အလှူခံ ( Henry Aung )
မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် steemit platform နှင့်ပါတ်သက်၍ social media ၏ အသုံးဝင်ပုံများအား တွေတောရင်း ဤ ဆောင်းပါး ရေးသားရန် စိတ်ကူးဝင်လာရပါသည်။ အခြားမဟုတ်ပါ ။ Facebook ၏ အသုံဝင်ပုံ အများအပြားရှိရာတွင် အလွန်အကျိုးများသော အရာတခုမှာ အလှူခံရာတွင်ဖြစ်ပါသည်။
ဒုက္ခရောက်နေကြသည့် post များတင်၍ အလှူခံကြရာတွင် ကမ္ဘ္ဘ္ဘာအရပ်ရပ်မှ သိကြရ၍ နည်းများမဆို ပါဝင်လှူဒါန်း နိုင်ကြသလို ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း on line ပရဟိတ အသင်း အများအပြား Facebook အသုံးပြု၍ အလှူခံနေကြသည်ကို တွေ့မြင်ရနိုင်ပါသည်။
အချို့ကလည်း ပရဟိတ အမည်ခံ၍ အလှူခံ စားနေကြသလို အချို့ကလည်း တကယ်ပင် အရေးကြီးနေသော နေရာများ အတိဒုက္ခ ရောက်နေကြသူများအား ထိထိ ရောက်ရောက်ကူညီနေကြသည် များလည်း ရှိပါသည်။ ဤ ဆောင်းပါးမှာ အလှူခံကြသူများ အကြောင်း အကောင်း အဆိုး ဖေါ်ပြရန် မဟုတ်သော်လည်း ထိုအလှူခံများနှင့် ပါတ်သက်၍ စင်္ကပူ တွင် ကျွန်တော် ကြုံတွေ့ရသော ထူးဆန်းသော အလှူခံတခုကို ဖေါ်ပြလိုရင်း ဖြစ်ပါသည်။
ကျွန်တော်တို့ မြန်မာ ပြည်တွင်တော့ အလှူခံ ဖလားတလုံးရှိလျင် လိုက်လံ အလှူခံ၍ ရပါပြီ။ လမ်းတံတား ပြုပြင်ရန် ၊ ဘုရား ရွှေသင်္ကန်းကပ်ရန် ၊ ဘုံကထိန်ခင်းရန် ၊ ရေဘေး ၊ စစ်ဘေး ၊ လေဘေး ဒုက္ခသည်များအား ကူညီရန် စသည် စသည်တို့ သော အကြောင်းပြချက် တခု ပေးနိုင်ရန်သာလိုပါသည်။ ဆိုခဲ့သည့် အတိုင်း စင်္ကပူ တွင် ကျွန်တော် ကြုံခဲ့ရသော အလှူခံမှာ ကျောင်းသား/ သူ ၈ ယောက်ခန့် ရှိသော အဖွဲ့တဖွဲ့၏ အလှူခံဖြစ်ပါသည်။
တခုသော တနင်္ဂနွေနေ့ ကျွန်တော် တယောက်တည်း အိမ်တွင် ရှိနေစဉ် ထို ကျောင်းသား ကျောင်းသူ များ ရောက်လာ၍ အလှူခံပါသည်။ အသက်အရွယ်အား ဖြင့် အလွန်ဆုံး ၁၀ နှစ်မှ ၁၂ ခန့် ရှိပြီဖြစ်သော ခလေးများ ဖြစ်၍ အားလုံးတူညီ သော ကျောင်းဝတ်စုံများ ဝတ်ထားကြပါသည်။
