ဆင်မလိုက်က ပုရစ်

in #myanmar • 9 years ago (edited)

image
ဖုန်းထဲမှာ ဖိုင်တွေရှင်းရင်းနဲ့ ရန်ကုန်က အဆောင်မှာ ရိုက်ထားတဲ့ Video ဖိုင်လေးပြန်တွေ့မိလို့ပါ။ ရန်ကုန်မှာနေခဲ့တဲ့ဘ၀လေး ကို ပြန်လွမ်းမိနေတယ်ဗျာ ကျွန်တော့နာမည်ကို ခေါ်ကြတယ် ပုရစ်တဲ့။ ညနေ လေးနာရီခွဲဆို လက်ဗွေနှိပ် Bus ကားမှတ်တိုင်ကိုပြေး နောက်ကျရင် ကားကြပ်တဲ့အတွက် ရုံးကို စောနိုင်သမျှလေး စောဆင်းပါတယ် အဲဒီတုန်းက ဆင်မလိုက်မှာ ဘဏ်ဝန်ထမ်းတွေချည်းစုပြီးတော့ ၅ လွှာမှာ တိုက်ခန်းလေးငှားနေတယ်ခင်ဗျ ။ ညနေကားပေါ်ကဆင်းပြီ ဆိုရင်ဆင်မလိုက်ဈေးက ၀ယ်နေကျအန်တီကြီးဆီကနေ ပဲပင်ပေါက် ၁၀၀ ဖိုး ကြက်ဥ ၁၀၀ တန်တစ်လုံး (၀ယ်နေကျမိုလို့ရတာ အခုများ ၂၀၀ ဖိုးတောင်မရောင်းချင်ကြတော့ဘူး) ရေခဲက ၁၀၀ဖိုး၊ အဲဒီတုန်းက ခရမ်းပြာတောင် မပေါ်သေးဘူး ကိုယ်ကတော့ ဂရမ်းအပြာလေး ၀ယ်လို့ တိုက်ခန်းကိုချီတက်ပါတော့တယ်။ အဲဒီအချိန်က ဂရမ်းပြာ ပရိတ်သတ်လေးပါ။ ပေါင်းအိုးထဲက ထမင်းလေးရယ် ကိုယ်တိုင်ကြော်တဲ့ ငန်တစ်လှည့် တူးတစ်လှည့် ပဲပင်ပေါက်နဲ့ကြက်ဥကြော်လေးရယ် စားခဲ့ရတာ။ ကိုယ်တွေအဆောင်မှာက ၀ါသနာရှင်တွေ အတော်များတာ ညဆို ဂစ်တာသုံးလုံးနဲ့ အော်ပြီ ဘေးအခန်းတွေ မရှိတာ ကျေးဇူးတင်ရမယ်။ လှည်းတန်းဆိုတာ လမ်းလျှောက်ရင် ၁၀ မိနစ်ပေါ့ နေ့တိုင်းမသွားနိုင်ပါဘူး ချွေတာရေးလေ ကိုယ့်ဘာသာကိုပျော်စရာလေးတွေ ကြံဖန်ပြီးပျော်အောင်နေရတာပေါ့။ ကိုယ့်စိတ်ထဲမှာ အဲဒီအချိန်ကို အဆောင်နေ ကျောင်းသားဘ၀လေးရောက်နေသလိုကို ခံစားရတာ။ ရှုပ်ပွနေတဲ့အခန်းလေး ကိုပြောကြတယ် ပုဇွန်တောင် အမှိုက်ပုံကတောင် မင့်အခန်းထက်သားနားဦးမယ်လို့ ပြောကြတယ်။ စိတ်လည်းမဆိုးကြပါဘူး ပြောမနာဆိုမနာ ဆဲမနာတွေ ခုတော့ သတိရပါတယ်။

