဲ့ ဘဝရဲ့လမ်းတိုင်းဟာ သာယာဖြောင့်ဖြူးတယ်ဆိုတာ လွန်စွာရှားပါးလှပါသည်။ ကိုယ်ရွေးချယ်လိုက်တဲ့လမ်းမှာ နိမ့်ချီမြင့်ချီဆိုတာ ကြုံလာကြမှာဘဲ။ အဆိုးတွေနှင့် ကြုံလာတိုင်းမှာ ကျွန်တော်တို့က လဲမကျသွားအောင် ကြိုးစားအားထုတ်ဖို့လိုပါတယ်။ လဲကျသွားသည့်တိုင်အောင် ပြန်ထနိုင်အောင် ကြိုးစားမှသာလျှင် ကျွန်တော်လျှောက်သော လမ်းမှာ ရှိတဲ့ အခက်အခဲများကို ကျော်လွှားပြီ အောင်မြင်သော ပန်းတိုင်ကို ရရှိပေပါမည်။ ဆက်လက်ရေးပါဦးမည်။
Steemit Myanmar Community မှ အဖွဲ့ဝင်များအားလုံး လျှောက်လှမ်းနေသောလမ်းလေး ဖြောင့်ဖြူးကြပါစေ။
Author ; Htin Lin Aung ( MSC 016 )
@htinlinaung
အကောင်းဆုံးသာလုပ်ပါလေ
good
thank
ဘဝခရီလမ်းဖြောင့်ဖြူးအောင်ြုးကိုးစားရအောင်
ဟုတ်ကဲ့ပါ အတူတူပန်းတိုင်ကိုလျှောက်လှမ်းကြတာပေါ့ဗျာ
This post has received a 0.6 % upvote from @boomerang thanks to: @htinlinaung
@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.
အထင်နဲ့အမြင်က မတူတာများတယ်နော်..ြုးစားရမျာကိုယ့်တာဝန်ပါ။
That right
ဒီလိုပါပဲ ဘဝမှာ
ကြိုးစားနေထိုကြရမှာပေါ့
ဆက်
ဘာတွေဘဲဖြစ်နေဖြစ်နေအကောင်းဆုံကြိုးစားဖို့ကမိမိတာဝန်ပါ🖒🖒🖒🖒
that right
ဆက်ဖတ်ပါ့မယ်...Good Post
thank
လူတိုင်းဟာ ဒီခရီးလမ်းကိုလျောက်ရတဲ့အတွက် အေးချမ်းမှုရှိသလို ဆင်းရဲမှုလည်းရှိခဲ့ကြမှာ သဘာဝပါ
ဟုတ်ကဲ့ပါ bro
ဘဝခရီးလမ်းဆိုတာ သာတလှည့် နာတလှည့်ပါ ဘယ်လောက်ခက်ခဲသည်ဖြစ်စေ အောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းဖို့က မိမိတာဝန်သာ
ဟုတ်ကဲ့ပါအစ်မ ကိုယ့်လမ်းကို ကိုယ်တိုင်အကောင်းဆုံး လျှောက်ရမှာ