အလှူ မခံမှီ ခေါင်းဆောင် ဖြစ်ဟန်တူသော ခလေးမလေးမှ အလှူခံရသော အကြောင်း အရင်းအား ကျွန်တော့အားအရင်ရှင်းပြပါသည်။ သူ့တို့ ကျောင်းသားကဒ်များ ထုတ်ပြ၍ မည်သည့်ကျောင်းမှ ကျောင်းသူကျောင်းသားများ ဖြစ်ကြောင်း နှင့် အလှူခံရသော အကြောင်းအရင်းမှာ သူတို့ အတန်းထဲမှ ကျောင်းသူလေးတယောက် အားကစားလုပ်ရင်း လက်ကျိုးသွားသဖြင့် သူတို့ အနေဖြင့်လည်း ထိုလက်ကျိုးသွားသော အတန်းဖေါ် ၏ ဆေးရုံစရိတ်ကာမိနိုင် စေရန် ဤသို့ အလှူခံထွက်ကြကြောင်းရှင်းပြပါသည်။
ထို့နောက်ဆက်၍ ရှင်းပြသည်မှာ သူတို့ အဖွဲ့တွင် မိန်းခလေးများက မီးပူ တိုက်တတ်ကြောင်း ၊ ယောက်ကျားလေးများက ဖုန်သုတ် ၊ ကြမ်းတိုက် လုပ်နိုင်ပါကြောင်းနှင့် ကျွန်တော်အိမ် သန့်ရှင်းရေးများ ဝိုင်းကူလုပ်ပေးကြမည် ဖြစ်ကြောင်း ၊ မီးပူ တိုက်စရာရှိသည်များအား လည်း မီးပူ တိုက်ပေးနိုင်ကြောင်း ပြောပြပါသည်။
သူတို့၏ လုပ်အားခ အနေဖြင့် မိမိ စေတနာ ထားသလောက် အလှူငွေ ထည့်နိုင်ကြောင်း ရှင်းပြပါတော့သည်။ ကျွန်တော်လည်း အံ့သြသွား၍ ကျွန်တော့ အိမ်တွင် သူတို့ အတွက် ခိုင်းစရာတော့ မရှိကြောင်း အချိန်ပေးနိုင်လျင်တော့ ကျွန်တော်နှင့် ၁၅ မိနစ်ခန့် ထိုင်စကား ပြောပေးနိုင်လျင် အလှူငွေ ထည့်ပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါသည်။
အမှန်ပြောရလျင် ကျွန်တော် အလှူငွေထည့်၍ သူတို့အား လွတ်လိုက်လျင်ရပါသည်။ သို့သော် သူတို့ ၏ အလှူခံ နည်းများကို သိချင်၍ စပ်စု လိုသောကြောင့် ကျွန်တော်နှင့် ထိုင်စကား ပြောခိုင်းရခြင်း ဖြစ်ပါသည်။ ကျွန်တော်လည်း ဤနည်း ဖြင့် ဘယ်နှစ်အိမ်ခန့် အလှူခံခဲ့ပြီ ဖြစ်ကြောင်း မေးသောအခါ အိမ်တော်တော်များများ အလှူခံခဲ့ ကြောင်းနှင့် အချို့ အိမ်များကတော့ အလုပ်ပေးမလုပ်ပဲ ဒီအတိုင်း အလှူငွေသာ ထည့်လိုက်ကြောင်း ၊ အချို့အိမ်ကတော့ တကယ်ပင် မီးပူတိုက် ၊ ကြမ်းတိုက် ၊ အိမ်သာ ဆေးပေးခဲ့ရကြောင်း တယောက်တပေါက်နှင့် ကျွန်တော့အား ရှင်းပြပါသည်။
အဘိုးကြီး နှင့် အဘွားကြီး နှစ်ယောက်တည်းသာ ရှိသော အိမ်တအိမ်တွင်တော့ သူတို့အားစားစရာများ ထုတ်ကျွေး ၍ အလုပ်မပေးပဲ တယောက်တမျိုးစီ သီချင်းဆို၍ က ခိုင်းကြောင်း ပြောပြပါသည်။ ထို့ နောက် သူတို့ အချင်း ချင်း သီချင်း ဆို ကိုရို့ကားယား ကခဲ့ကြပုံများအား တယောက်တပေါက်ပြောပြီး တဝါးဝါး တဟားဟားနှင့် သဘောကျနေကြပါတော့သည်။