ဝန်ထမ်းဆိုတဲ့ဘ၀ကလည်း ကျရာဇတ်ရုပ်မှာ ပျော်အောင်ကရတာပဲလေ။ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားကြရင် ကိုယ့်အလှည့်ဘယ်တော့လာမလဲပေါ့ တွေးမိတိုင်း ရင်လေးမိခဲ့တယ်။ သောကြာ စနေ တိုင်းဟာ အဆောင်မှာ စုပြီးချက်ကြ ၊ပြုတ်ကြ၊ စားကြ၊ သောက်ကြ ပေါ့ တူးသွားလို့လည်း စိတ်မညစ်ဘူး အိုးထဲကခပ်တာနဲ့ ပြောင်တာပဲ။ ဘဲဥ၊ ကြက်ဥ ဆိုတာ ကိုယ်တွေစားဖို့ဖန်ဆင်းပေးထားသလား မှတ်ရတယ် မနက် ကြက်ဥ၊ နေ့လည် ဘဲဥ၊ ည ကြက်ဥ အမုန်းစားရတာ။ အဲဒီလိုစားနိုင်မှပဲ ကိုယ်ရတဲ့လစာလေးနဲ့လောက်မှာလေ။ ဘယ်ဆိုင်ဝင်ဝင် မမေးပဲလည်းမစားရဲဘူး။ သူငယ်ချင်းနှစ်ယောက်သား ဈေးမမေးပဲစားလိုက်တာ မုန့်ဟင်းခါးနဲ့ ထမင်းကြော်ကို ၁၀၅၀၀ ပေးခဲ့ရတယ်လေ။ အဲဒီထဲက မှတ်သွားတာ ဘာမေးမေးရှင်းအောင်မေးစားတဲ့ အကျင့် ခုထက်ထိကိုစွဲလို့ ဗျာ။ အဲဒီတုန်းက ရန်ကုန်မှာ ပြိုင်ကားတွေ များသလားမမေးနဲ့ တစ်ခြားပြောတာမဟုတ်ဘူး Bus ကားတွေကိုပြောတာ တစ်စီးနဲ့တစ်စီးရှောင်ရင် လက်တစ်လုံး လက်နှစ်လုံးနဲ့ စကေးတွေ ဘုရားတပြီးစီးရတယ် ရောက်ခါစက။ ခုတော့လည်း ပြန်လွမ်းမိတာပေါ့။ တစ်ခါတစ်လေ ဖုန်းတော့ဆက်မိပါတယ် မင်းတို့နေကောင်းရဲ့လား၊ အရင်လို ပလပ်ကျွတ်တုန်းလား ဘာညာပေါ့။ အမှတ်တရတွေ ပြန်တွေးရင်း အတူတူဆိုဘူးတဲ့ Cover သီချင်းလေး တင်လိုက်ပါတယ်ဗျာ။ ဖတ်ရှုပေးခြင်းအတွက် ကျေးဇူးပါ။

Author by
@htinyarsai (11:49 AM)
MSC 203

Sort:  

ကဗျာမဟုတ်ပေမယ့် အမှန်အဟုတ်
ကာရန်လေးတွေ ရှာကျန်ရေးပစ်တာ
လေစားစရာ အရေးအသားလေးတွေပါ

မနက်ကြက်ဥ နေ့လည်ဘဲဥစားတယ်ဆိုပေမယ့် အထင်တော့မသေးဝင့်ပါ တကယ်ပြောတာ

လက်တလုံးကြားမောင်း တဲ့
ဘတ်စ်ကားဟောင်း တွေစီးရဲတာ
အံ့မခန်း ချီးကျုးစရာ

မတတ်နိုင်ဘူးလေ သူတို့ပဲစီးစရာရှိတာ တစ်ခါကဆို ကိုယ့်ရှေ့ကလူ ငိုက်နေတာ ဘရိတ်လည်းအုပ်ရော ရှေ့သွားတွေ ကျွတ်ကုန်တာ တွေ့ဖူးတယ်

Big Bag လောက်တော့ သနားတယ်ကွာ so good.

ဟီး ကျေးဇူးပါဗျာ အမှားတွေ အများကြီးပဲ တီးသာတီးထားတာ