အ​မေ့​လျော့ခံ ​စေတနာ့ရှင်​များ

in #myanmar6 years ago

" ​စေတနာ​ကောင်းရင်​ ကံ​ကောင်းမယ်​ " ဒီစကား​ဟာ ကျွန်ုပ်​တို့ ပတ်​ဝန်းကျင်​မှာ အမြဲကြား​နေကြ စကား​ဖြစ်​ပါတယ်​။ ဒီစကား​လေးဟာအ​တော်​ကို မှန်​ကန်​ပါတယ်​။

ကျွန်​​တော်​ပတ်​ဝန်းကျင်​မှာ ​အောင်​မြင်​ပြီး နာမည်​ရ​နေသူအများစုဟာ ​စေတနာ​ကောင်းကြသူများဖြစ်​ပါသည်​။ သို့​ပေမယ့်​ အချို့​စေတနာ​ကောင်း​မေမယ့်​ ဘာနာမည်​မှမရ၊ ဘာ​ကျော်​​ဇော်​မှုမှမရှိဘဲ လူ​တွေရဲ့ အ​မေ့အ​လျော့ခံရင်း ​နေသွားကြသူ​တွေလည်းရှိပါတယ်​။ ဥပမာ ကျ​နော်​​တို့ငယ်​စဉ်​က ​ကျောင်းမှာ ​ကျောင်းသားေ​တွရဲ့ အမုန်းကိုခံပြီး ရို​က်​နှက်​​ပြောဆိုဆုံးမ၍ ပညာအ​မွေ​တွေ​ပေးခဲ့ရှာ​သော ဆရာ၊ဆရာမ​တွေ့​ပါ။
images (8).jpeg
ကျွန်​​တော်​တို့ ငယ်​ငယ်​တုန်းက ​ကျောင်းမှာ အဲ့ဒီ ဆရာ၊ဆရာမ အ​ပေါက်​ဆိုးတယ်​၊ အ​သေ​ဆော်​တယ်​​ဆိုတာကိုပဲ ကျ​နော်​​တို့ တတွတ်​တွတ်​​ပြောခဲ့ကြတယ်​။ အဲ့ဒီ အပြုအမှု​တွေ ​နောက်​ကွယ်​က ဆရာ၊ဆရာမ​တွေရဲ့ တပည့်​​တွေအ​ပေါ်ထားတဲ့ ​စေတနာကို ကျ​နော်​တို့ မရှာ​တွေ့ခဲ့ကြပါဘူး။ ဒီဆရာ၊ဆရာမ​တွေရဲ့​စေတနာ​တွေကို ကျ​နော်​တို့ နားမလည်​ခဲ့ကြဘူး။ တန်​ဖိုးထားရ​ကောင်းမှန်းမသိခဲ့ကြဘူး။

သူတို့၏ စစ်​မှန်​​သော ​စေတနာ​​ ​မေတ္တာ​တွေကို ကျ​နော်​တို့ အခုအချိန်​ထိ ရရှိခံစား​နေရတုန်းပါ။ ဒါ​ပေမယ့်​ သူတို့က​တော့ မထင်​မရှားဘဝ​လေးမှာပဲ ရှင်​သန်​ရပ်​တည်​သွား​​နေရရှာတယ်​။ ဘယ်​သူကမှ ဒီ​စေတနာ့ရှင်​​တွေကို ထူးထူးခြားခြား ​ကျေးဇူးပြုခဲ့တာမျိုးလည်းမရှိ​ပေ။ သူတို့်​ကလည်း ပညာ​တွေသင်​​ပေးခဲ့တဲ့ ငါတို့ကိုပြန်​ပြီး ​ကျေးဇူးဆပ်​ပါလို့​ တောင်းဆိုခဲ့တာမျိုးလည်း မရှိ​ပါ။

ဒီဆရာ၊ ဆရာမ​တွေမှာ ထူးထူးခြားခြား​အောင်​မှု​တွေမရှိ​ပေမယ့်​လည်း သူတို့်​ရဲ့ ဖြူစင်​တဲ့ ​စေတနာ​တွေ​ကြောင့်​ ဘဝကို အပူအပင်​ကင်းကင်းနဲ့ ​အေး​အေးချမ်းချမ်း​နေနိုင်​ရင်း ဖြတ်​သန်းသွားခဲ့ကြပါသည်​။ သူတို့ဟာ ​​အောင်​မြင်​တဲ့လုပ်​ငန်းရှင်​ကြီး​တွေ၊ စီးပွား​ရှေးပညာရှင်​ကြီး​တွေ မဖြစ်​ခဲ့​ပေမယ့်​ ကံ​ကောင်းခဲ့ကြသူ​တွေပါ။
old-classroom.jpg
မိမိတို့ အားလပ်​တဲ့အချိန်​​လေး​တွေမှာ ဒီဆရာ၊ဆရာမ​တွေနဲ့ သွား​တွေ့သင့်​ပါတယ်​။ သူတို့်​နဲ့ အဆက်​အသွယ်အ​မြဲထားပါ။ သက်​ကြီးရွယ်​ကြီး​တွေဟာ ပစ္စည်းဥစ္စာေ​ရွှ​ငွေတွေထက် သူတို့နဲ့ စကား​​တွေေ​ဖာင်​ဖွဲ့ပြီး​ပြောတဲ့ စကား​ပြော​ဖော်​ကို ပိုပြီးလိုလားကြပါတယ်​။ ဒါ​ကြောင့်​ ​သူတို့အတွက်​ ဘာမှ လုပ်မ​ပေးနိုင်​ရင်​​တောင်​ သူတို့အနားမှာထိုင်ပါ။ ငယ်​စဉ်​က စာသင်​ခန်းထဲက​ပုံ​ရိပ်​တွေ အ​ပြစ်​​ပေးခဲ့ပုံ​တွေ အ​ကြောင်း ပြန်​​ပြောပြပါ။ ​နောက်​ပြီး သူတို့ဟာ သူတို့်​ရဲ့လိုအပ်​ချက်​​တွေ ဘာလုပ်​ချင်​ ဘာစားချင်​တယ်​ဆိုတာကို ဖွင့်​​ပြောခဲပါတယ်​။ ဒါ​ကြောင့်​ မိဘ၊ဆရာသမား၊ သက်​ကြီးရွယ်​အို​တွေဆီသွားရင်​ သူတို့လိုအပ်​မယ်​ထင်​တဲ့ အသုံးအ​ဆောင်​ပစ္စည်း​တွေ၊ သင့်တော်​မယ်​ အစားအ​သောက်​​တွေ ဝယ်​ခြမ်းသွားပါ​လေ။