ကျွန်တော့ အနေဖြင့် ထို ကျောင်းသား / သူ များအား ကြည့်ရသည်မှာ မည်သူမျှ မောပန်းနေဟန် မရှိပါ။ အားလုံး တက်ကြွလန်းဆန်းနေ၍ ဆေးရုံတက်နေသော သူတို့ သူငယ်ချင်း အတွက် အားကြိုးမန်တက် အလှူငွေရှာ ဖွေနေကြသည်ကို ကြည့်၍ အလွန်အားရမိပါသည်။
ထို့ နောက် ကျွန်တော်လည်း အဖွဲ့ ဘယ်နှစ်ဖွဲ့ ခွဲ၍ အလှူခံကြကြောင်း မေးသောအခါ အဖွဲ့ ၃ ဖွဲ့ ရှိကြောင်း နှင့် သူတို့ အဖွဲ့ ကတော့ အိမ်များတွင် လိုက်၍ သန့်ရှင်းရေး လုပ်ပေးကာ အလှူခံ ကြကြောင်း ၊ အခြား အဖွဲ့က ဘုရားကျောင်း ( church ) တွင် ကားရေဆေးပေး၍ အလှူခံ နေကြ ကြောင်း နှင့် နောက်တဖွဲ့ကတော့ အခြား ရပ်ကွက်တွင် သူတို့ကဲ့သို့ပင် အိမ်တကာ သန့်ရှင်းရေးလုပ်၍ အလှူခံ နေကြကြောင်း ရှင်းပြပါသည်။
ထို့ နောက် ခေါင်းဆောင် ဖြစ်သော ခလေးမလေးက သူတို့ ယခုကဲ့သို့ အလှူခံထွက်ခြင်းမှာ ခွင့်ပြုချက် ရ၍ ဖြစ် ကြောင်း မယုံလျင် သူတို့ အတန်းပိုင် ဆရာမထံသို့ ဖုန်းဆက်၍ မေးမြန်နိုင်ကြောင်းပြော၍ အတန်းပိုင်ဆရာမ၏ လိပ်စာ ကဒ်ထုတ်ပေးပါသည်။ ကျွန်တော်လည်း အလှူငွေ ဒေါ်လာ ၅၀ ထုတ်ပေးသောအခါ ခေါင်းဆောင် ဖြစ်သော ခလေးမလေးမှ I pad ထုတ်ပေး၍ ကျွန်တော့ အိမ် အမှတ် ၊ ကျွန်တော့ နာမည် နှင့် အလှူငွေ ရေးသွင်း ပြီး ဖုန်းနာပါတ်နှင့် တကွ ရေးသွင်းပြီး done ဟူသော နေရာလေးအား နိပ်လိုက်သော အခါ ကျွန်တော့ အလှူ ငွေစာရင်းမှာ သူတို့ သတ်မှတ်ထားသော ဇယားကွက် အတွင်းသို့ ရောက်ရှိသွား၍ ပြန်ဖျက်ရန် မဖြစ်နိုင်တော့ပါ။
ထို့ နောက် ထို ကျောင်းသား ကျောင်းသူလေးများက ကျွန်တော့ အား ကျေးဇူးတင် ကြောင်းနှင့် အကြိမ် ကြိမ် ဦးညွတ်၍ ထွက်သွားကြပါတော့သည်။ ထို့ နောက် ဆက်လက်၍ အလှူခံရန် အခြားတိုက်ခန်း တခုသို့ ဝင်ရောက်သွားကြပါတော့သည်။ ဤ အလှူခံနှင့် ပါတ်သက်၍ ကျွန်တော် တွေးမိသော အတွေးမှာ စင်္ကပူ နိုင်ငံအစိုးရသည် ခလေးငယ်များအား အလကား ပိုက်ဆံ မယူတတ်စေရန် နှင့် ရရှိလာသော ပိုက်ဆံများအားလည်း အလွဲ သုံးစား မလုပ်တတ်စေရန် စနစ်တကျ လေ့ကျင့် ပေးနေကြကြောင်း တွေးမိပါတော့သည်။