မိတ်​​ဆွေတို့လည်း "အ​မေ့​လျော့ခံ ​စေတနာရှင်​များကို" အ​ကောင်းဆုံး ​ကျေးဇူးပြုနိုင်​ကြပါ​စေ......ဗျာ။

Author By Jhon
MSC-046
Photo Source

Sort:  

ဟုတ်တယ် ဦးဇင်းတို့ ငဟ်ငဟ်က လက်ရေးမလှလို့  လက်ခေါက်ကိုရိုက်တဲ့ဆရာမ သေအောင်မုန်းခဲ့တယ် ဒါပေမဲ့ ခုချိန်မှာ လက်ရေးဝိုင်းလို့  သူများထက်အမှတ်ပိုသာနေတဲ့အခါ အဲ့ဆရာမကို သတိရမိတယ် ရွာပြန်တိုင်း သွားတွေ့ဖြစ်အောင်ကြိုးစားတော့မယ်ကွယ်

ဟုတ်​ကဲ့ ဦးဇင်း

နာသုံးနာနဲ့ အစဉ်တည်ထားရတဲ့ ဆရာ ဆရာမတွေကို အစဉ်ဦးထိပ်ထားမိပါတယ်.... သူတို့အရောင်တောက်ဖို့ထက် တပည့်တွေ အရောင်တောက်ဖို့ကို အမြဲတွေးတောနေတာ ဆရာဆရာမများပါပဲ ဗျာ

ဟုတ်

ဆရာ၊ဆရာမ​တွေ အမြဲသတိရတယ်​ တတ်​နိုင်​တဲ့ဘက်​က ကူညီမယ်​လို့ စိတ်​ကူးထားတယ်

ကျေးဇူးမမေ့ပါဘူးရှင်

ဟုတ်

အလုပ်ကောင်းရင် ကံကောင်းမယ်...

ဟုတ်​အကို

ကျမတို့ ငယ်ငယ်တုန်းက ဆရာမကြီးရဲ့ စေတနာကို အမြဲပြန်တွေးမိပြီး အခုမှ တစိမ့်စိမ့်ကျေးဇူးတင်မိတယ်

ဟုတ်​အမ

သိပ်‌‌ကောင်းတဲ့ အသိ‌ပေးချက်‌‌လေးပါ။

ဟုတ်​အကို

ဒီခေတ်ထဲ ဆရာဆိုတာရှားပါးပစ္စည်းဆိုပဲဗျ

ဆရာ​ကောင်းသမား​ကောင်း​တွေလည်းရှိပါ​သေးတယ်​ ဒါ​ပေမယ့်​ အ​တော်​ရှားသွားပါပြီ

ကျေးဇူးပါအ ကြံပေးတဲ့အတွက်

ဟုတ်​ရပါတယ်​ဗျ

ဒီပို့စ်လေးဖတ်ပြီး လက်ဦးဆရာတွေကို လွမ်းလိုက်တာဗျာ။

ဆရာ​တွေအတွက်​ အတတ်​နိုင်​ဆုံး ကူညီနိုင်​တာ​လေး​တွေ ကူညီ​ပေးပါ။

ခုခေတ်မှာတော့ သားသမီးတွေမကောင်းရင် မိဘတွေရဲ့အပြစ်ပဲဗျ။ သူတို့သားသမီးကို ဆရာတွေက ရိုက်လို့ဆိုပြီး ကျောင်းမှာ လာပြီးအပြစ်တင်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံဖူးတယ်။သိပ်တောင်မကြာလှသေးဘူး။
အမေ့လျှော့ခံ ကျေးဇူးရှင်ဆရာများကိုရည်မှန်းပြီး ညစဉ်တိုင်းရှိခိုးကန်တော့ဖြစ်ပါတယ်။
ကိုယ်မတက်ကျွမ်းခဲ့တာကတော့ ကိုယ့်ရဲ့ကြိုးစားမှုလုံ့လ အားနည်းခဲ့လို့ပါပဲ။

ဟုတ်အရမ်း​ကောင်းတယ်​​ကိုမိုး​ဇော်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61467.71
ETH 3435.85
USDT 1.00
SBD 2.51