ထို့ အပြင် ခလေးများအား public relationship ဟုခေါ်သော လူမှုဆက်ဆံရေးကောင်းမွန် စေရန် ငယ်ငယ်ကတည်းကပြုစု ပျိုးထောင်ပေးထားသဖြင့် ထိုခလေးငယ်များ အချိန်တန် အရွယ်ရောက်၍ လုပ်ငန်းခွင် ဝင်ရလျင် လူမှုဆက်ဆံရေး ကောင်းကြသူများ ဖြစ်ကြမည်မှာ မလွဲပါ။
တဆက်တည်း တွေးမိသည်မှာ မြန်မာပြည်ရှိ အလှူခံနည်းများ အကြောင်း ဖြစ်ပါသည်။ ဖလားတလုံးတွင် ကျောက်စရစ်ခဲ အသေးလေးများထည့်၍ ဂျလောက် ဂျလောက်နှင့် အော်ဟစ် အလှူခံ နေကြသူများ ၊ အသံချဲ့စက်ဖြင့် အလှူခံနေကြသူများ၊ လမ်းသွားလမ်းလာများ အား အေးဓမြ တိုက်သကဲ့သို့ အတင်းကာရော အလှူခံ နေကြသူများ စသည်စသည် ဖြင့် ကျွန်တော့ အတွေးကို ရှည်စေပါတော့သည်။
ကျွန်တော်လည်း MSC မှ အဖွဲ့ဝင်များ ဖြင့် MSC တူညီ ဝတ်စုံများ ဝတ်ပြီး ထိုကျောင်းသူ ကျောင်းသားများကဲ့သို့ အလှူခံ ထွက်ရလျင် ကောင်းပါမည်လောဟု စဉ်းစားလိုက်သောအခါ အလှူခံထွက်ရန် Budget မလောက်သေးကြောင်း သတိရမိပါတော့သည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001






မြန်မာ့ အလှူခံ အချို့ကိုတော့ ပြောမပြချင်စဖွယ်ပါပဲ...
အချို့က လုပ်စား...အချို့က နေ့စားလိုက်...
နိုင်ငံခြားမှာတော့ ဆုတောင်းစားတောင် ဖျော်ဖြေရေးလေးဖြင့် တောင်းစားကြတာ ဆိုတော့ကာ...
MSC အလှူခံထွက်ဖို့ ဘက်ဂျက် မလောက်သည်မှာ ဘီယာဖိုးလား😁😁😁
Posted using Partiko Android
အေးပါဆို ။ MSC ကလူငယ် တွေကလည်း ရေက ဆာတတ်ပါသဘိနဲ့။ Budget မလောက်သေးဘူး။
သူငယ်ချင်းအပေါ်ကူညီချင်သည့်စိတ်လေးတွေကတော့ လေးစားစရာပါ
အတုယူဖို့လည်း ကောင်းပါတယ်။ စလုံးက ကလေးတွေ တော်ကြပါတယ်။
စင်္ကပူက လူငယ်တွေကတော့ အကျင့်ကောင်းလေးတွေ ရလို့ မြန်မာလူငယ်တွေကတော့ မူးယစ်ရိုင်းပြလို့ ကွာပနော်
Posted using Partiko Android
မြန်မာပြည် ကျောင်းသားတွေရဲ့ မူးယစ်ဆေး ပြသနာကတော့ မြန်မာပြည် အနာဂါတ်အတွက် အများကြီး ရင်လေးစရာပါ။
MSC အဖွဲ့ဝင်များ အတွက် steem အလှူခံပါတယ်ခင်ဗျာ။ ပို့စ်ရေးပေးပါ့မယ်၊မန့်ပေး၊vote ပေးပါ့မယ်၊စီးပွားရေးအခြေအနေအရ ပို့စ်ဆက်ရေးဖို့စ် အခက်အခဲရှိသူများအတွက်ပါခင်ဗျာ ၊နည်းများမဆို steem 1000,10000 စိတ်ရှိသလို့ပေးလှူကြပါခင်ဗျာ
Posted using Partiko Android
ဟုတ်ကဲ့ ။ လူကြီးတွေ ပြန်မလာကြသေးလို့ပါ။
တော်တန်ယုံ မလှူချင်တော့ဘူး leader သေချကြည့်ပီး သေချာမှ လှူချင်မိတော့တယ်
အလှူခံများလာခြင်းနဲ့ အလှူခံစားသူ တွေ များလာတော့လည်း စေတနာပျက်လာတာပေါ့။
တူညီ ဝတ်စုံဝတ်ပြီး steemit ဂုရုကြီးတွေဆီ steem အလှူခံ ထွက်ရအောင်ဗျာ။
Tgi မှာရှိတဲ့ SAG english စာသင်ကျောင်းမှာတော့ ခု ကိုဟင်ပြောတဲ့ ကလေးတွေလိုပဲ မကြာမကြာ ကားရေဆေးပြီး အလှူခံကြတယ်။ စစ်ဘေးရှောင် ပြည်သူတွေ အတွက်။
ကျွန်တော်တို့ MSC လည်း curie ဆီကနေ vote အလှူခံ ပြီး အသက်ဆက်နေရတာ။ Steem ထပ်အလှူခံ ရင် ရိုက်လွတ်လိမ့်မယ်။
ရမလားလို့ပါ
😁
တခုကို အလှူခံချင်ပေမယ့် တခုကိုပြန်ပေးချင်တဲ့စိတ်ဟာ မွန်မြတ်ပါပေတယ်ခမျာ
အစ်ကိုလည်း အလှူ ခံပုံ နဲ့ စိတ်ဓါတ် လေး တွေကို ဖေါ်ပြလိုရင်းပါ
မြန်မာပြည်အတွက်အလှူခံယဉ်ကျေးမှုတစ်ခု ကို MSC အဖွဲ့ဝင်များနဲ့ပြောင်းလဲဖို့ကျိုးစားကြည့်ချင်သပေါ့လေ။
ဟုတ်ကဲ့ဆရာ.... လောလောဆယ် အလှူခံထွက်ဖို့ Budget အရင် ရှာရမလို ဖြစ်နေလို့
ကောင်းပါလေ့ ခွယ်( ဘယ်သူ့စတိုင်မန်း မမှတ်မိတော့ )
ပိုပြီးကောင်းတယ် အလှူခံရင်း လုပ်အား ဒါနရော ပိုသွားတာပေါ့ ။ အလှူခံပြီး ရင် ခံထားတဲ့ဟာကို အကျိုးရှိအောင် ပြန်လည် လုပ်ဆောင် ကြတာကလည်း အလုပ်ပါဝင်ပါတယ် ။
အများ အကျိုးအတွက် အလှူခံ ပုံ ၊ အလှူငွေရရှိပုံ ကို အသာပေး ဖေါ်ပြလိုရင်းပါ ။
သူတို့နိုင်ငံ က စနစ်ကိုက ကောင်းနေတာဗျာ နော် အစ်ကိုကြီး။ ကောင်းတာကို share ပြီး မကောင်းတာပယ် ရမှာ ကျနော်တို့ တာဝန်ပေါ့ဗျာ။ အကြံတူတော့ နောက်လူသာအောင် ကြိုးစားဖို့ပဲ လိုတော့တယ်။ ဒီလို အတွေ့အကြုံကောင်းတွေက ကျနော်တို့ နိုင်ငံအတွက် အဖိုးတန်ပါတယ်ဗျ။ 👍
Posted using Partiko Android
အမှန်ပဲ ညီလေးရေ... စနစ် ... စည်းကမ်း